[ Zawgyi ]
----------------" အန်ကယ်လ်ဇွဲနဲ့အဆင်ပြေတယ်မလား နွေဦး "
မြန်မာသံဝဲဝဲလေးနဲ့လှမ်းမေးနေသော မယ်ရီကို video call ကနေတဆင့်ပြုံးရင်း ခေါင်းညိတ်ပြလိုက်၏ ။
အန်တီရိုစီနဲ့မယ်ရီက နိုင်ငံခြားသူတွေဆိုပေမဲ့ မြန်မာစကားကိုတော်တော်လေးလည်လည်ဝယ်ဝယ်ပြောတတ်တယ်လေ ။ US မှာရှိတုန်းက အိမ်မှာဆိုမြန်မာလိုပဲပြောဖြစ်တာများတာမို့ ယခုလည်း မယ်ရီနဲ့ကျွန်တော် video call ခေါ်ကြတော့ မြန်မာလိုသာပြောနေခြင်းပင် ။
" ဒီမှာ bakery & coffee traning class တစ်ခုတက်နေတာ မယ်ရီ … ဖေဖေကတော့ သူ့company ကိုနောက်ဆိုဦးစီးရမှာဆိုပြီး အလုပ်သဘောတွေနားလည်အောင် တစ်ပတ်ကို ၃ ၄ ရက်တော့လာခိုင်းတတ်တယ် … နင်သိပါတယ် ငါကအဲ့ဒါတွေမှစိတ်မဝင်စားတာ … ဒါကြောင့် ဒီမှာငါဝါသနာပါတဲ့coffee ဆိုင်လေးဖွင့်မလို့လေ … ဖေဖေကအစကလက်မခံချင်ပေမဲ့ နောက်ဆုံးတော့လည်းသဘောတူပေးတာပါပဲ … အဲ့အတွက် ငါလည်းဖေဖေစိတ်ချမ်းသာအောင် company ကိုတစ်ပတ်မှာ ၃ ရက်လောက်တော့သွားပေးဖြစ်တယ် … ဦးကငါ့ကိုတစ်ခါတစ်လေ bakery class ကိုလိုက်လာပြီးကြိုပို့လုပ်ပေးပါတယ် ဟီး "
" ပျော်နေတာပေါ့လေ … အင်းပါ နင်တို့အဆင်ပြေတယ်ဆိုရင်ပြီးတာပါပဲ … ဒါနဲ့ အန်ကယ်လ်ဇွဲနဲ့နင့်ရဲ့ကိစ္စကို နင့် daddy နဲ့mommy သိသွားပြီလား "
" ဟင့်အင်း ! ဘယ်ပေးသိလို့ဖြစ်မလဲ မယ်ရီရဲ့ … ဒီမှာက US ကလိုမှမဟုတ်တာ နင်လည်းသိပါတယ် … ဦးကငါ့ကိုကြိုပို့လုပ်ပေးတာတောင် အိမ်ကိုပေးမသိထားတော့ အိမ်ထိလာခေါ်တာမဟုတ်ဘူး … ငါချိန်းထားတဲ့ဆီကိုပဲရောက်လာ ငါပို့ခိုင်းတဲ့နေရာထိပဲပို့ပေးတာ … အဲ့လိုပဲ ဦးနဲ့ငါကတွေ့ဖြစ်နေတာလေ … နောက်ပြီး ဦးကိုငါ့မိဘတွေအကြောင်း အများကြီးမပြောပြထားဘူး … ငါတို့ ၂ ယောက်ရဲ့ RS သက်တမ်းကနည်းပါသေးတယ် … သူနဲ့ငါ ခုလိုလေးပဲပျော်ပျော်ရွှင်ရွှင်နေချင်သေးတာ … ဖေဖေနဲ့မေမေကိုလည်း ခုချက်ချင်းငါတို့အကြောင်းတွေပြောပြဖို့ဆိုတာ ငါ့အတွက်တော့ခက်လွန်းတယ်ဟ … ဖေဖေတို့က ငါတို့၂ ယောက်ကိုသဘောမတူဘူးဆိုရင် ငါဘယ်လိုလုပ်ရမလဲသိမှာမဟုတ်ဘူး "
YOU ARE READING
My Friend Is My Father In Law ( Complete ) [ ZG & Uni ]
Romance[ Zawgyi ] ---------------- အချစ်နဲ့မတွေ့သေးလို့ စိတ်ညစ်မနေပါနဲ့ ကိုယ့်သူငယ်ချင်းရဲ့သားကလည်း ကိုယ့်ရဲ့ဖူးစာရှင် ဖြစ်လာနိုင်ပါသေးတယ် ... [ Unicode ] ------------------ အချစ်နဲ့မတွေ့သေးလို့ စိတ်ညစ်မနေပါနဲ့ ကိုယ့်သူငယ်ချင်းရဲ့သားကလည်း ကိုယ့်ရဲ့ဖူးစာရှင...