ငါမင်းကို မုန်းတယ် Jimin ။ အခုအချိန်မှာ ခံစားချက်တွေ ရောထွေးနေပေမယ့် မင်းကိုမုန်းတာတော့ သိနေသေးတယ်။ ငါအခုသေရင် မင်းလက်ထဲမှာ သေရမှာမို့ ငါမသေနိုင်သေးဘူး။ရှိသမျှ အင်အားလေးနဲ့ထတော့ ခြေထောက်တွေက ကျဉ် ခဲနေပြီ။ အစေခံကောင်မလေး တချို့ကိုလှမ်းအော်ပြီး အကူအညီ တောင်းတော့ Jimin ဝင်လာသည်။
"ထွက်သွား မင်းမျက်နှာကို မမြင်ချင်ဘူး"
"ငါလဲမင်းကို ကြည့်ချင်နေတယ် ထင်လို့လား မင်းရဲ့အ ဝတ်မပါတဲ့ ကိုယ်ကိုဘယ်သူ့မှ မမြင်စေချင်ဘူး"
ပြောပြောဆိုဆိုနဲ့ လူကိုမချီပြီး သူ့အိပ်ရာပေါ်တင်ပေး သည်။
ပေါင်ကနေ စီးကျနေတဲ့သွေး...။ သူ့ကိုထိခိုက်ဖို့ မရည် ရွယ်ပေမယ့် ဒီလောက်တောင် လိုလေးသေးမရှိ ပြည့်စုံအောင် ထားနေပါရဲ့ ထွက်ပြေးလို့ ဒေါသထွက်ရခြင်း။ သူ့ခန္ဓာကိုယ်ကို
သန့်ရှင်းပေးတော့ မျက်နှာကိုတဆုံးထိ လွှဲထားပြီး အံကြိတ်ထားသည်။ အကျႌဝတ်ပေးလိုက်ပြီး ကျနော့်အခန်းထဲ မှာပဲ ဆေးတိုက်ပြီး သိပ်ပေးလိုက်တော့ ထားတဲ့အတိုင်းလေး အိပ်ပျော်သွားသည်။အိပ်ရာပေါ် အသာတက်ပြီး သူ့မျက်နှာကို ကြည့်တော့ ချစ်ရပါသော Taehyung... ကျနော့် ချစ်သူTaehyung...။ ဆံပင် လေးတွေကို ပွတ်သပ်လိုက်ပြီး လက်ဖမိုးလေးကို အနမ်းပေးမိ သည်။
ထွက်ပြေးဖို့ လုပ်ရင်လဲ အလကားပဲဆိုတာကို ဘာလို့ အခုထိ သဘောမပေါက်သေးတာလဲ။ ငါအုပ်ချုပ်နေတဲ့ နိုင်ငံမှာ ငါ့ဆီက ထွက်ပြေးလို့ရတယ်လို့ မင်းကိုဘယ်ဟာက ယုံကြည်မှု့ တွေ ရှိစေတာလဲ..။
နောက်တခါဆိုတာ မရှိတော့ဘူး Taehyung ။ မင်း ပြေးလေလေ ငါက ပိုလိုက်လေလေပဲ။ Taehyung နဲ့ပထမ ဆုံးညက ကျနော်စိတ်ကူးယဉ်ခဲ့သလို နူးညံမနေခဲ့ဘူး။
ငါ့ကိုဒီအတိုင်း လက်ခံပေးလိုက်လို့ မရဘူးလား။ မင်းကို နာကျင်အောင် လုပ်ရတာကို မုန်းနေပြီ။
***
ဘုရင့်နန်းတက်ပွဲအပြီး တိုင်းခန်းလှည့်လည် ကြမှာဆို တော့ Kim ကို အဝေးကတော့ မြင်ရမည် မဟုတ်လား။ Kim ကောင်းကောင်း မွန်မွန်ရှိနေလား ကြည့်ရမည်လေ။