Part 2

13.8K 1.5K 44
                                    

Ph ကိုကြည့်မိတော့လဲ Noti တစ်ခုမှမရှိ။ message လေးတစ်စောင်တောင် ပို့ပေးမထားတာ ဘယ်လိုများနေနိုင်ရ တာလဲ။

စာကြည့်တိုက်ထဲ ငေးမောနေမိကာ စာထဲလဲစိတ်မပါ အင်တာနက်ပေါ်မှ သူ့အကြောင်း Scandal တွေကလည်း ကောင်းတာတစ်ခုမရှိ။

အဆိုးဆုံးက စေ့စပ်ထားတဲ့ မိန်းကလေးရှိတယ်။ ဒါဆို ငါ့အနားကို ဘာလို့ရောက်လာတာလဲ။ မင်းအပြစ်လုံးလုံးတော့ မဟုတ်ပါဘူး။ မင်းအကြောင်းတွေကို စုံစမ်းဖို့ မလုပ်ခဲ့တဲ့ ငါ့အပြစ် ပါ။ အချစ်မှာ အချစ်တစ်ခုပဲ လိုအပ်တယ်လို့ ရူးရူးနှမ်းနှမ်း တွေးခဲ့ မိတယ်။

စာကြည့်တိုက်ထဲက စောစောထွက်လာတော့ ဟိုဘက် လမ်းကနေ မြင်နေရတဲ့ ဆေးလိပ်မီးတစ်ပွင့်နဲ့ အမည်းရောင် ၀တ်ထား တဲ့ Jimin။

မမြင်ချင်ယောင်ဆောင်ပြီး လျှောက်သွားတော့ တစ်ဖက် လမ်းကနေ ဆေးလိပ်ဖွာရင်း လိုက်လာတသည်။ Ph ထဲကို message ဝင်လာသည်။

' Heaven Cafe ကိုအခုလာ'

အမိန့်ဆန်ဆန် စာတစ်စောင်။ မင်းသားလေးဆိုတော့ အမိန့်စာ? အေးလေ စကားတော့ပြောရမယ် မဟုတ်လား။ မိုးအတော်ချုပ်နေခဲ့ပြီး လမ်းထောင့်မှာရှိနေတဲ့ Café လေးမို့ လူမရှိ။

ထောင့်ဆုံးကဝိုင်းမှာ ကပ်ထိုင်နေတဲ့ မင်းသားလေး။ သူ့မျက်နှာချင်းဆိုင်ကို ဝင်ထိုင်လိုက်တော့

"မနက်ကလန့်သွားတယ် မဟုတ်လား"

"...."
"ငါမင်းကို မပြောပြချင်ခဲ့သလို မသိစေချင်ခဲ့ဘူး ငါတို့ရဲ့ ပက်သက်မူ့လေးကို ဒီအတိုင်းလေး ထိန်းထားချင်ခဲ့တာ"

"ညအချိန်မှ ရောက်လာပြီး အမည်းရောင် အမြဲဝတ်ထား တာ ဦးထုပ်မချွတ်တဲ့မင်းက လူမြင်မခံနိုင်လို့တဲ့လား ငါကမင်း အတွက် တိတ်တိတ်ပုန်း ဆက်ဆံရေးတစ်ခုပေါ့ ငါပြောချင်တာ မင်းကို တရားဝင်တွဲခိုင်းတာမျိုး မဟုတ်ဘူး ငါတောင်မသိလိုက် ပဲ ငါကတစ်စုံတစ်ယောက်ရဲ့ အငယ်အနှောင်း ဖြစ်သွားတာက မလွန်လွန်းဘူးလား"

"အငယ်အနှောင်း?"

"စေ့စပ်ထားတဲ့ မိန်းကလေးရှိတယ်ဆို.."

Love in Budapestحيث تعيش القصص. اكتشف الآن