တချို့ကိစ္စတွေက ရေစက်ကံတရား ကံကြမ္မာဖြစ်တယ်။ ငယ်ငယ်က ညစျေးတန်းမှာ လျှောက်နေတဲ့ ကျနော့်ကို Tarot ဗေဒင်ဆရာမကြီးက လှမ်းအော်ပြောတာကို သတိရမိတယ်။
'ဘုရင်တစ်ပါးရဲ့ ချစ်ခင်နှစ်သက်ခြင်းကို အလူးအလဲ ခံရမည်တဲ့'
ဘယ်လိုတောင် ကြောင်စီစီကြီးလဲလို့ တွေးမိနေသေး တာ။ ရုပ်ရှင်ရုံကို မသွားခဲ့မိရင် အခုငါက ဘယ်လိုများနေနေမလဲ။ ရုပ်ရှင်ရုံတွေကို အပြစ်ပုံချပြီး မုန်းတီးခဲ့သေးတာ..။
တကယ်က ရုပ်ရှင်ရုံကိုမရောက်ခဲ့ရင်တောင် Jimin လက်ကလွတ်နိုင်ပါ့မလား...။ အချိန်တွေ နောက်ပြန်လှည့်လို့ ရခဲ့ရင် တောင်အဲ့ဒီအချိန် အဲ့ဒီနေ့မှာ ငါက Jimin နဲ့ Date ဖြစ်နေ မှာပဲလား။ ဒါ့ကြောင့် တချို့သောကိစ္စတွေက လက်ခံပေးရုံက လွှဲပြီး မတတ်နိုင်ဘူး။
Jimin သာခေါ်မလာခဲ့ရင် Budapest ကိုလဲရောက်မ လာနိုင်သလို Jung နဲ့လဲ မတွေ့နိုင်ဘူးပေါ့။
ဒါတွေက ကံတရားလား..။ ရန်မလိုတတ်တာ ၊ နားလည် ပေးတတ်တာ ၊ ငြိမ်းချမ်းစေတာတွေ ကိုယ့်ရဲ့နဂိုစိတ်အခံတွေ ကြောင့် သံအမတ်ဖြစ်ချင်ခဲ့တာ တစ်သက်လုံး စိတ်ကူးယဉ်ခဲ့ရတဲ့ သံအမတ် အခက်အခဲကံတရား အမျိုးမျိုးတွေ ကြားထဲကမှ သံအမတ်ဖြစ်လာခဲ့ပြီ။ အမိမြေ Korea အတွက်တော့ မဟုတ် ခဲ့ဘူး။
Hungary ရဲ့ကိုယ်စားပြု တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်ဆံရေးအခြေအနေတွေကို ဘုရင့်ရဲ့သဘောထား အမြင် အား တရားဝင်ပြန်ပြောပေးရတဲ့ သံအမတ်။ နိုင်ငံတကာနဲ့ ချစ်ကြည်ရေးယူကာ ယဉ်ကျေးမူတွေ ဖလှယ်ရတယ်။ နိုင်ငံ တကာမှာ ရောက်နေတဲ့ Hungarian လူမျိုးတွေအတွက် ကာကွယ်အားကိုးရာဖြစ်လာခဲ့ပြီ။
နန်းတော်ထဲမှာ ဒီနေ့ဂုဏ်ပြုပွဲလုပ်မည်ပေါ့။ မျက်နှာ ပေါ်ကို မိတ်ကပ်လို့ ယူဆရတဲ့ဟာတွေကို လိမ်းပေးနေသည်။ အစေခံမိန်းကလေးရဲ့ လက်ကိုဖြတ်ခနဲဆွဲယူပြီး လွှင့်ပစ်လိုက် သည်။
"ဘာလုပ်နေတာလဲ"
ကောင်မလေးက ဒူးထောက်လျက်နဲ့ ကြောက်ကြောက် လန့်လန့်ပြောရှာသည်။
"အရှင်မင်းကြီး မိတ်ကပ်လိမ်းပေးနေတာပါ"
မျက်နှာကို အသဲအသန် ငု့ံကြည့်တော့သည်။ ပန်းပွင့် ပုံစံပါသော နားဆွဲလေးရယ် ဝတ်ရုံအဖြူအောက်ခံကိုမှ ပန်းနု ရောင် အပေါ်ရုံ အရှည်ကြီးရယ် မျက်ခွံနုနုလေးထက်က ပန်းနု ရောင် glitter တွေက ညမီးရောင်အောက်မှာ တလက်လက်။