👣 3

16 4 0
                                    

Unicode

လူပေါင်းများစွာထံကအချစ်ကိုလက်ခံထားရတဲ့ကျွန်တော်က
ကျွန်တော့်ကိုမချစ်တဲ့ခင်ဗျားအချစ်တစ်ခုကိုပဲတောင့်တနေမိတယ်....


🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱🌱

ကျွန်တော့်ရဲ့အားလပ်ချိန်တွေကိုသူ့ကိုပဲအမြဲပေးချင်ခဲ့တာ။
သူနဲ့အတူပျော်ရွှင်စွာဖြတ်ကျော်ချင်မိတာ။ဘာတွေကသူ့ကိုတားစီးနေလဲ။
ဘယ်အရာတွေကြောင့်များ....ဒါမှမဟုတ်ကျွန်တော့်မှာဘာလိုအပ်ချက်တွေရှိနေလို့များလဲ။

"ညီလေး" စကားအဖြစ်တောင်မကြားချင်ခဲ့ဘူး။သို့ပေမယ့်ကျွန်တော်ချစ်ရသူကထုတ်ပြောခဲ့သည်။ညီလေးဖြစ်ရင်ကောင်းမှာတဲ့။
စိတ်မကောင်းဖြစ်မိပေမယ့်လက်လျော့ဖို့ကိစ္စဆိုတာတော့
ခေါင်းထဲမရှိသည်မှာအမှန်။

ထိုသူ့ကိုချစ်ခဲ့တာအချိန်ခဏလေးအတွင်းမှာဆိုပေမယ့် နောင်နှစ်ပေါင်းများစွာထိလက်တွဲရမယ့်သူအဖြစ်ရည်ရွယ်ပြီးချစ်ခဲ့မိသည်။ကျွန်တော်ဆိုသည်မှာကလည်းဘေးမှာဝဲပျံနေတဲ့လိပ်ပြာတွေအစားတစ်ခြားအပင်ကလိပ်ပြာလေးကိုလှမ်းပြီးတပ်မက်နေမိတာမျိုး။ကိုယ့်ရှေ့ကရေခဲရည်ကအေးနေပေမယ့် ဟိုအဝေးကြီးကရေခဲရည်ကပိုအေးနေတယ်ထင်မိတာမျိုး။နောက်ဆုတ်ဖို့
ဆိုတာကတော့ဘယ်လိုမှမဖြစ်လာမယ့်အရာ။ကျွန်တော့်ကိုခုချိန်
တစ်ယောက်ယောက်ကလာပြီးဘာအစွမ်းလိုချင်လဲမေးရင် သူ့အတွေးတွေ
ဖတ်နိုင်မယ့်အစွမ်းကိုတောင်းခံမိမည်ထင်ပါ့။

💫💫💫💫💫💫💫💫💫💫💫💫💫💫💫💫

"သားငယ်လေး။"

"လာပြီ Omma။"

"ထမင်းစားကြမယ်လို့။"

"ဟုတ်Omma သားဆင်းခဲ့မယ်။"

Appaကခရီးသွားနေသည်ဆိုတော့ ထမင်းစားပွဲဝိုင်းမှာ ommaရယ်ကျွန်တော်ရယ်၂ယောက်သာရှိသည်။

"Omma သားပြီးရင်ommaကိုပြောစရာရှိတယ်။"

"ခုပြောလေသားငယ်ရဲ့။"

"Jeonအကြောင်းမို့လေ ဟီးးး"

"အေးပါအေးပါ ပြီးရင်ommaအခန်းထဲမှာပြောကြတာပေါ့။"

Follow his stepsWhere stories live. Discover now