Unicode
Ok cut!!
"အဆင်ပြေတယ် ထယ် ခါတိုင်းလိုပဲအားလုံး perfect"
"ဘိုဂမ်မီကတော်လို့လည်းပါပါတယ်။ထယ့်ကိုအမြဲအကောင်းဆုံးရိုက်ပေးလို့လည်းကျေးဇူးတင်ပါတယ်နော်။"
"ပြောစရာလားထယ်ရယ်ထယ့်အတွက်ပဲလေ ကိုယ်ကထယ့်တစ်ယောက်ထဲအတွက်။"
ကျွန်တော်ထယ့်ကိုစိုက်ကြည့်ရင်းပြောခဲ့တဲ့ထိုစကားကို
ထယ်ကအပြုံးလှလှလေးတစ်ခုသာတုံ့ပြန်ရင်း......"ထယ်အဝတ်သွားလဲဦးမယ်နော်။"
"ကောင်းပြီလေထယ်ပြီးရင်အပြင်မှာတစ်ခုခုသွားစားတာပေါ့။"
"ဟုတ်။"
အခုဆိုထယ်ယောင်းလေးနဲ့ရင်းနှီးလာတာအချိန်၈လကျော်ပြီဖြစ်သည်။
ထယ့်မေမေနဲ့လည်းအတော်လေးရင်းနှီးလာခဲ့ပြီလေ။
တစ်ခုပဲထယ့်စိတ်တွေကတော့ဟိုCEO ဆိုတဲ့သူစီမှာရှိနေတုန်းပဲ။
အဝေးကိုပဲအမြဲမျှော်ကြည့်ရင်းထိုသူ့ကိုပဲချစ်ပေးနေတဲ့ထယ်က
အနီးနားကကျွန်တော့်အချစ်တွေကိုတော့ဘယ်တုန်းကမှမမြင်ခဲ့ဖူးထင်ပါတယ်။
အရာအားလုံးပြည့်စုံနေလို့အချစ်ရေးမှာကံခေနေရတာဆိုရင်လည်း
ကျွန်တော်ထိုအရာအားလုံးကိုစွန့်လွှတ်ပေးနိုင်သည်။တစ်ခုပဲ....ထယ်လေးရဲ့ထာဝရအတွက်ချစ်ရမယ့်သူကျွန်တော်ဖြစ်ရင်ရပြီ။
အခုတော့ကျွန်တော်နည်းနည်းလေးမှအဆင့်တက်လို့မရအောင်ထယ်က
ဘိုဂမ်မီကိုကျွန်တော့်ရဲ့ထာဝရအစ်ကိုတစ်ယောက်ဖြစ်စေချင်ပါတယ်တဲ့လေ။
ဘာတတ်နိုင်မှာတဲ့လဲဗျာချစ်ရတာကိုး...
ကျွန်တော်ထယ့်ကိုတအားချစ်တာပါဗျာ.......။"ဘိုဂမ်မီသွားမယ်လေ။"
Suitအပြည့်နဲ့ ကြော်ငြာတစ်ခုရိုက်ပြီးသွားတဲ့ထယ်က
သူဝတ်နေကျအင်္ကျီဖားဖားပေါင်းဘီပွပွကြီးကိုဝတ်ပြီး Maskအဖြူလေးတပ်ရင်းကျွန်တော့်နားပြန်ရောက်လာလေရဲ့။Make upတွေလည်းအကုန်ဖျက်လာရတော့ပြုံးနေလိုက်တာများ။ထယ်နဲ့အနေကြာရင်းသိလာတာတစ်ခုကထယ်ကလွတ်လွတ်လပ်လပ်နေရတာတအားကြိုက်သည်။အခုလိုဆွဲဆောင်မှုရှိတဲ့ပုံတွေကိုကြိုးစားရိုက်ပြီးချိန်တိုင်းသူအရမ်းကြိုက်တဲ့အင်္ကျီကြီးကြီးဘောင်းဘီပွပွကြီးကိုအပြေးလေးလဲနေကြလေ။ဒါထယ်လေးရဲ့ချစ်စရာကောင်းတဲ့အကျင့်တွေထဲကတစ်ခုပေါ့။