Ep5

289 40 0
                                    

Unicode
နောက်ဆုံးတော့ gunဖြစ်​စေချင်သလိုဖြစ်လာခဲ့ပီ
papii က gunကို မမုန်းတော့ဘူးဆိုတာသိပေမဲ့အခုလိုမြန်မြန်ဆန်ဆန် လက်ခံလိမ့်မယ်လို့မထင်ထား
တကယ်လား လှည့်စားဖို့သက်သက်လား
gunမသိချင်ပါ အခုရှိတဲ့အခြေအနေကိုသာ
တန်ဖိုးထားသည် papiiကိုကြည့်ရတာတော့
gunကိုတကယ်တန်ဖိုးထားပုံပါ ရည်းစားများတဲ့အကျင့်ရှိပေမဲ့ အခွင့်အရေးယူတတ်တဲ့လူမျိုးမဟုတ်တာတော့ လုံးဝယုံကြည်သည်

gunငါမင်းကိုပြောစရာရှိတယ်

အင်းပြော

မင်းညနေက ကားနဲ့လိုက်သွားတဲ့လူကဘယ်သူလဲ

အော် အဲ့ဒီတိုင်းgunနဲ့သိတဲ့အကိုတစ်ယောက်ပါ

ဘယ်တုန်းကခင်တာလဲငါမင်းနဲ့မတွေ့တာတစ်ပတ်ပဲရှိသေးတာကို

အဲ့တပတ်မတိုင်ခင်ကတည်းက
papiiမိုးမိပီးဖျားတဲ့နေ့ကခင်တာ
gunအဲ့အကြောင်းကိုထပ်မပြောနဲ့မင်းအတွက်ရောငါ့အတွက်ရောအဆင်မပြေဘူး
အဲ့နေ့ကအကြောင်းပြောတော့papiiမျက်နှာက
ချက်ချင်းပျက်သွားသည်

အခုလက်ရှိချိန်ကိုပဲတန်ဖိုးထားရအောင် အတိတ်ကဖြစ်သမျှမေ့လိုက်တော့ ငါမင်းကိုတကယ်ချစ်တာတော့ယုံတယ်မလား

ချက်ချင်းခေါင်းညိတ့်ပြရင်းပြုံပြလိုက်သည်
ဒါပေါ့gunကချစ်တဲ့သူပဲဘာတွေဖြစ်ဖြစ်နားလည်ပေးရမှာပေါ့ အခုလိုလက်ခံသွားတာကိုပဲကျေနပ်ပါပီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ညနေက ဘယ်သူ့ကားနဲ့သွားတာလဲမေးတော့
မတွေ့ဖြစ်တဲ့ တစ်ပတ်မတိုင်ခင်ကတည်းကတဲ့
ဘယ်လိုခင်တာလဲသေချာမေးချင်ပေမဲ့
အဲ့ညနေကိစ္စကိုပြန်ပြောတော့gunမျက်နှာလေးညှိုးသွားတာမို့ဆက်မမေးချင်တော့ပါ
တကယ်ဆို အတိတ်က အမှားတွေအတွက်gunကိုအားလဲအားနာရသလို စိတ်မကောင်းလဲဖြစ်မိသည်
ဘာမှဟုတ်တဲ့လူတစ်ယောက်နဲ့ တွဲ မြင်ရတာတောင်ဒီလောက်မကျေနပ်ဖြစ်နေတာ
သူရည်းစားတွေရှုပ်ခဲ့တုန်းက gunဘယ်လောက်ထိခံစားရမလဲတွေးမိတိုင်းဒီကောင်လေးကိုသနားသလို
နားလည်ပေးတဲ့စိတ်ကြောင့် ပိုပီးတော့လဲချစ်ရသည်
အခုချိန်ကစပီးgunစိတ်ညစ်ရမဲ့အလုပ်မျိုးမလုပ်ဖို့ဘယ်ချိန်မှာဘယ်လို့ဖသ်မလဲမသိပေမဲ့
ဆုံးဖြတ်ထားလိုက်ပီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အခုလိုတွေအဆင်ပြေပီးတဲ့အချိန်ကစပီး
နောက်ရက်တွေတိုင်းကgunအတွက်ပျော်ရွှင်စရာအချိန်တွေဖြစ်ခဲ့သည်  အခုလက်ရှိအချိန်ကိုသာတန်ဖိုးထားသည်

First Love To The End💚Where stories live. Discover now