Ep11

250 35 6
                                    

Unicode
အဆင်ပြေနေတဲ့နှစ်ယောက်ကြားထဲကိုမထင်မှတ်သောအရာတွေတိုးဝင်လာပီးလမ်းခွဲသွားစေမယ်လို့
ဘယ်တုန်းကမှgunမတွေးမိဖူးသလိုတွေးလည်းမတွေးချင်ခဲ့ပါ ပြသနာရဲ့အစကတော့gunဘက်ကပင်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျောင်းပိတ်တည်းကနေခုထိဆိုgunအပြင်မသွားတာကြာနေပီဒီနေ့ဝယ်စရာတွေလဲရှိသေးတာမို့
papiiကိုမခေါ်ဘဲတစ်ယောက်ထဲဘဲသွားဖို့ပြင်ရသည်gunက ကားမမောင်းတတ်ပါစက်ဘီးပဲစီးတတ်သည် ဆိုင်ကယ်စီးဖို့ကိုလည်းmaeကစိတ်မချလို့ဆိုသည် ပီးတော့gunအဖေကcar accident
ဖြင့်ဆုံးသွားတာမို့ စိတ်ပူတာလည်းပါသည်
ဒါကြောင့် papiiနဲ့တွဲကတည်းကတခါမှမသီးဖြစ်တဲ့စက်ဘီးလေးကို ထုတ်လာရင်းနီးနီးနားနားက
ဆိုင်တစ်ဆိုင်ကိုဝင်လာခဲ့သည် အိမ်မှာပဲနေဖြစ်မှာမို့
ready made တွေအကုန်အစုံထည့်လာရင်း
တစ်နေရာရောက်တော့ ဆင်တူသော့တွဲလေးကိုသတိထားမိပီးယူကြည့်တော့ ဝက်ဝံရုပ်လေးနှစ်ခုက
တစ်ယောက်ကိုတစ်ယောက်ဖက်ထားသည့်ပုံလေး
တအားချစ်ဖို့ကောင်းတာမို့ ဝယ်လိုက်မိသည်
အိမ်ရောက်မှpapiiကိုတစ်ရုပ်ပေးရမယ်
"ကလေးကလားတွေဝယ်လာတာလား"လို့ပြော
မှာအသေအချာပဲ အရင်တည်းက papiiကလူကြီးဆန်သလောက်gunက တအားဂျီတိုက်တဲ့ပုံစံပါ

တကယ်လို့အဲ့အရုပ်လေးဝယ်လာခြင်းကနှစ်ယောက်သားဝေးစေဖို့အတွက်လို့ကြိုသိခဲ့ရင် သေချာပေါက်
ဝယ်ဖို့မလုပ်ခဲ့ပါ....

ဝယ်စရာတွေဝယ်လာပီးနောက်စက်ဘီးခြင်းထဲသို့ထည့်ကြည့်တော့ ပစ္စည်းတွေများပီးမဆန့်ဖြစ်နေတာမို့ တစ်ယောက်တည်းအကျပ်ရိုက်နေမိသည်
အနီးအနားမှာအကူအညီတောင်းစရာလူကလဲမရှိ
papiiကိုလှမ်းခေါ်ရင်လည်းသူ့မခေါ်ပဲတစ်ယောက်ထဲသွားရလားလို့ဆူအုံးမယ် ဘယ်လိုလုပ်ရမလဲ စဉ်းစား နေရင်းp'oabကိုသတိရသွားသည် papiiပီးရင်သူအခင်ရဆုံးသူက p'oabပါပဲအပေါင်းအသင်းမရှိတဲ့ကြားက ရှားရှားပါးပါးပေါင်းမိတာသူပဲရှိတာမို့
ph ခေါ်ဖို့လုပ်ရင်းph noကလည်းမတောင်းမိအဲ့တာမှတကယ့်ပြသနာ အခုတော့ စက်ဘီးထားခဲ့ပီး
အထုပ်ဆွဲ ပြန်ဖို့ပဲရှိတော့မည်

"ဟူး...ဒီလောက်နေပူနေတာလမ်းလျှောက်ပြန်ရတော့မယ်"

စက်ဘီးကို လုံခြုံရေးနေရာမှာအပ်ခဲ့ပီး ခနနေမှလာပြန်ယူရတော့မည် အခုမှစဉ်းစားမိတယ်p'oabက
ဒီချိန်ဆိုင်မှာရှိနေမှာပဲ ကျောင်းလည်းပိတ်ထားတာမို့ ဟိုတခါတွေ့ပီးကတည်းကဆိုင်ကိုမရောက်ဖြစ်တာလနဲ့ချီနေပီ gunအိမ်ထက်ဆိုင်ကပိုနီးတာမို့
p'oabဆိုင်ကိုပဲထွက်လာခဲ့သည် papiiကမတွေ့ဖို့
ပြောထားပေမဲ့ ခုသွားတွေ့ရင်မသိလောက်ဖူးထင်ပါတယ် ကိုယ့်ဖာသာတွေးရင်နဲ့ အထုပ်ဆွဲပီးထွက်လာရပါတော့သည်

First Love To The End💚Where stories live. Discover now