Ep4

280 37 2
                                    

Unicode
offခေါင်းတစ်ခုလုံးချာချာလည်သွားသည်gunကသူ့ကိုသဘောကျနေတာတဲ့လား သူ့ကိုတအားခင်တာသိသော်လည်းအခုလို ဖြစ်လာလိမ့်မယ်မထင်ထားပါ
ပီးတော့mookရှေ့မှာ မတ်တပ်ရပ်ဖို့အားပင်မရှိတော့သလို ခံစားရသည် gunကိုကြည့်တော့
သူ့ပုံစံကဖြစ်ချင်ရာဖြစ် ဆိုသည့်ပုံစံ
ဒါဘယ်လိုအခြေအနေကြီးပါလိမ့် သူအခုကိုယ့်ရည်းစားရှေ့မှာ ဖွင့်ပြောခံရတာပီးတော့ယောက်ကျားလေးတစ်ယောက်ဆီက လက်ရှိအခြေအနေက
တော်တော့်ကိုကြောင်တောင်တောင်ဖြစ်နေသည်
mookကိုကြည့်တော့ သူကမသတီသလိုအကြည့်နှင့်
သူရှင်းပြဖို့ပဲကြံရုံရှိသေး mookလက်ဝါးတစ်ချက်က
ပါးပေါ်ခပ်ပြင်းပြင်းကျလာသည် ရုတ်တရက်ဆိုတော့ ဘာဖြစ်သွားမှန်းတောင်သတိမထားမိလိုက်
ပီးတော့ ဆက်ပြောသေးသည်

နင်တို့နှစ်ယောက်ကိုတအားရင်းနှီးတယ်လို့ပဲငါသိထားတာအခုလိုဖြစ်လာမယ်လို့ကိုမထင်ထားဘူး
ယောက်ကျား တစ်ယောက်အတွက်တခြားယောက်ကျားနဲ့ ပြိုင်လုရအောင် ငါအဲ့လောက်အရှက်မရှိတဲ့သူမဟုတ်ဘူး နင်နဲ့ငါပြတ်ပီ

ဘာမှပင်ပြောချိန်မရလိုက်ကိစ္စအားလုံးကမျက်စိတစ်မှိတ်အတွင်းပင်ဖြစ်ပျက်သွားသည်

gun ငါမင်းကိုသိပ်စိတ်ပျက်တယ်
တစ်ခွန်းထဲသာပြောပီးထိုနေရာကလှည့်ထွက်ခဲ့သည်
ဟိုတယ်သို့ပြန်လာရင်းခုနကဖြစ်ပျက်ခဲ့သမျှမျက်လုံးထဲမြင်ယောင်နေသည်
gunပြောတာတွေလည်းနားထဲကြားနေမိသည်
ငါ့ကိုသဘောကျတာတဲ့လား
အခုငါကယောက်ကျားတစ်ယောက်ဆီကဖွင့်ပြောခံရတာလား တွေးရင်းတွေးရင်းနဲ့စိတ်တွေမွန်းကျပ်လာသည် ဘာလုပ်လို့ဘာကိုင်ရမလဲမသိ
gunကိုပဲသွားထိုးလိုက်ရမလားmookကိုပဲလိုက်တောင်းပန်ရမလား ဘာဖြစ်ဖြစ် အခုmookကခွင့်မလွှတ်မှာသေချာသည် ဒီလိုတွေဖြစ်အောင်လုပ်တာgun ပြသနာတွေရှင်းမရအောင်ရှုပ်နေပါပီ
အခုဆိုသူ့ကိုgayလို့ထင်သွားမည်လား
အတွေးတွေချာချာလည်ရင်း အတင်းအိပ်ပြစ်လိုက်သည် နည်းနည်းဖြစ်ဖြစ် မေ့လိုမေ့ငြား
ဟူး..
မနက်ဖြန်ကိုဘယ်လိုရင်ဆိုင်ရမလဲ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
gunပြောတဲ့စကားကို papiiကမယုံသလိုကြည့်နေသည် အင်းပေါ့ ယောက်ကျားတစ်ယောက်ကသဘောကျတယ်ပြောတော့ထူးဆန်းနေမှာပေါ့
ဘယ်လိုပြောပြော gunကတော့ကျေနပ်သည်
အခုmookနဲ့ပြတ်ပီမလားဒီလောက်ဆိုgunအတွက်
မဆိုး papiiကတော့တော်တော်စိတ်ဆိုးသွားပုံပင်
အခုအနေအထားကပျော်ရမှာလားမပျော်ရဘူးလား
သေချာတာကတော့gunခုလိုပြောတာနည်းနည်းလေးမှနောင်တမရမိ တကယ်ဆိုgunကငယ်ငယ်လေးထဲကသဘောကျလာတာကို တချက်လေးမှမမြင်ခဲ့ တွေးရင်းနဲ့လူကဝမ်းနည်းလာသည်
သူ၏ပထမဆုံးနဲ့နောက်ဆုံးလူကို လွယ်လွယ်လေးလက်မလျော့ချင် မေတ္တာမှန်ရင် တခါလောက်တော့ရောင်ပြန်ဟပ်သင့်တယ်မဟုတ်လား
~~~~~~~~~~~~~~~~~~~~~~~~~~~~~
gunနဲ့ဖူးခက်က ကိစ္စဖြစ်ပီးတစ်ပတ်ကြာတဲ့အထိ
ကျောင်းလည်းမသွားဘယ်ကိုမှလည်းမသွား
အိမ်ထဲပဲအောင်းနေလိုက်သည် gunနဲ့မျက်နှာချင်းမဆိုင်ချင်တာလဲပါသည် သူဒီလိုပြောလိုက်တာ
ဘာကောင်းကျိုးရှိလဲတော့မသိoffကတော့
အနေရခက်စေသည် gunငယ်''လေးထဲကoffကို
တအားသံယောဇဉ်တွယ်တာလည်းအသိဆုံး
အခုလိုတွေဖြစ်မလာဖို့offဘက်ကတတ်နိုင်သမျှရှောင်ခဲ့သော်လည်းနောက်ဆုံးတော့gunကဒီစကားကိုပြောဖြစ်အောင်ပြောခဲ့သည် အခုလိုတွေဖြစ်လာမှတော့နှစ်ဦးနှစ်ဖက် မျက်နှာပျက်ရပီ gunကိုကြည့်တော့နည်းနည်းလေးမှနောင်တရပုံမရှိသူလုပ်တာ
သူကျေနပ်နေသည့်ပုံ သူကအဆင်ပြေသလောက်
offကတော့ဘာတခုမှအဆင်မပြေ အခုချိန်ဆို
mookကလည်းgayလို့ထင်နေလောက်ပီ
ဒီတိုင်းကြီး အိမ်ထဲအောင်းနေတာပြသနာကိုဖြေရှင်းရာမကျ လူကလဲအိမ်ထဲအောင်းရမှာပျင်းနေပီမို့
ဒီနေ့တော့ကျောင်းသွားဖို့ပြင်ဆင်ရမည်
ကျောင်းရောက်တော့mookနဲ့မတွေ့တာပဲကျေးဇူးတင်ရမည် မဟုတ်ရင်နေရခက်နေမှာအသေအချာ ညနေကျောင်းပြန်တော့
ကားရပ်တဲ့နေရာမှာgunကိုတွေ့လိုက်သည်
ငါ့ကိုလာစောင့်နေတာလား?ငါလည်းကားမယူလာပါဘူး
ကြည့်နေရင်းမှပင်gunဘေးနားကားတစ်စီးထိုးရပ်သွားသည် ပီးတော့gunကပါကားနဲ့လိုက်သွားသည်
ကားပေါ်ကိုလှမ်းကြည့်တော့ တခြားယောက်ကျားလေးတစ်ယောက် သူ့မှာoffအပြင်တခြားခင်တဲ့လူရှိတယ်လို့မကြားမိပါ အခုမှဘယ်သူကရောက်လာတာလဲမတွေ့တဲ့တစ်ပတ်အတွင်းgunဘာတွေလျှောက်လုပ်နေတာပါလိမ့်

First Love To The End💚Where stories live. Discover now