အပိုင်း(၅)

30 3 0
                                    

"မိဖုရားခေါင်ကြီးသားဦးရတနာသန့်စင်ပြီးပါပြီအရှင်။"

ခုမှပဲသက်ပြင်းချနိုင်တော့သည်။
သူ့ရဲ့ချစ်မြတ်နိုးရပါသောမိဖုရားခေါင်ကြီးသည်ကလေးမမွေးဖွားနိုင်ပေ။
သို့သော်လွန်ခဲ့သောလကမိဖုရားခေါင်ကြီးတွင်ကိုယ်ဝန်ရှိကြောင်းသိခဲ့ရသည်။
ထိုအချိန်တုန်းကဆိုသူ့မှာမြေကြီးနှင့်ခြေထောက်ပင်ထိသည်ဟုမထင်ရ။
ပျော်တပြုံးပြုံးပါးစပ်ကိုမစေ့နိုင်အောင်ပျော်ခဲ့ရသည်။မိဖုရားရဲ့ဗိုက်ထဲမှကလေးလေးမပျက်စီးအောင်လိုက်ထိန်းပေးရတာမောသည်ဟူ၍မရှိ။
ဒီနေ့တော့ဖွားမြင်ခဲ့လေပြီ။ ဒီလောကမှာသူ့လောက်ပျော်နေတဲ့လူရှိပါဦးမလား?

"ဘာ...ဘာလေးလဲ။"

"မိန်းကလေးပါအရှင်။"

ပထမတုန်းကထီးမွေနန်းမွေကိုဆက်ခံရန်သားယောက်ျားလေးအလိုရှိခဲ့သော်လည်းသမီးလေးဆိုတော့လည်းကြည်နူးပီတိတွေတဖွားဖွားပေါ်ပေါက်လာပြန်သည်။
သူ့သမီးလေးအတွက်အနာဂါတ်အတွက်သူကြိုတင်စဥ်းစားထားသည်။
သမီးကိုနူးည့ံသိမ်မွေ့အောင်သင်ပေးရမည်။
သမီးလေးကိုဘယ်သူမှအနိုင်မကျင့်ရဲအောင်ဓားရေးလဲသင်ပေးရမည်။
အိုသမီးလေးအရွယ်ရောက်လာတာကိုလည်းကိုလည်းကြည့်ရမည်။
စဥ်းစားမိရုံနှင့်တင်ဝမ်းသာလာကာနှုတ်ခမ်းအစုံသည်ကော့ညွှတ်သွားသည်။
သမီးလေးဟာအမေဖြစ်သူနှင့်တူရင်တော့အတော်ပင်ချောမောလိုက်မည့်ဖြစ်ခြင်းသူနှင့်တူရင်တော့ရဲဝင့်ပြတ်သားမှာပင်။
ဘယ်သူနဲ့တူတူကိစ္စတော့မရှိပါဘူးသူကချစ်ပြီးသားလေ။

"မိန်းကလေးတဲ့လားဘယ်သူနဲ့တူလဲ"

နန်းတွင်းသူကသူ့အားမရဲတရဲကြည့်ရင်း

"မှန်လှပါ။မိဖုရားနှင့်တူ၍အလွန်ချောမောမည့်ကလေးပါ။"

မိဖုရားနဲ့တူသတဲ့လားအမေတူအချောလေးပေါ့

"ဟားဟားမင်းတို့ပြောချင်တာကင်နဲ့တူရင်ရုပ်ဆိုးမယ်ပေါ့"

ထိုနေ့ကထူးထူးဆန်းဆန်းအူရွှင်နေ၍မိမိရှေ့မှနန်းတွင်းသူအားစနောက်လိုက်သည်

"မဟုတ်ကြောင်းပါဘုရင်မင်းမြတ်ကရာဇမာန်ရှီလွန်းပါတယ်။ကလေးဟာမွေးကင်းစပေမယ့်နူးညံ့သိမ်မွေ့တဲ့အသွင်ကိုဆောင်ပါတယ်။"

တယ်တော်တဲ့ငါ့နန်းတွင်းသူပါလားအပြစ်လွတ်အောင်ပြောတတ်တယ်။ပျော်လိုက်သည့်ဖြစ်ခြင်း။
သူသိပ်ပျော်သည်အင်းမိဖုရားရဲ့မွေးဖွားခြင်းကိုဂုဏ်ပြုတဲ့အနေနဲ့ပျော်ပွဲရွှင်ပွဲပြုလုပ်ဦးမှ

"ဟားဟားဟားငါကိုယ်တော်အမိန့်ချမှတ်မယ်။ဒီနေ့မှာမိဖုရားခေါင်ကြီးဟာငါကိုယ်တော်အတွက်သားဦးမွေးဖွားခဲ့တယ်။ဒါ့ကြောင့်တိုင်းပြည်မှာခုနစ်ရက်တိုင်တိုင်အလှူကြီးပေးမယ်။"

ဪအပျော်လွန်ပြီးမေ့တော့မလို့သမီးတော်ရဲ့ဇာတာကိုစစ်ဆေးရဦးမှာပဲ။
နဘေးမှအားထားရသောအမတ်ကြီးစုန္ဒအားခေါ်လိုက်သည်

"အမတ်ကြီးစုန္ဒ။"

"မှန်လှပါ"

"သမီးတော်ရဲ့ဇာတာစစ်စမ်း"

"မှန်လှပါဘုရင်မင်းမြတ်"

"အင်း......ဟုတ်ပြီငါကတော့မိဖုရားထံအားပေးစကားသွားပြောချေဦးမယ်"

"မှန်လှပါ"

ထိုနေ့ကသူပါးစပ်ပင်စေ့သလားသူမသိပါ။သားသမီးမွေးဖွားတဲ့လူတိုင်းသူကဲ့သို့ခံစားရပါသလား?သူကတော့အပျော်လွန်၍သေပင်သွားနိုင်ချေသည်။

**********

ထိုနေ့ကငါ့အားမွေးဖွားခဲ့သည်ထိုနေ့ကကောဇပြည်၏မိုးကောင်းကင်သည်အုံ့မှိုင်းနေခဲ့သည်။
ထိုနေ့ကထူးဆန်းစွာပင်အု့ံမှိုင်းနေသောမိုးကောင်းကင်ကိုကွယ်၍အနီရောင်လတစ်စင်းပေါ်ထွက်နေသည်။ထိုနေ့ကလမင်းတွင်သာမကကြယ်ကလေးများဟာလည်းအနီရောင်လွှမ်းနေခဲ့သည်။
ဒါဟာငါ့ရဲ့မွေးဖွားစဥ်ကနိမိတ်လက္ခဏာတည်း။သို့သော်ဘယ်သူမှထိုသွေလွှမ်းသောကြယ်၊လတို့ကိုမမြင်လိုက်ရအဘယ်ကြောင့်ဆိုသော်အု့ံမှိုင်းနေတဲ့မိုးသားများကထိုအရာတွေကိုကာကွယ်ထားသည်လေ။

သျှင်နန်းစောWhere stories live. Discover now