အပိုင်း(၇)

16 3 0
                                    

သျှင်နန်းစောမွေးတဲ့နေ့မှစ၍၁၈၂၃နှစ်အကြာ

ထူးဆန်းလွန်းတဲ့အိမ်မက်ကြောင့်ပိုင်မင်းထက်လန့်နိုးလာမိသည်။
နိုးခါစအိမ်မက်ကိုစဥ်းစားမိတော့လည်းမမှတ်မိပါ။
တစ်ပိုင်းတစ်စတော့မှတ်မိသလိုရှိသား။
အိမ်မက်ထဲမှာသူပန်းချီဆွဲနေသည်။
ဘာပုံလဲတော့မသိ။
တော်တော်စိတ်ပါဝင်စားစွာဆွဲနေလေရဲ့။
ထို့နောက်တစ်စုံတစ်ယောက်အားစကားလှမ်းပြောသည်။
ပြီးတော့ခံစားချက်တစ်ခုဘာခံစားချက်ကြီးလည်း?ငယ်ငယ်တုန်းကဖတ်ခဲ့တဲ့အဆွေးဝတ္ထုတစ်ပုဒ်ကိုဖတ်နေစဥ်ခံစားရတဲ့ခံစားချက်ဆွေးဆွေးကြီး
သို့သော်ထိုဝတ္ထုဖတ်စဥ်ကဒီလောက်မခံစားရ။
ခုဟာကြီးကသူ့နှလုံးသားတွေကွဲအက်သွားတော့မလိုလိုနှင့်တမျိုး
ကြီးပဲလုံးဝကိုအဆင်မပြေပါ။
မကြည်မသာမျက်နှာနှင့်အတူပိုင်အိပ်ယာမှထလိုက်သည်ထိုစဥ်နဘေးနားမှလွင့်လာသည့်သီချင်းသံတိုးလျှလျှ။
ဘာသံပါလိမ့်သူ့ဖုန်းများလာနေတာလား?
သူ့ဖုန်းရဲ့ringtoneကဒီသီချင်းသံမဟုတ်သော်လည်းထိုအသံကသူ့အခန်းထဲကထွက်နေ၍သေချာစေရန်ရှာကြည့်လိုက်သည်။
ဟောတွေ့ပြီချစ်သူငယ်ချင်းကြီးစိုင်းနောင်၏ဖုန်းမနေ့ကသူ့အိမ်လာလည်ရင်းကကျန်ခဲ့တာဖြစ်နိုင်သည်။
ဖုန်းမြည်သံကအဆက်မပြက်ထွက်နေ၍သူကောက်ကိုင်လိုက်သည်

"ဟေ့ကောင်ပြော"

"......"

"အင်းမင်းဖုန်းကျန်ခဲ့တယ်"

"....."

"ငါကစကားအဖြစ်ပြောလိုက်တာပါ"

"....."

"အေးပါငါသိပါတယ်။"

"...."

"ဟင်းဟင်းဒါပဲ"

သူရယ်မောရင်းဘာရယ်မဟုတ်သူ့အခန်းအားဝေ့ကြည့်လိုက်
မိသည်။
ထို့နောက်မှစိုင်းနောင်ဖုန်းအားသူ့ကျောပိုးအိတ်ထဲသွားထည့်လိုက်သည်။
စိုင်းနောင်ဖုန်းကိုထည့်လက်စနှင့်ရှုပ်ထွေးပွေလီနေသောသူ့ကျောပိုးအိပ်အားရှင်းရန်ကျောပိုးအိတ်ကိုသယ်ဆောင်လာသည်။

"ဟင်ဘာကြီးလဲ"

သူ့ကျောပိုးအိပ်ထဲကဘယ်ခောတ်ကထည့်ထားလဲမသိသောဒိုင်ယောရီစာအုပ်တစ်အုပ်။
သူ့ဥစ္စာမဟုတ်ဘူးလို့တော့ထင်ပါသည်။
သူဒီလိုစာအုပ်မျိုးဝယ်ဖူးသလား။
သိပ်မသေချာပါ။
စိတ်ရှုပ်စွာခေါင်းကုတ်လိုက်သည်။
ဘာပဲဖြစ်ဖြစ်သူ့ဥစ္စာဟုတ်မဟုတ်သေချာအောင်ဖွင့်ဖတ်လိုက်သည်
သူများဥစ္စာဆိုလျှင်ပိုင်ရှင်အမှန်ဆီပြန်ပေးလိုက်မည်။
သူ့ဥစ္စာဆိုရင်လည်းအရေးကြီးပါကသိမ်းထားမည်။
မကြီးရင်တော့မီးရှို့ရုံပေါ့

သက္ကရာဇ်ကိုချစ်တယ်............................................................................

"ဟင်ဘာတွေလဲ"

သူတော်တော်ခေါင်းခြောက်သွားသည်။
ခြောက်ဆိုအရှည်၁၃လက်မအထူ၁လက်မလောက်လောက်ရှိသောဒိုင်ယာရီစာအုပ်ကြီး၏စာမျက်နှာအလယ်အထိစာကြာင်းတစ်ကြောင်းကိုပဲရေးထားတာပင်။
ထိုစာကြောင်းပေါင်းမရေမတွက်နိုင်အောင်ကျော်ပြီးနောက်မှာတွေ့ရတဲ့စာတစ်ကြောင်း။
အဲသည်စာကြောင်းသူသိပ်ရင်းနှီးဖူးသလိုပဲ။
ရုတ်တရက်သူ့ဦနှောက်ထဲမှရုပ်ပုံတစ်ခုပေါ်လာသည်။
ဟုတ်တယ်အဲသည်မိန်းမဘဲ။
အဲဒါငါ့အိမ်မက်ထဲကမိန်းမဘဲ။

"သက္ကရာဇ်ရေ"

သူ့အားခေါ်နေသလိုပဲ။ဟာဒီခြေထောက်တွေ။
မရတော့
ဘူးငါသိပ်သွားချင်နေပြီ။သွားလိုက်တာပဲကောင်းမယ်။

"ငါလာပြီစော"

သျှင်နန်းစောWhere stories live. Discover now