(Unicode)
"ငထယ်ငါမဝင်ဘူးနော် မသွားဘူး "
"လာပါကွာ မင်းကလည်း "
၁၀နာရီလောက်ကြီးကျမှclubရှေ့မှာဆွဲလားရမ်းလားလုပ်နေတဲ့ကောင်လေးနှစ်ယောက်
"မလိုက်ဘူး နေပါဦး ငါနဲ့မတွေ့ရတဲ့အချိန်မှာ မင်းclubသွားတတ်နေပြီလား"
"မသွားတတ်ဘူး ဒါမဲ့သွားကြည့်ချင်လို့"
"သွားချင်မင်းဟာမင်းသွား "
"ငါတစ်ယောက်ထဲမဝင်ရဲလို့ပေါ့ဟ"
"ဒါဆို တစ်ခြားနေရာသွားမယ်ဟာ ဒီထဲတော့မသွားဘူး"
"ပြီးရောဟာ"
နှစ်ယောက်သဘောတူညီချက်ဖြင့် အချိုရည် တစ်ယောက်တစ်ဘူးစီဖြင့် ဟန်မြစ်ကိုသွားလိုက်တယ်
"ဂျီမင်း မင်းလူကြီးနဲ့မင်းအဆင်ပြေလား"
လမ်းလျှောက်နေရင်းမေးလိုက်သောထယ်ယောင်းစကားကြောင့် ဂျီမင်း ထယ်ကိုမော့ကြည့်မိတယ်
"ဒီလိုပါဘဲ"
"ငိ့ အဆင်ပြေတယ်ဆိုပြေတယ်ပေါ့မပြေဘူးဆိုမပြေဘူးပေါ့ ဘာလဲဒီလိုပါဘဲဆိုတာ"
"ငါလည်းမသေချာဘူးလေကွာ အဆင်မပြေတယ်ပြောရအောင်လည်း တဂျီဂျီရန်ဖြစ်နေတာလည်းမဟုတ်ဘူး ပြေတယ်ပြေရအောင်လည်း အာ မသိဘူးတော့ဘူး ရူပ်တယ် "
"ဘာကိုရူပ်နေတာလဲ "
"ခံစားချက်"
"အယ် ဆိုလိုချင်တာမင်းသူ့ပေါ်ထားတဲ့ခံစားချက်ကိုပြောတာလား"
"အင်း"
"ဘာဖြစ်ထားလို့လဲ"
ထယ်က မေးတော့ဖြစ်ခဲတဲ့ကိစ္စအချို့ပြောပြလိုက်တယ်
"ပြီးခဲတဲ့တစ်ခေါက် သူ့ကို 'ကိုကို' လို့ခေါ်မိထဲက ရင်ခုန်နေခဲ့တာထင်တယ် ဒီတိုင်းရင်တုန်တယ်ထင်တာ ဒီတခေါက်သူငါ့ကိုနမ်းလိုက်တော့ငါသိသွားတယ် ရင်ခုန်တာ"
"အင်း"
"ဒီတော့ငါသူ့ကိုချစ်မိနေပြီလား"