(Unicode)
ဒီနေ့အတွက်တော့မနက်ခင်းတွေဟာတိတ်ဆိတ်လွန်းနေတယ်
"သား ဂျီမင်းလာလေ ဒေါ်ကြီးမနက်စာပြင်ပြီးသွားပြီ"
"ဟုတ် ဒေါ်ကြီး"
"ဟိုမှာ ယွန်းဂီက စားနှင့်နေပြီ ဒေါ်ကြီးသန့်ရှင့်ရေးသွားလုပ်လိုက်ဦးမယ်"
"ဟုတ်"
ကျွန်တော်ကြည့်လိုက်တော့ ယွန်းဂီကကျွန်တော့်ဘက်တောင်လှည့်မကြည့်ဘူး ပြီးတော့ထသွားမယ်လုပ်တော့ကျွန်တော်အမြန်စကားစလိုက်တယ်
"ယွန်းဂီ"
ကျွန်တော်ခေါ်တော့ကကျွန်တော့်ဘက်တစ်ချက်လှည့်ပြီးဘာစကားမှမဆိုသူ ဒါကြောင့်ကျွန်တော့်ဘက်ကဘဲစကားဆက်လိုက်တယ်
"ဟို ကျွန်တော်တောင်းပန်ပါတယ် မနေ့ကစိတ်နည်းနည်းရှုပ်နေလို့ပါ ငျွန်တော်ယွန်းဂီကိုအော်ဖို့ရည်ရွယ်ချက်မရှိပါဘူး"
"ထားလိုက်ပါ ရပါတယ် မင်းပြောသလိုဘဲလေတစ်ယောက်ကိစ္စတစ်ယောက်ဝင်မစွက်ဖတ်ကြေးလို့ပြောထားတာဘဲ"
"ကျွန်တော်မနေ့က စိတ်ရှုပ်နေလို့ လို့ပြောထားတယ်လေ ပြီးတော့ကျွန်တော်ရည်ရွယ်ချက်ရှိရှိပြောတာမဟုတ်ဘူး"
"အေးလေ ငါလည်းမင်းကိုအဲ့ကိစ္စနဲ့ပတ်သတ်ပြီးဘာမှမပြောဘူးလေ မင်းရှင်းပြနေစရာမလိုပါဘူး"
"ကျွန်တော်မနေတတ်လို့ နေရခက်လို့ပါ"
"မင်းကဘာလို့လဲ"
"ကျွန်တော် ......."
ပြောမဲ့စကားလုံးတွေပျောက်ဆုံးနေခဲ့တယ် ယွန်းဂီမျက်လုံးတွေကိုသာ ကျွန်တော်ကြည့်နေမိတယ်
"မင်းဘာဖြစ်လဲ"
ယွန်းဂီမေးလည်းကျွန်တော်မဖြေမိ ကျွန်တော့်ရင်ထဲရှိတာတွေသာဖွင့်ပြလို့ရရင်ဖွင့်ပြလိုက်ချင်တော့တယ်ခင်ဗျားရယ်
"မင်းဘာမှပြောစရာမရှိလည်းငါသွားပြီ "
ထွက်သွားတဲ့အထိ ယွန်းဂီထွက်သွားတဲ့အထိကြည့်နေမိတယ်အဲ့ကျောပြင်ကြီးကိုကြည့်ပြီးကျွန်တော်ဖြေမယ်နော်'ကျွန်တော် ကိုကို ကို့ချစ်တယ်'တိုးတိုးလေးဘဲ တကယ်တိုးတိုးလေး ကိုယ့် ကိုယ်စောင့်နတ်တောင်ကြားရဲ့လားတောင်မသိတဲ့အသံနဲ့ဖြေမိတယ် ကိုကို့ ကိုကြားစေချင်တယ် ဒါမဲ့ကျွန်တော်သတ္တိမရှိဘူး 'ကိုကို' လို့ခေါ်တာကိုကျွန်တော်တစ်ယောက်တည်းသိပြီး ချစ်တယ်ဆိုတာကိုလဲကျွန်တော်တစ်ယောက်တည်းသိနေမယ်