(Unicode)
Hyungက ကူညီနိုင်မယ်ဆိုတဲ့သူစီကိုဖုန်းဆက်လိုက် ခဏကြာတော့ ကျွန်တော်တို့ဆီကိုကောင်မလေးတစ်ယောက်ရောက်လာတယ် ခပ်ချောချောဘဲ hyungနဲ့ဘာတွေပါလိမ့်
"ပြော ဟိုဆော့"
"အေး ငါအကူအညီတောင်းစရာရှိလို့"
ဟိုဆော့hyungကတော့ ဟိုnoonaကိုကောင်းကောင်းကြီးရှင်းပြနေတာ ကျွန်တော့်ကိုတောင်မိတ်မဆက်ပေးတော့ဘူးအဲ့တော့ကျွန်တော်လည်း hyungကိုဘဲထိုင်ငေးနေလိုက်တယ်
"No!!"
"ဟမ်"
"ရာ ဂန်ဟာယောင်းဘာလို့လဲ"
"ငါကဗိလန်ဝင်လုပ်ရမှာလေ မဖြစ်ဘူးနိုးဘဲ ပြီးတော့ သူ့companyမှာအလုပ်လေးဝင်လုပ်မလို့ကိုပြောထားတာ ဆယ်နှစ်ဆယ်မိုးရှိပြီ အခုထိ ဖုန်းတောင်မဆက်ရှာဘူး"
"နင်အလုပ်ဝင်မှာ ယွန်းဂီတို့နှစ်ယောက်ကို ကူညီမို့မလား အခုနည်းနဲ့ကူညီလေ"
ဟိုဆော့hyung ပြောhyungဘက်လှည့်ကြည့်ကာ
"မကူညီဘူး"
"အာ အဲ့လိုမလုပ်ပါနဲ့ ကျွန်တော်တို့ကို ကူညီပါနော်"
ကျွန်တော် ဝင်ပြောတော့အဲ့ Noonaကကျွန်တော့်ဘက် လှည့်ကြည့်ပြီး
"သူက ဘယ်သူလဲ"
"အာ သူကကမ်ထယ်ယောင်းတဲ့ ဂျီမင်းသူငယ်ချင်း"
"အော် ဂန်ဟာယောင်းပါ"
"ဟုတ် တွေ့ရတာဝမ်းသာပါတယ် ကမ်ထယ်ယောင်းပါ"
"ဟဲ့ ဟာယောင်းငါတို့ကိုကူညီပါနော်"
ထယ်ယောင်းက ဟိုဆော့အပေါ်ကြည့်တဲ့မျက်လုံးတွေကတစ်မျိုးဘဲ သေချာတယ် ငါပြောရဲတယ် ယွန်းဂီတို့ကိုကူညီရင်းနဲ့ အဲ့နှစ်ယောက်လဲကြိုက်သွားရမယ်
"အွန်း ကူညီမယ်လေ"
"Okk"
"ကျေးဇူးပါ ဟာယောင်းnoona ဟို ကျွန်တော်ထက်ကြီးတော့အဲ့လိုဘဲခေါ်မယ်နော်"
"ရပါတယ်"
ချက်ချင်းကြီး noonaတဲ့
"ဟဲ့ ဂျောင်ဟိုဆော့ နင်ငါ့ကိုကျေးဇူးလေးမတင်ချင်ဘူးလား နင့်ကြည့်စတာ အူတိုနေတဲ့ရုပ်နဲ့ ဟိုကငါ့ကို noonaလို့ဘဲခေါ်တာနော် မိန်းမလို့ခေါ်တာမဟုတ်ဘူး"