Chapter (3) Unicode ✔ Ending

3.4K 282 32
                                    


ထပ်တူကျခဲ့သော အချစ်တစ်ခုသည်..
-------------------------------------------------

"Hello"

🗯["Bunnyလား"]

ထိုနာမ်စားကြားတိုင်း ရီပေါ်ပြုံးမိတာအမြဲ..၊ ဖုန်းနံပါတ်ကြည့်လိုက်တော့ စာအုပ်တိုက်ရဲ့ အယ်ဒီတာဆီက ဖြစ်နေတာမို့..

"အိမ်မှာ.ကျွန်တော်တစ်ယောက်တည်းနေတာ ၊ ဘယ်သူများ ဒီဖုန်းကိုကိုင်မှာလဲ?"

🗯"[အာ..ဟုတ်သားပဲ၊ ငါ့တို့စာအုပ်တိုက်လိပ်စာနဲ့ မင်းဆီကို ပါဆယ်ထုပ်တစ်ထုပ်ရောက်နေတယ်..၊ Canada က အမြန်ချောနဲ့ပို့လိုက်တာဆိုပဲ.."]🗯

ရီပေါ်ရင်ထဲထိတ်ခနဲဖြစ်သည်..။ ကိုကိုရယ် ကျွန်တော့်ကိုမုန်းလွန်းလို့ ဒိုင်ယာရီစာအုပ်တောင်ပြန်ပို့လိုက်တယ်ပေါ့ ၊ ရပါတယ်ဗျာ..ကျွန်တော်ကိုကမှားတာပါ..။ ရီပေါ်မှာအသံကိုထိန်းရင်း..

"ကျွန်တော် ခဏနေရင်လာယူလိုက်မယ်.."

တဖက်ကအလောတကြီးနှင့်..

"🗯[မလာနဲ့တော့ ၊ အရေးကြီးမယ်ထင်လို့ Delivery နဲ့ မင်းအိမ်ကိုပို့ခိုင်းလိုက်ပြီ မကြာခင်ရောက်လာလိမ့်မယ်.."]🗯

"အာ...ဟုတ်ကဲ့.."

ဖုန်းချပြီးသိပ်မကြာဘူး..၊ ပါဆယ်ထုပ်ရောက်လာတယ်..၊ ဒါပေမယ့် မိမိစာအုပ်ဆိုဒ်မဟုတ်ပဲ..အနည်းငယ်သေးနေတောကြောင့် ဗူးကိုအလျင်တဆောဆွဲဖြဲလိုက်တော့..မီးခိုရောင် Note Book လေးက ဆီးကြိုလို့..။

"ဟင်! "

အံဩမှုကြောင့် နှုတ်ခမ်းတို့ကခပ်ဟဟ..၊ ပထမဆုံးစာရွက်ကိုလှန်ကြည့်လိုက်တော့ ဝိုင်းစက်စက် လက်ရေးများကိုတွေ့လိုက်ရသည်..၊ မမှတ်မိစရာမရှိဘူး..ဒါက ကိုကို့လက်ရေးတွေ..။

နာမ်စားတစ်ခုက အဆိုးလေးတဲ့..၊ မတ်တပ်ရပ်နေရာမှ ရီပေါ်ခန္ဓာကိုယ်ဟာ တအိအိလဲပြိုကျသွားတယ်...၊

လွန်ခဲ့သော နှစ် ၄၀ ကျော်က ရင်တွင်းဖြစ်တွေတဲ့လား ကိုကိုရယ်..။

**** အဆိုးလေး...ကျွန်တော်သူ့ကိုအဲ့လိုပဲခေါ်ချင်တယ်..၊ သူကဆိုးလွန်းတယ်လေ..၊ ဆိုင်ကယ်တစ်စီးနဲ့လမ်းသရဲအတိုင်းပဲ..၊ အသက်မပြည့်သေးတယ့် ကောင်လေးက အဲ့လိုဆိုင်ကယ်စီးဖို့ မသင့်တော်ဘူး ၊ မင်းတစ်ခုခုဖြစ်ရင် ဒီကောင်ရင်ကျိုးရချည်ရဲ့***

"" အချစ်ဦးး """[[ COMPLETED ]]✔Nơi câu chuyện tồn tại. Hãy khám phá bây giờ