Chapter (2) Unicode ✔

2.2K 234 3
                                    


အတိတ်ရဲ့အရိပ်တစ်ချို့...
"""""""""""""""""""""""""""""

" နှလုံးရောဂါဖောက်တာပဲ  ခုတလောအဖေက ဆေးပုံမှန် မသောက်ဘူးထင်တယ်.."

စကားသံတွေ ကြားနေရသော်လည်း ရှောင်းကျန့်မျက်ခွံတို့က လေးလံပိတ်လို့ နေဆဲပင်ဖြစ်သည်..။ ထိုအချိန်မှာပဲ လူရွယ်တစ်ယောက်က အလောတကြီးနဲ့ အခန်းထဲဝင်လာပြီး..

"အစ်ကို..အဖေ့ဆီကို ရောက်လာတယ့် ပစ္စည်းပဲ..၊ ခရစ္စမတ်လက်ဆောင်လို့ပဲရေးထားတယ်..၊ ဘယ်သူ့ပို့တာလဲမသိဘူး.."

"စားပွဲပေါ်တင်ထားခဲ့လိုက်၊ မင်းတူလေးကိုအထဲကို မဝင်စေနဲ့ဦး ၊ ဒီကောင်လေးကြောင့်နေမှာ.အဖေ့ရောဂါဖောက်တာ.."

"ခု အပြင်မှာ မရီးနဲ့ဆော့နေတယ်လေ.."

သားနှစ်ယောက် စကားသံတွေကို နားထောင်ပြီး ရှောင်းကျန့်မှာမျက်လုံးကို အနည်းငယ်ဖွင့်ကြည့်လိုက်သည်..။ ပြီးနောက်..

"မင်းတို့နှစ်ကောင် သိပ်ဆူတာပဲ ငါခဏအနားယူဦးမယ် အခန်းထဲကထွက်သွား.."

ကုပ်ချောင်းကုပ်ချောင်းနဲ့ သားနှစ်ယောက် အခန်းထဲကထွက်သွားမှ စားပွဲပေါ်က လက်ဆောင်ဗူးလေးကို လှမ်းယူလိုက်တယ်..၊ မိန်းမသေပြီးတဲ့နောက်မှာ ခရစ္စမတ်လက်ဆောင် မရတာကြာပြီလေ..။

ရောင်စုံစက္ကူတို့အောက်မှ အနက်ရောင်စာအုပ်လေးတစ်အုပ်က သူ့ကိုလှောင်ရယ်နေသလိုပင်..၊ စာရွက်တွေက အဖြူရောင်ကနေ အဝါရောင်သို့ အနည်းငယ်ပြောင်းချင်နေကာ..သေချာထုတ်ပိုးထားပေမယ့် ​ေအာက်သိုးသိုးအနံ့ကတော့ ရနေဆဲ..။ စာအုပ်ကအတော်ကလေးကို ကြာပြီထင်တယ်..။

ပထမဆုံး စာမျက်နှာကိုလှန်လိုက်တော့ ကျောင်းဝတ်စုံနဲ့ ငယ်ငယ်တုန်းက ကိုယ့်ပုံစံလေးကို အသဲပုံတိတ်တွေနဲ့ ကပ်ထားကာ ကိုကို့ကိုရိပေါ်ချစ်တယ်လိုလဲ ရေးထားသေးသည်..။ ဟင် ဒါက...ရီပေါ် ...ရီပေါ်ဆီကပို့လိုက်တာလား?

နောက်တစ်မျက်နှာကို ထပ်လှန်လိုက်တယ်..။
လက်ရေးရှည်ရှည်လေးတွေက လှလှပပမင်းမူးလို့..။

****တောင်းပန်ပါတယ်ကိုကို ခုချိန်မှဒီစကားတွေကို ဖွင့်ပြောလိုက်ရလို့..၊ ကျွန်တော် ဆယ့်ငါးနှစ်ကတည်းက ဒိုင်ယာရီစာအုပ်လေးပါ ၊ တစ်ယောက်တည်းမွန်းကျပ်ခဲ့ရတာ နှစ် ၄၀ တောင်ရှိခဲ့ပြီ၊ ကျွန်တော်သည်းမခံနိုင်တော့ဘူး....****

"" အချစ်ဦးး """[[ COMPLETED ]]✔Onde histórias criam vida. Descubra agora