ငါဘဝအသစ်ကို ဝင်စားတာ ၁ပတ်ကြာခဲ့ပြီ
ပြီးတော့ ငါသိပ်တော့ပျော်ရွှင်မနေဘူး
ငါဝင်စားတဲ့ ခန္ဓာကိုယ်က ဆိုးရွားတဲ့အဆုံးသတ်ရှိတဲ့သူပဲ သူမကိုစောင့်ကြိုနေမယ့်အရာတွေက ပျော်ရွှင်
မှုတွေမဟုတ်ဘူး ညဉ်းဆဲမယ့်ကံတရားသာဖြစ်တယ်Elody McClair
မြို့်စား McClair ရဲ့သမီးဖြစ်ပြီး ဆယ်စုနှစ်အနည်းငယ်အကြာတွင် သေဆုံးဖို့ကံဇာတာပါသူဖြစ်တယ်
'ဟုတ်ပါတယ် ငါက ကံကောင်းတဲ့သူလို့ ငါ့ကိုယ်ငါ
တခါမှမယူဆခဲ့ဖူးဘူး'
ငါ့ဘဝအတွက် ဒုတိယအခွင့်အရေး အပေးခံရရင်
တောင်မှပေါ့Elody McClair ဆိုတာ ဝတ္ထုတခုရဲ့ဗီလိန်တယောက်ပဲ
ငါဒီကမ္ဘာကိုရောက်တဲ့အချိန် ငါဟာဝတ္ထုတခုထဲရောက်နေမှန်း မသိခဲ့ဘူးအစကတော့ ဒါကသာမန်မှော်လောကစိတ်ကူးယဉ်
ကမ္ဘာကြီးတခုလို့်ထင်ခဲ့မိတယ်ငါ့ခင်ပွန်း Caville Cernoir ကိုပဲကျေးဇူးတင်ရမှာ
ပဲ ဒါကြီးက စိတ်ကူးယဉ်ဝတ္ထုမှန်း ငါသိခဲ့ရတယ်Cavilleဆိုတာ အချစ်ဝတ္ထုတွေထဲက စိတ်ကူးယဉ်
ပုံဖော်ထားတဲ့ ဇာတ်လိုက်တယောက်ဖြစ်တယ်သူကချောမောတယ် ခန့်ညားတယ် သန်မာတယ်
စိတ်ထားကောင်းတယ် ပြီးတော့ ပါရမီရှင်တယောက်
ဖြစ်တယ်
'ဘာလို့လဲ...'
ဝမ်းနည်းစရာကတော့ ဇာတ်လိုက်မင်းသမီးဟာ
Elodyမဟုတ်ခဲ့ဘူးဇာတ်လိုက်မင်းသမီးက စစ်ပွဲတွေဖြစ်ပြီးနောက် သိပ်
မကြာခင် ပြိုကွဲသွားမယ့် Dayev အင်ပါယာရဲ့
မင်းသမီးတပါးဖြစ်တယ်ဒီဝတ္ထုထဲက Cavilleရဲ့Characterကို မေတ္တာသက်
မိတဲ့ အကြောင်းအရင်းတခု ငါ့မှာရှိတယ်သူ့ရဲ့ကံကြမ္မာဟာ ငါနဲ့ဆင်တူလို့ပဲ
Cavilleကို မွေးကင်းစအရွယ်မှာပဲ မြို့စားမင်း
Cernoirက မိဘမဲ့ဂေဟာမှာစွန့်ပစ်ခဲ့တယ် မိဘမဲ့ဂေဟာတွေမှာကလေးတွေဟာ လူကြီးတွေရဲ့နှိပ်စက်ညှဉ်းပန်းခြင်းကိုအကြီးအကျယ်ခံကြရတယ်
YOU ARE READING
ကွာရှင်းဖို့ အဆင်သင့်ပဲ (I'm ready for divorce mm trans)
Fantasiaမူလဇာတ်ကြောင်းမှာ ဇာတ်လိုက်ဟာ ငယ်စဉ်အချိန်တုန်းက သူ့ဇနီးဟောင်းရဲ့ နှိပ်စက်ခြင်းကိုခံခဲ့ရတယ် ဒါပေမယ့် အခုတော့ငါက ငါ့ရဲ့ငယ်ရွယ်တဲ့ခင်ပွန်းကို မောင်လေးလိုသေချာပြုစုစောင့်ရှောက်ခဲ့တယ် ငါ့ယောက်ျားစစ်ထွက်သွားချိန်မှာ ကွ...