အဲ့ဒီညမှာ Elodyဟာ အိပ်မောကျနေတဲ့ Caville
ကိုငေးကြည့်နေခဲ့သည်လွန်ခဲ့တဲ့တပတ် သူ့ကိုစတွေ့တဲ့အချိန်တုန်းက သူကအိပ်မက်ဆိုးတွေ အမြဲမက်နေခဲ့တယ်အခုရက်ပိုင်း
သူအေးအေးချမ်းချမ်းအိပ်နေတာကိုတွေ့ရတာ ဝမ်း
သာစရာပဲ သူအိပ်မက်ဆိုးတွေထပ်မမက်တော့ဘူး
ထင်ပါရဲ့'စိတ်မပူပါနဲ့ ငါ့ကလေးလေးရေ ငါမင်းရဲ့အိပ်မက်ဆိုးတွေကို ဖယ်ရှားပေးမှာပါ'
ပြီးတာနဲ့ Elodyဟာ ဒီဘဝအသစ်မှာ လုပ်ဖို့်ရှိတဲ့
အရာတွေကို စတင်တွေးတောတော့တယ်
'ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ Caville
စစ်တိုက်မထွက်ခင် ကောင်းကောင်းပြုစုပျိုးထောင်
ဖို့ပဲ'
သူ့ကိုစစ်မြေပြင်မပို့ချင်ပေမယ့် ဘုရင့်အမိန့်အရ မြို့်စားမင်း Cenoirဟာ စစ်တိုက်ကိုတိုက်ရမှာပဲ ပြီးတော့ ဒီစစ်ပွဲကိုရပ်တန့်ဖို့ စွမ်းအား သူမမှာမရှိလေဘူးCavilleစစ်တိုက်ဖို့သွားတဲ့အချိန် 13နှစ်သာရှိသေး
တယ် မူလဇာတ်ကြောင်းမှာဆိုရင် သူကနှိပ်စက်ခံ
ရပြီးကောင်းကောင်းလည်း မကျွေးမွေးခဲ့တဲ့အတွက်
သူ့ခန္ဓာကိုယ်ဟာ အလွန်အားနည်းနေခဲ့တယ်
ကံကောင်းစွာနဲ့ စစ်မြေပြင်မှာ နေရတဲ့နှစ်တွေမှာ
သူဟာ သိပ်ကိုခန့်ညားတဲ့လူတယောက်အဖြစ်
ကြီးပြင်းလာခဲ့တယ်"....."
'ငါ့ကလေးကို စစ်ပွဲကိုပို့ရမယ့်ဆိုတဲ့အတွေးက ငါ့ကို
ဝမ်းနည်းစေတယ် ငါသူ့ကိုတနေ့လက်လွှတ်ရမယ်ဆိုရင် သူ့ကိုအချစ်တွေနဲ့ကောင်းကောင်းပျိုးထောင်
ရမယ် ဒါမှ သူသန်မာတဲ့လူတယောက်ဖြစ်လာမှာ''ဒုတိယအနေနဲ့ Cavilleပြန်လာတဲ့အချိန်အထိ ဒီ
နယ်မြေကို ဘေးကင်းအောင် စောင့်ရှောက်ရမယ်'မြို့စားမင်းအပိုင်စားရထားတဲ့နယ်မြေဟာအလွန်
ကျယ်ပြောပြီး မြေသြဇာကောင်းမွန်တယ် ဒါပေမယ့်
ဒီနယ်မြေက ထုတ်လုပ်နိုင်စွမ်းကတော့ အလွန်နည်း
ပါးတယ် ဒါကလည်း အုပ်ချူ ပ်မှု ညံ့ဖျင်းတာကြောင့်
ဖြစ်တယ် အဲ့ဒါကြောင့်ပဲလုပ်နိုင်စွမ်းအားနဲ့ ထိထိရောက်ရောက်လုပ်ဆောင်နိုင်မှုတွေဟာ တဖြည်းဖြည်းကျဆင်းလာနေတာ အံ့သြစရာတော့မရှိပါဘူး
YOU ARE READING
ကွာရှင်းဖို့ အဆင်သင့်ပဲ (I'm ready for divorce mm trans)
Fantasiaမူလဇာတ်ကြောင်းမှာ ဇာတ်လိုက်ဟာ ငယ်စဉ်အချိန်တုန်းက သူ့ဇနီးဟောင်းရဲ့ နှိပ်စက်ခြင်းကိုခံခဲ့ရတယ် ဒါပေမယ့် အခုတော့ငါက ငါ့ရဲ့ငယ်ရွယ်တဲ့ခင်ပွန်းကို မောင်လေးလိုသေချာပြုစုစောင့်ရှောက်ခဲ့တယ် ငါ့ယောက်ျားစစ်ထွက်သွားချိန်မှာ ကွ...