No one P.O.V,
ဆောင်းဦးရဲ့ အငွေ့အသက်ကြောင့် ချမ်းစိမ့်စိမ့်ရှိလှသည်...မြူငွေ့တို့ အုံ့ဆိုင်းခြင်းရှိမနေသော်ငြား ဆောင်းငွေ့တို့က ရိုက်ခတ်ကျီစယ်လျှက်ရှိနေသည်
ညဘက်နှင်းကျထားသည့်အရှိန်ကြောင့် သစ်ရွက်တို့မှာ နှင်းရည်များစိုစွတ်ကာ စိမ်းလန်းနေကြသည်
တတောက်တောက်ကျနေသည့် ရေစက်သံတွေဟာလည်း တောအုပ်ထဲမှာ ပဲ့တင်လျှက်ရှိနေသည့်အပြင်
အမဲလိုက်ရာသီဖြစ်တာကြောင့်
တောအုပ်ငယ်လေးအတွင်း မြင်းခွာသံများဖြင့်လည်း ဆူညံလို့နေပါသည်။
မြင်းခွာသံတို့ကြောင့် ကျေးငှက် ၊သားရဲတို့က ထိတ်တလန့်လန့် ပြေးလွှားနေကြသည်။
ပြေးလွှားနေသော သားရဲတချို့ နောက်ကို ထိုမြင်းခွာသံတို့က ထက်ကြပ်မကွာ လိုက်လို့နေသည်။
အကြောင်းမှာ ချန်းချုံလင် ပြည်မ၏ အရှင်သခင် ဘုန်းတန်ခိုးအာနိသင်နှင့်ပြည့်စုံသော ပြည့်ရှင်မင်းကြီး Chan Yeol ၏ စစ်သည်ဗိုလ်ပေါင်းခြံရံလျှက် ကျင်းပသော ဆောင်းဦးအမဲလိုက်ပွဲပင်ဖြစ်သည်။
Kya •••••
" ဟိုဘက်ကို ထွက်သွားတာကို မြင်မိပါတယ် အရှင်မင်းကြီး"
စစ်သူကြီးရဲ့ စကားနောက်မှာတော့ မြင်းဇာတ်ကြိုးအား ညာဘက်သိတိမ်းစောင်းကာ ရွှေအိုရောင်သမင်နောက်သို့ ထပ်မံလိုက်ခဲ့တယ်။
"" ရပ် ""
သြဇာအာဏာ နှင့်ပြည့်ဝသည့် အမိန့်သံဟာလည်း မြင်းခွာသံများကို ဖုံးလွှမ်းသွားသည်နှင့်တပြိုင်နက်
တောအုပ်လေးအတွင်းတိတ်ဆိတ်မှုတွေကြီးစိုးလို့သွားသည်။ထိုသို့ ငြိမ်သက်သွားပြီးတဲ့နောက်မှာတော့ မင်းကြီးဟာ မြင်းပေါ်မှခုန်ဆင်းလိုက်ပါသည်။
နှင်းရည်တွေကြောင့် ပျော့ပျောင်းနေသည့် ရွံ့မြေပေါ်သို့ အသာအယာ ထိုင်၍ ထင်ကျန်နေတဲ့ ခြေရာငယ်တွေအား သေချာ စူးစိုက်ကြည့်နေသည်။
"" စစ်သူကြီး Oh """
"" မှန်လှပါအရှင်""
""မောင်မင်းပဲ ကိုယ်တော့နောက်လိုက်ခဲ့ ကျန်တဲ့တပ်သားတွေအားလုံး မြင်းစောင့်ဖို့နေခဲ့ချည် """
ESTÁS LEYENDO
Empress Is a Gu Mi Ho(ChanSoo)
Fanficဘုရင်တစ်ပါးနှင့် နတ်နန်း သခင် ၏ မြေခွေးဖြူလေးအကြောင်း.... ChanSoo