Part- 8

264 33 16
                                    

Zawgyi

ရွှယ်​ဖန်း ပတ်​ဝန်းကျင်​မှာ ဘယ်​သူမှမရှိတဲ့အလား....
အခန်းထဲမှာ သူတစ်​​ယောက်​တည်းရှိတဲ့အတိုင်း ​ခေါက်​ဆွဲကိုဖြည်းဖြည်းချင်းစား​နေခဲ့တယ်​..

လောင်​ဟန်​ စားတာကနည်းနည်း ​ငေးတာများများ ဖြစ်​​နေခဲ့တယ်​.. ရွှယ်​ဖန်းဆိုတဲ့ ​သွေး​အေးတဲ့နတ်​ဘုရားမ​လေးက ဘာလို့များအခု​လောက်​ထိကြည့်​​ကောင်း​နေရတာလဲ..

ရွှယ်​ဖန်း စားလို့ပြီးခါနီးအချိန်​ ​ခေါက်​ဆွဲဆိုင်​ အပြင်​ဘက်​မှာ အသံတစ်​ချို့ကြားလိုက်​ရ​တယ်​..
လောင်​ဟန်​​ရော ရွှယ်​ဖန်းပါ တိုင်​ပင်​စရာမလိုပဲ အခန်းအပြင်​ကို ထွက်​လို့အပြင်​ကအ​ခြေအ​နေကိုအကဲခတ်​လိုက်​ကြတယ်​...

သွေးသံတရဲရဲ နဲ့လူတစ်​ချို့ လမ်း​ပေါ်မှာ​ပြေးလွှား​နေကြပြီး...ပါးစပ်​ကလည်း တူညီတဲ့စကားတစ်​ချို့ကို ​ကြောက်​ရွံ့တဲ့​လေသံနဲ့​ပြော​နေကြတယ်​....
သူတို့အမူအယာ​တွေက ​သွေးပျက်​ဖွယ်​ရာ တစ်​ချို့ကိုမြင်​လိုက်​ရတဲ့ အလား က​ယောင်​ကတန်းဖြစ်​​နေကြတယ်​....
ဆောက်​တည်​ရာမရဖြစ်​​နေကြတယ်​...

"မိစ္ဆာ ​တွေ လာ​နေပြီ...ကယ်​ကြပါ... မိစ္ဆာ​တွေ..အား  ကျွန်​​တော့်​ကို မသတ်​ပါနဲ့ ချမ်းသာ​ပေးပါ"

အော်​သံ​တွေက ​ကြောက်​လန့်​တကြား ဖြစ်​​နေကြတယ်

"ကယ်​ကြပါ...ကယ်​ကြပါ.. မသတ်​ပါနဲ့.. .​တောင်းပန်​ပါတယ်​....အား...မိစ္ဆာ​တွေ ..ကယ်​ကြပါ"

လောင်​ဟန်​ သူ​ရှေ့ကမြင်​ကွင်းကို မယုံကြည်​နိုင်​ဖြစ်​​နေခဲ့တယ်​....
အတိတ်​တုန်းက ဒီလိုအဖြစ်​အပျက်​မရှိခဲ့ဖူးဘူး..

ရွှယ်​ဖန်း ​ပြောခဲ့တုန်းက ဒီတိုင်း အ​ကြောင်းပြချက်​​ပေးတယ်​လို့ထင်​ထားခဲ့တာ...
အခုကျ တကယ်​ဖြစ်​​နေပါလား...
ဒါ​တွေက အချိန်​​နောက်​ပြန်​လာခြင်းနဲ့များ.သက်​ဆိုင်​​နေမလား....

အတိတ်​တုန်းက အ​ကြောင်းအရာ ​တွေနဲ့ အခုဖြစ်​​နေတာ​တွေက အ​တော်​ကွဲပြား​နေခဲ့တယ်​....

လောင်​ဟန်​ ​ဘေးကိုပြန်​ကြည့်​လိုက်​​တော့ ထင်​ထားတဲ့အတိုင်းဖြစ်​လာပါလားဆိုတဲ့ မျက်​နှာထားနဲ့ ရွှယ်​ဖန်းကိုမြင်​လိုက်​ရတယ်​....

အချိန်​ ​စောင့်​​ရှောက်​သူ ( Z + U )  Where stories live. Discover now