Part- 4

350 39 2
                                    

Zawgyi

တစ်​​နေ့မှာ မင်​ဟွားတစ်​​ယောက်​ ​ကောင်းကင်​နန်း​တော်​မှာ သူမကိုယ်​တိုင်​ စီစဉ်​ကျင်းပမယ့်​ ပန်းပွဲ​တော်​အတွက်​ ​လောင်​ဟန်​ကို လာဖိတ်​ခဲ့တယ်​..။မင်​ဟွားက သူမအစ်​ကို​နေတဲ့ ​တောအုပ်​အစပ်​နား ​ရောက်​ရင်​ပဲ နတ်​တန်​ခိုးကို အသုံးမပြု​တော့ပဲ လမ်းပဲ​လျှောက်​လာခဲ့တယ်​..

ပုံမှန်​လိုပဲ မင်​ဟွားဟာ ပတ်​ဝန်းကျင်​ကို ​ငေး​မောရင်း ​လျှောက်​လာခဲ့တယ်​....။တစ်​​နေရာ အ​ရောက်​မှာ ဖြူ​ဖြူ​ဖွေး​ဖွေး လုံးဝန်းတဲ့ပုံနဲ့ ယုန်​​လေးတစ်​​ကောင်​ဟာ တုန်​ရီစွာ လမ်းမှာ လဲ​နေတာကို ​တွေ့လိုက်​ရတယ်​....။ မင်​ဟွားလည်း ယုန်​​လေး နားကို သွားကြည့်​လိုက်​​တော့ ယုန်​​လေးဟာ ညာဘက်​ ​ခြေ​ထောက်​မှာ ဒဏ်​ရာ ရထားတာကို​တွေ့လိုက်​ရတယ်​...

မင်​ဟွား သနားပြီး ယုန်​​လေးကို ​ဖြေး​ဖြေး​လေးကိုင်​ပြီး ​ပွေ့ချီလိုက်​တယ်​။
" ယုန်​​လေး မင်းဒဏ်​ရာ ရ​နေတာပဲ ဒီက မမက​ဆေးထည့်​​ပေးမယ်​ "  ဆိုပြီး ​ပြောလိုက်​တယ်​...

အဲ့အချိန်​ ယုန်​​လေးရဲ့ မျက်​လုံးထဲမှာ ရှုပ်​​ထွေးမှု အရိပ်​အ​ယောင်​​တွေ ဖြတ်​သန်းသွားတယ်​ ဒါ​ပေမယ့်​ အဲ့တာဟာ ခဏ​လေးပဲ ဖြစ်​တယ်​..။ မင်​ဟွားက​တော့ မ​တွေ့လိုက်​ပါဘူး ဘာလို့ဆို သူမက ယုန်​​လေးရဲ့ ​ခြေ​ထောက်​က ဒဏ်​ရာကို ​ဆေးထည့်​​ပေးဖို့ လုပ်​​နေတာ​ကြောင့်​ဖြစ်​တယ်​..

မင်​ဟွား က ယုန်​​လေးကို နာသွားမှာစိုးလို့ ​သေချာဂရုတစိုက်​ ​ဆေးထည့်​​ပေး​နေခဲ့တယ်​..။ ပြီး​တော့ ပတ်​တီး​သေချာစည်း ​ပေးလိုက်​ပြီး
" ယုန်​​လေး​ရေ မင်း​ခြေ​ထောက်​ပြန်​​ကောင်းသွားမှာပါ  မမ ​သေချာ​ဆေးထည့်​​ပေးထားတယ်​ "  အဲ့လို ​ပြော​နေတုန်း သူမဆီ ​လောင်​ဟန်​ လာ​နေတာကို ​တွေ့လိုက်​​တော့ မျက်​လုံး​လေးကို လခြမ်း​လေးလို ​ကွေးတဲ့အထိရီလိုက်​တယ်​..ပြီး​တော့ ​လောင်​ဟန်​ကို ​ပျော်​​နေတဲ့ အသံ​လေးနဲ့ ​ပြောလိုက်​တယ်​  "  အစ်​ကို​တော်​ ဒီမှာကြည့်​ ညီမ​လေး ယုန်​​လေး ဒဏ်​ရာ ရ​နေတာ​တွေ့လို့ ​ဆေးထည့်​​ပေး​နေတာ  "  လို့​ပြောပြီး ယုန်​​လေးကို ​မြှောက်​ပြလိုက်​တယ်

အချိန်​ ​စောင့်​​ရှောက်​သူ ( Z + U )  Onde histórias criam vida. Descubra agora