Part- 3

400 33 0
                                    

Zawgyi

ဒါနဲ့ပဲ ရွှယ်ဖန်း​​ဟာ သူ့ကိုအထဲ​ခေါ်ပြီး ခုံ​ပေါ်မှာထိုင်​ခိုင်းလိုက်​တယ်​..ပြီး​တော့ မိုး​ရေ​တွေစို​နေတဲ့ သူ့ကို အ​နွေးဓာတ်​ရ​အောင်​ သူမ​သောက်​​လေ့ရှိတဲ့ လက်​ဖတ်​ရွက်​နု​လေး​တွေနဲ့ ကျိုထားတဲ့ လက်​ဖတ်​ရည်​ကြမ်း ကိုတိုက်​လိုက်​တယ်​..

သူ လက်​ဖတ်​ရည်​ကြမ်း​သောက်​​နေတုန်း ရွှယ်​ဖန်း ဟာ အချိန်​​တွေကိုတွက်​ချက်​လိုက်​တယ်​။ သူမအံ့သြ သွားခဲ့တယ်​ ဘာလို့ဆို သူမ​ရှေ့ကလူဟာ နတ်​ဘုရားတစ်​ပါ ဖြစ်​​နေလို့ပဲ ဒါ​ပေမယ့်​ ဘယ်​အရာကိုပိုင်​ဆိုးပြီး ဘယ်​လိုရာထူးရှိလဲလို့ သူမမသိခဲ့ပါဘူး။

ရွှယ်​ဖန်း  စဉ်းစားလိုက်​တယ်​ သူဟာနတ်​ဘုရားတစ်​ပါး ဖြစ်​​နေတဲ့အတွက်​ နတ်​သက်​ကိုနှုတ်​ယူတာဟာ အဆင်​မ​ပြေဘူး အဲ့အတွက်​ သူဟာ တခြားတစ်​ခုကို အစားထိုး​ပေးရလိမ့်​မယ်​..။ရွှယ်​ဖန်း ​ပြောလိုက်​တယ်
" မင်းဟာ နတ်​ဘုရားတစ်​ပါးပဲ ဒါ​ကြောင့်​မင်း နတ်​သက်​ကို နှုတ်​ယူဖို့မဖြစ်​နိုင်​ဘူး အဲ့အစားမင်းဟာ မင်းအသံကိုဆုံးရှုံးရလိမ့်​မယ်​ "  လို့​ပြောလိုက်​​တော့.....သူဟာ ​ခေါင်းညှိမ့်​ရင်း​ပြန်​​ပြောတယ်​ " ဖြစ်​တယ်​ "

ရွှယ်​ဖန်း  လည်း သူ့​ရှေ့ကသူကို အတိတ်​ကို ပြန်​ပို့ဖို့လုပ်​ရင်း မှာလိုက်​တယ်​    " မင်းမှတ်​ထားပါ မင်းဟာ မင်းရဲ့ အတိတ်​ကို မပြင်​နိုင်​ရင်​​တောင်​မှ ကြိုးစားရှင်​သန်​ခဲ့ပါ မင်းရဲ့အတိတ်​ကို ​ကျော်​လွန်​ပြီးတာနဲ့ မင်းရဲ့အသံသာ ​ပျောက်​ကွယ်​သွားလိမ့်​မယ်​ " လို​ပြောလိုက်​တယ်​။ အဲ့လူဟာ သူနားလည်​တဲ့အ​ကြောင်းကို ​ခေါင်းတစ်​ချက်​ညှိမ့်​ပြရင်​ "  ​ကျေးဇူးတင်​ပါတယ်​ ရွှယ်​အာ " ဆိုပြီး ​ပျောက်​ကွယ်​သွားခဲ့တယ်​။

ရွှယ်​အာ​ ​တွေ​ဝေသွားမိတယ်​ သူမကို ရွှယ်​အာလို့​ခေါ်တာ သူမဆရာတစ်​​ယောက်​ပဲရှိခဲ့တယ်​ သူက သူမကို ရွှယ်​အာလို့​ခေါ်လိုက်​​တော့ သူကဘယ်​သူလဲ သူမဆရာနဲ့ဘယ်​လိုပက်​သက်​လဲ ဆိုတဲ့​မေးခွန်း​တွေ သူမ​ခေါင်းထဲပြည့်လာခဲ့တယ်​။

အချိန်​ ​စောင့်​​ရှောက်​သူ ( Z + U )  Hikayelerin yaşadığı yer. Şimdi keşfedin