[Unicode]
"မင်းကဒီမှာဘာလုပ်နေတာလဲ.."
"ခေါင်းဆောင်..ကျွန်တော်ဒီမှာ တစ်ညလုံးစောင့်နေပေးမှာမို့လို့စိတ်ချလိုက်ချသာအိပ်လိုက်ပါ..ပြီးတော့
မနက်ကိစ္စ.. တောင်းပန်ပါတယ်.."တံခါးဝမှာရပ်နေဆဲ Binဘက်ကိုလှည့်ကာ ခေါင်းငုံ့လျက်သားနဲ့ Kaiကပြောတယ်..
"ရပါတယ်.."
Binကပြောပြီးတာနဲ့ တံခါးကိုချက်ချင်းဆွဲပိတ်လိုက်တယ်..အချိန်ခဏလေးဆိုပေမယ့် Kaiဆီကနေ စစ်သည်တွေအတွက် ဆေးဖက်ဝင်သစ်ဥသစ်ဖုတွေနဲ့သီးသန့်ဖော်စပ်ထားတဲ့ အမွှေးနံ့သာခဲရဲ့ ပြင်းရှရှအနံ့ကိုရလိုက်တယ်..ကိုယ်တိုင်လဲရံဖန်ရံခါအသုံးပြုတတ်ပေ
မယ့် အခုလိုသင်းသင်းပျံ့ပျံ့နဲ့တော့မွှေးမနေသလိုပဲ လို့ Binတံခါးကိုကျောနဲ့မှီကာတွေးနေမိတယ်.."ဒီညရော အိပ်ပျော်ပါ့မလား.."
နေ့တိုင်းလိုပဲ လုပ်နေကျအတိုင်းခပ်တိုးတိုးရေရွတ်လိုက်တယ်..
_____
𖧷လူတစ်ယောက်ရဲ့နှလုံးသားထဲကအတွေးတွေကို
သူကိုယ်တိုင်ထုတ်မပြောရပဲနဲ့တောင် သိနေပြီဆိုရင်
သေချာပါတယ်..မင်းသူ့ကိုချစ်နေမိပြီ..
_____ညဖက်တွေဆို သူ့ပေါင်ပေါ်မှာမှမဟုတ်ရင် လုံးဝအိပ်မပျော်တတ်တဲ့ Binက သူမရှိတဲ့တစ်လျှောက်လုံးဘယ်လိုများအိပ်စက်ခဲ့ပါသလဲ..အိပ်မပျော်ရင်စိတ်မကြည်တတ်တဲ့ Bin တစ်ယောက်တည်းအဆင်ရောပြေခဲ့ရဲ့လား..
Kaiငြိမ်သက်နေတဲ့အခန်းရှေ့မှာ သတိအပြည့်နဲ့ရပ်နေရင်း တွေးနေမိတယ်..အတွေးနယ်မြေထဲမှာ ဟိုဘက်ဒီဘက်ပြေးလွှားနေတဲ့ Binကိုမမောဘူးလို့လားတောင် မေးလိုက်ချင်မိတယ်..
"မင်း ခဏဝင်ခဲ့ဦး.."
ကိုယ်တိုင်ဖန်တီးထားတဲ့အတွေးဝဲဂယက်ထဲမှာ နစ်မြုပ်နေတုန်းအနောက်ဘက်ကနေ Binရဲ့ခေါ်သံကိုကြားလိုက်ရတယ်..ရင်ဘတ်ထဲ ခံစားချက်ကတော့ ပျော်သွားသလို၊ ဝမ်းနည်းသွားသလို ရောထွေးနေဆဲ..
"ခေါင်းဆောင်..ဘာအလိုရှိလို့လဲ"
"အဲ့ဒီနေ့ညတုန်းက ငါအိပ်ပျော်နေတုန်းမို့လို့ မင်းပေါင်ပေါ်မင်းဘာသာ ခွင့်ပြုချက်မရှိပဲရွှေ့လိုက်တာမလား.."
YOU ARE READING
𝑌𝑜𝑢 𝑎𝑟𝑒 𝑡ℎ𝑒 𝑅𝑒𝑎𝑠𝑜𝑛《𝐷𝑒𝑚𝑖𝑔𝑜𝑑》(𝐋𝐎𝐕𝐄 𝐂𝐨𝐧𝐭𝐞𝐬𝐭)
Fantasy𝑌𝑜𝑢 𝑎𝑟𝑒 𝑡ℎ𝑒 𝑅𝑒𝑎𝑠𝑜𝑛 𝑜𝑓 𝑚𝑦 𝑒𝑣𝑒𝑟𝑦𝑡ℎ𝑖𝑛𝑔...