Final

1.3K 60 3
                                    

ရှောင်းကျန့်တစ်ယောက်တွေဝေစွာနှင့်ဂီတဖျော်ဖြေပွဲကိုရောက်ရှိလာချိန်မှာတော့ကွမ်းယောင်ကကျေးဇူးတင်စကားပင်ပြော၍နေသည်။
ထို့နောက်ဆရာကျားလော့ကသီချင်းသစ်တစ်ပုဒ်ဖြင့်စတင်ဖျော်ဖြေသည်။
ရာသီဥတုကလည်းသဘောကောင်းစွာဖြင့်မိုးလေကင်းလွတ်၍နေ‌ေသးသည်။
ရှေ့VIP နှစ်တန်းကလွဲလျှင်မတ်တပ်ရပ်Showဖြစ်သည့်အတွက်၊ရှောင်းကျန့်ကခုံမှာသွားမထိုင်ပဲမတ်တပ်ရပ်၍သာစင်ပေါ်ကိုငေးနေမိ၏။
ရင်အစုံကလည်းတူရီယာနှင့်Sound Boxသံတို့ကြောင့်ရယ်လားမသိ၊ကတုန်ကယင်ရှိလှသည်ဖြစ်ရာ၊လက်နှစ်ဖက်ကိုရင်ဘက်နားယှက်၍ပိုက်ထားရင်းခပ်ယို့ယို့သာငေးနေမိသည်။
ဆရာကျားလော့ဖျော်ဖြေမှုအပြီး၊ဝမ်ရိပေါ်ဆိုသောကြေငြာသံနှင့်အတူ၊အမျိုးသမီးငယ်တို့၏သည်းသည်းလှုပ်အော်သံတို့ကကွင်းပြင်တစ်ခုလုံးတုန်ဟီးမတတ်ပင်။
နောက်ခံဂီတလေးဖြေးဖြေး၀င်ရောက်လာခြင်းနှင့်အတူStage၏Background အရောင်ကအပြာဖျော့‌ေဖျာ့လေးကိုပြောင်းလည်းသွားပြီး၊မီးရောင်တို့ကပါမှိုန်၍ပြာလဲ့လဲ့သို့ကူး၍သွားသည်။
သူလွမ်းနေရသည့်သူ့ရဲ့ကြယ်တံခွန်လေးက၊
ကုတ်အနက်ရောင်၊သက္ကလပ်ဘောင်းဘီအနက်ကြားလေးနှင့်လူကြီးလူကောင်းဆန်စွာ။အနည်းငယ်ရှည်စပြု‌ေနသည့်အညိုရောင်ဖျော့ဖျော့ဆံနွယ်တို့ကိုနှဖူးပေါ်လှန်၍တင်ထားပုံကတည်ကြည်လွန်းသည့်ယောင်္ကျားတစ်ဦး၏ညို့ဓါတ်ကိုပိုလို့ပင်တိုးစေသယောင်။
Acoustic Guitarဟောင်း အညို‌ေရာင်လေးကိုပိုက်ရင်း၊ဆုံလည်လို့ဆိုရမည့်နောက်မှီမပါခုံဝိုင်းလေးပေါ်နေရာယူလိုက်ချိန်တွင်တော့၊ဖျော်ဖြေပွဲတစ်ကွင်းလုံး "ရိပေါ်၊ရိပေါ်"ဆိုသည့်သံပြိုင်အား‌ေပးသံတို့ကမိုးထိတော့မလိုပင်။
သူပထမဆုံးမြင်ဖူးသောရိပေါ်၏စင်မြင့်ဖျော်ဖြေပွဲမြင်ကွင်းသည်၊သူတို့နှစ်ယောက်စိတ်ကူးဖူးခဲ့သည်ထက်များစွာခမ်းနားနေသလို။သူတို့နှစ်ယောက်ကြားကအကွာအဝေးကိုပိုပို၍သိသာလာစေပြန်သည်။မျက်ရည်‌ေတွ‌ေဝ့‌ေန‌ေသာရှောင်းကျန့်ကသိမ်ငယ်စွာ၊ဂုဏ်ယူစွာ၊နှမြောသတစွာ၊ပီတီဖြစ်စွာဖြင့်ခံစားချက်‌ေတွ‌ေရာပြွန်းလျက်စင်ပေါ်ကကြယ်ပွင့်ကလေးကိုသာငေးနေမိ‌ေတာ့သည်။
"ကျွန်တော်နှုတ်ကဖွင့်ပြောဖို့ခက်နေတဲ့စကားတွေကို၊သံစဉ်တွေအဖြစ်ပြောင်းခဲ့တာမလို့။ပထမဆံုးဆိုပြမယ့်ဒီသီချင်းကို၊ဒီပွဲထဲရောက်နေတဲ့ကျွန်တော့သက်ဆိုင်သူနဲ့အတူနားဆင်ပေးကြပါဦး"
သူရောက်နေသည်ကိုပင်မသိနိုင်သည့်ဝမ်ရိပေါ်ကနှုတ်ဆက်စကားကိုမဆိုစဖူးခပ်ရှည်ရှည်နှုတ်ဆက်ရင်း၊ရှေ့ဆုံးခုံကမျန်မျန်တို့ဘက်ခါးလေးကိုင်း၍နှုတ်ဆက်လိုက်ပုံ‌ေကြာင့်၊
သူ့အသည်းတွေကိုစောင့်ဆွဲ၍ဖြုတ်လိုက်သလိုဗြုတ်ကနဲနာကျဉ်ရပြန်သည်။
ဂီတာသံလေးခပ်ဖြည်းဖြည်းနောက်မှာသူ့နှလုံးသားလေး၏ခပ်ရှရှအသံလေးကအေးမြစွာစီးဆင်းလာသည်။
🎼🎼🎼🎼၀မ်းနည်းနေတဲ့နှလုံးသားကိုမကျော်လွှားနိုင်ခဲ့ဘူး....အိပ်မပျော်တဲ့မှောင်မိုက်ညတွေကိုအခါခါထပ်သည်းခံရင်း🎼🎼🎼
ငါ့စိတ်အားငယ်မှုတွေကိုဂရုမစိုက်ပဲ..နှလုံးသားကင်းမဲ့မနက်ခင်းတွေထဲအခါခါနိုးခဲ့ရပြီ။🎼🎼🎼ဒါဏ်ရာကထင်ထားတာထက်ပိုနာလွန်းပြီး။.....နာကျင်မှုကထင်ထားတာထက်ပိုနက်လွန်းခဲ့တယ်။🎼🎼🎼
မင်းကိုနာကျဉ်းဖို့ကြိုးစားရင်းကုန်ခဲ့တဲ့ညတွေဟာ...ကိုယ့်အတွက်ငရဲခန်းလိုပါပဲကွာ🎼🎼🎼🎼
‌ဖျော်ဖြေပွဲတစ်ခုလုံးရိပေါ်၏ဝမ်းနည်းသံစွက်‌ေနသည့်ဆွေးဆွေးမြေ့မြေ့အသံလေးကလွဲရင်အပ်ကျသံပင်မကြားရအောင်၊စီးမြောနာကျဉ်နေကြသည်။Background LED မှာပေါ်နေသောရိပေါ်၏မြင်ကွင်းကျယ်ပုံရိပ်တို့မှာပင်မျက်ဝန်းမှာမျက်ရည်စတို့ကတလတ်လတ်။
ထိုမြင်ကွင်းနှင့်အသံလေးကိုကြားရသည်မှာနာကျဉ်လှသည်ဖြစ်၍ရှောင်းကျန့်ကထွက်ခွာဖို့ခြေလှမ်းကို‌ေနာက်သို့ဆုတ်သည်။
သို့‌ေသာ်မည်သည့်အချိန်က‌ေရာက်နေမှန်းမသိသောဟောက်ရွှမ်းကသူ့ပုခုံးတို့ကိုအသာထိန်းကိုင်ထားရင်း၊ဆက်ကြည့်ပါဦးဆိုသည့်သ‌ေဘာဖြင့်စင်မြင့်ဆီသို့မေးငေါ့၍ပြသည်။
ရိပေါ်ကဂစ်တာလေးကိုချရင်းWireless Mic လေးကိုကိုင်ကာ၊ပွဲကြည့်စင်အောက်ကိုဖြည်းညှင်းစွာလျောက်လာရင်းဒုတိယအပိုဒ်ကိုဆက်၍သာသီဆို၏။
🎼🎼ငါ့ဘေးမှာရှိပေးပါ(ကျေးဇူးပြု၍)
🎼🎼ငါ့ဆီမှာပဲနေပေးပါ။
မင်းလက်ကိုဆုပ်ကိုင်မယ့်ငါပါ။
ဒီတစ်ခါတော့လက်မလွှတ်လိုက်ပါနဲ့လားကွာ🎼🎼🎼

You've reached the end of published parts.

⏰ Last updated: Oct 22, 2020 ⏰

Add this story to your Library to get notified about new parts!

Fable (Completed)Where stories live. Discover now