Part-4

686 48 0
                                    

အမိမြေပြန်ရောက်ပြီးနောက်ပိုင်း၊အပြည့်အ၀အနားယူနေသောရှောင်းအိမ်တော်၏
သခင်လေးတစ်ယောက်‌ကတော့
အိမ်က‌ခြေစုံကန်ပြီး‌အချစ်ကိုကိုးကွယ်ခဲ့သည့်တစ်နှစ်၊နိုင်ငံကနေပါအ‌ေဝးသို့ခွဲခွာခဲ့‌သည့်၅နှစ်စုစုပေါင်း၆နှစ်ကိုအပြည့်အဝပြန်ယူနေသည့်အလားအိမ်ပြင်မထွက်ပဲအိမ်ကပ်၍သာနေသည်။
"သားကျန့်...မနေ့က‌ပါမောက္ခချုပ်ကဖုန်းဆက်တယ်ဆိုဘာတဲ့လည်း"

"ဟုတ်တယ်မား...သားကို‌ေကျာင်း‌ေတွပြန်
မဖွင့်ခင်ပဲ၊ဌာနမှုးရာထူးလွှဲယူပေးဖို့နဲ့
Projectလေးတစ်ခုဦးဆောင်‌ေပးဖို့ဆက်တာ။
အခုလက်ရှိဌာနမှုးကသားကိုလွှဲပြီးတာနဲ့‌ေကျာင်းကအနားယူပြီးပြခန်းတာဝန်ခံချုပ်အဖြစ်ပြောင်းတော့မှာလေ"

"သားကျန့်လေးလည်း.. အလုပ်မဝင်ခင်
အပြင်လေးဘာလေးထွက်လည်လေ၊ကျန်းချန်မအားဘူးလား။
ကျန်းချန်မအားလည်းသားရဲ့စင်ဒီတို့၊ဝီလီတို့ဘာညာရည်းစားတွေရှိတယ်မှတ်လားထွက်လည်ပါဦးလား။ဟင်းဟင်း။
အိမ်ထဲမှာပဲကပ်နေတာတစ်လနီးပါးရှိပြီဟာ...မားသားလေးရဲ့မျက်နှာမလန်းဘူးနော်။
သားရဲ့ပါးမရှိတော့တဲ့ဒီဖက်နှစ်တွေမှာ..မားရဲ့သားလေးပျော်ရွှင်ဖို့ကလွဲရင်မားအတွက်
တခြားဘာမှအရေးမကြီးတော့ဘူးဆိုတာသိတယ်မလား..သားကျန့်လေးရယ်"

"ဟီးးမားကလည်း...သားဘာမှမဖြစ်ပါဘူးမားရယ်...
အိမ်ကိုလွမ်းနေလို့။အိမ်ထဲမှာပဲမား‌နဲ့နေရတာပျော်လို့...ဟီး"

ယုန်သွားတွေပေါ်တဲ့အထိပြုံးပြလာသည့်၊အပြုံးမမည်သောအပြုံး‌ေတွနှင့်ပင်၊
ဘယ်အခါကြည့်ကြည့်ရှုမငြီးရသည့်သူ့အသည်းအသက်လေး။အနုပညာမေဂျာ၏ဌာနမှူးရာထူးယူရတော့မည့်၊ပါရဂူဘွဲ့ရတက္ကသိုလ်ဆရာတစ်‌ေယာက်ကသူ့မျက်စိထဲမှာတော့ပီဘိကလေးလေးသာ။
ကြွယ်၀သောရှောင်းအိမ်၏အမွေဆက်ခံသူအဖြစ်သား‌ေလးကိုအိမ်ထောင်ချ‌ေပးရန်အရွယ်ရောက်ပြီဟုဆွေမျိုးများကတိုက်တွန်း‌ေနကြသည်။
သူ့ဖခင်မဆုံးမှီက၊အချစ်ရေးပြဿနာ‌နှင့်အိမ်ကအမွေဖြတ်ခံသည်အထိခေါင်းမာခဲ့ဖူးသောသားလေး၏အိမ်ထောင်ရေးကိုသူထပ်မံ၍မစွက်ဖက်လိုပါ။ရည်းစားများသည့်သား‌ေလးက၊အိမ်‌ေထာင်ပြုရန်စကားလမ်း‌ေကြာင်း‌ေပါ်သို့ပင်အတက်မခံသည့်အခါ၊သူအသာတကြည်ပင်လက်‌ေလျာ့ခဲ့သည်။
အချစ်မှာအထိနာဖူးခဲ့သည့်ကလေးမလို့၊ထပ်မံမနာကျင်စေလိုတော့ပါ။
မိသားစုလုပ်ငန်းကိုလည်းသူမကသာဦးစီးပေးထားရပြီး၊သားဝါသနာပါရာပညာရေးနှင့်အနုပညာလမ်းကြောင်းကိုလျောက်လမ်းခွင့်ပြုခဲ့သည်။
"မား...မားးး
အားယိုးးးမားဘာတွေတွေးနေတာလဲသားခေါ်နေတာလည်းမကြားဘူး။"
"အလို....
ကပ်ရက်ထိုင်နေတာကိုဘာလို့အာပြဲကြီးနဲ့အော်နေရတာလည်းကိုကိုကျန့်ရယ်..မားနားတွေကွဲပါပြီ...ကလေးစုတ်လေးရဲ့"

"ဟီးးးမားကသားခေါ်နေတာမှမကြားတာကိုးး။သားအဲ့projectအတွက် တစ်လလောက်ခရီးထွက်ရလိမ့်မယ်လို့။အဲ့မှာနေဖို့စားဖို့က၊
သားတို့တက္ကသိုလ်နဲ့အနုပညာကော်မတီတွေနဲ့ကပေါင်းပြီးစီစဉ်ပေးကြမှာ။"

"မားသိတယ်....ဆရာကြီးပြောတယ်။
အဲ့မှာအရမ်းအေးတာသားလေးရဲ့။သားတို့ကိုစီစဉ်ပေးထားတဲ့နေရာမှာတည်းခိုလို့အဆင်မပြေရင်၊မားတို့Resortကိုပြောင်းနေလေသားကလည်း။"

"ဟာ...မားကလည်းမ‌ေနချင်ပါဘူး...
အားလုံးအတူပူးပေါင်းမှအချင်းချင်းနားလည်မှုရပြီးပိုရင်းနှီးမှာမားရဲ့။သားတော့သူတို့နဲ့အတူနေမယ်ပြောလိုက်ပြီ။နိုင်ငံ့အနုပညာအသင်းကဆို‌ေတာ့မင်းသမီ‌း‌ေလး‌ေတွ၊
ပန်းချီဆရာ‌ေချာ‌ေချာ‌ေလး‌ေတွ၊Dancer မိုက်မိုက်လေးတွေပါလာချင်ပါလာမှာမားရဲ့၊
ချစ်သူအသစ်တွေဘာတွေတောင်ရချင်ရလာမှာနော်...မားသားလူ‌ေချာလေးက"

"ဟားဟား...ဟုတ်ပါပြီ။ပြန်လာရင်ချစ်သူအသစ်လေးနဲ့ပျော်နေတာတွေ့ချင်ပါတယ်တော်..ဟားဟား"

✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️

Music & Art Collaboration Project

"ဆရာရှောင်းရေ..ဒီတစ်‌ေခါက်‌ေကာ်မတီရဲ့စိတ်ကူးနဲ့ကျွန်တော်တို့တက္ကသိုလ်ဘက်ကတာဝန်ယူရမယ့်အစီအစဉ်ကတော့
ခေတ်အဆက်အဆက်အောင်မြင်လာတဲ့တရုတ်ကိုယ်တိုင်ရေး/ဆိုသီချင်းတွေကိုကျွန်‌ေတာ်တို့တက္ကသိုလ်ရဲ့Art တွေနဲ့ပေါင်းစပ်ပြီး၊ရသအသစ်ပေးချင်တာမျိုးဗျာ"
"ဆရာရှောင်းကပညာရှင်တ‌ေယာက်အ‌ေနနဲ့Art ဘက်ကနေprojectကိုတာဝန်ယူပေးပါဦး၊
Planning၊Gallery Designနဲ့ စိတ်ကူး ကို‌ေတာ့ဆရာရှောင်းကိုအပ်ပါတယ်။ဂီတဖက်အပိုင်းကိုအနုပညာအဖွဲ့အစည်းက‌ေရွးချယ်ထားတဲ့‌ေခတ်အဆက်ဆက်ဂီတကျွမ်းကျင်သူတွေကဆရာ့ကိုပံ့ပိုးပေးပါလိမ့်မယ်။"
"ဟုတ်ကဲ့ပါ..တစ်လဆိုတာကပြပွဲ၇ရက်ပါအပြီးအစီးကာလလားဆရာကြီး"
"မဟုတ်ဘူးဗျ..အနုပညာရှင်တွေကမနက်ဖြန်ရောက်လာကြလိမ့်မယ်။ဒီအပန်းဖြေစခန်းရဲ့ရှု‌ေမျှာ်ခင်းနဲ့ခံစားချက်ကိုခံစားပြီးမှပြပွဲနဲ့လိုက်ဖက်မယ့်သူတို့သီချင်းတွေကိုစပြီးရွေးချယ်ကြမှာ။သီချင်းအသစ်တပုဒ်ဆီလည်းပါမယ်။
သူတို့ရွေးချယ်တဲ့အပေါ်မူတည်ပြီးကျွန်တော်တို့တက္ကသိုလ်ဘက်ကဒီတလအတွင်း သင့်တော်တဲ့Artတွေပေါင်းစပ်ကြ‌တာပေါ့"
"ဟုတ်ကဲ့ဆရာကြီး..အဲ့ဒါဆိုမနက်ဖြန်ဆုံကြတာပေါ့ခင်ဗျာ"

"တောင်ပေါ်မှာအရမ်းအေးတယ်နော်ဆရာရှောင်း...အနွေးထည်များများယူခဲ့ဦး"

"ဟုတ်ကဲ့ပါဗျာ"

✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️



Fable (Completed)Where stories live. Discover now