ညနေစောင်းရုံမျှနှင့်ပင်အမှောင်ထုကြီးစိုး၍
၊အရိုးခိုက်အောင်အေးလှေသာအပန်းေဖြစခန်းေလး၏အဓိကပင်မေဆာင်သည်သစ်လုံးများကိုအခြေခံပြီးဆောက်ထားသော၊ဥရောပပုံစံဘန်ဂလိုလေးဖြစ်သည်။
အပြင်ဘက်မှာအေးစိမ့်၍လေတွေကြမ်းနေသလောက်၊အဆောက်အဦအတွင်းတွင်တော့
မိတ်ဆက်ညစာစားဝိုင်းလေးကမီးလင်းဖိုနှင့်အတူနွေးနွေးထွေးထွေးရှိလှသည်။
"ဒီလိုနေရာမှာပြပွဲလုပ်တာမအံ့ဩဘူးလားဗျ...ဟင်..ဆရာရှောင်း။တကယ်ကပြပွဲလာမယ့်လူေတွကိုပါ
ဒီရာသီကြမ်းကြမ်းရဲ့အလှကိုစီးေမြာခံစားေစချင်တာ၊မြို့ပြလိုအဆင်မသင့်၊မခမ်းနားတဲ့ေနရာမှာလာခံစားရမယ့်အနုပညာရသတစ်မျိုးပေါ့။"
"ဟုတ်စစေရာက်ချင်းတော့အံ့သြမိသေးတယ်။ခုတော့ကျွန်တော်တောင်ဒီေနရာေလးကိုသဘောကျနေပြီ"
"ကဲ..ကဲ..ရာသီဥတုကအေးအေးနဲ့ကိုယ်တွင်းမှာတော့ေနွးအောင်တခွက်တဖလားချလိုက်ကြစို့"တစ်ယောက်သောသူကိုအကြည့်ချင်းမဆုံအောင်ဂရုပြုရင်းမှတစ်ဦးကိုတစ်ဦးမိတ်ဆက်ပြီးခွက်ချင်းတိုက်ကာ၊တစ်ခွက်ပြီးတစ်ခွက်သောက်နေသည့်ဆရာရှောင်း၏မျက်နှာတို့ကနီရဲ၍ပင်နေေလသည်။
ဘယ် လိုသောက်သောက်အသိစိတ်လွတ်အောင်မမူးတတ်သူမလို့၊ဒီေန့ေတာ့စိတ်ကြိုက်ေသာက်ပစ်ဖို့သာရည်ရွယ်ထားသည်။
ဆရာမယွမ်ဆီအရောက်မှာတော့ ခွက်ကလေးကိုမြှောက်ရင်း။
"..ဆရာမတစ်ခွက်ေလာက်လက်ခံပေးမလားခင်ဗျ။သောက်တတ်ရဲ့လား"
ဆရာမကသဘောကျသလိုပြုံးလိုက်ပြီး။ခွက်ကိုလက်ခံသည်။
"ဟားဟားဟား"
ခေါင်းဆောင်ကသဘောတကျရယ်မောရင်းေနရာမှထလာကာရှောင်းကျန့်ပုခုံးတို့ကိုရင်းရင်းနှီးနှီးဖက်၍စကားဆိုလာသည်။
"ဌာနမှူးရေ ဆရာမယွမ်ကိုအသက်ကြီးလို့အထင်မေသးနဲ့ဗျ။
အားလုံးထဲအသောက်နိုင်ဆုံး။
ဒီထဲအရက်လုံးဝမသောက်နိုင်တာဆိုလို့ ကျွန်တော်တို့ရဲ့
၀မ်ရိပေါ် တစ်ယောက်တည်းပါတာ။ဟိုမှာကြည့်ပါလားအချိုရည်ခွက်နဲ့။
ကျွန်တော်တို့ရိပေါ်ကရှားမှရှားဗျ။
ရှားမှရှား။
အရက်မသောက်၊ဆေးလိပ်မသောက်
၊ကလပ်မတက်၊ရည်းစားမထား။
ရသေ့ကလေးဗျာ။တောထွက်မယ့်ရသေ့
အေဆွးသမားကလေး..ဟားဟား"