F4 Thai version (ep 20)

597 64 0
                                    

Unicode♥

👇👇👇

"Khun Tay နဲ့ Khun Off ရှင့် Khun Singto နဲ့
Khun Bright ဘယ်မှာလဲမသိဘူး"

ကျွန်တော်တို့ ခဏတာနေရာမှာရပ်နေတော့ သတင်း
ထောက်တွေဘက်က ထပ်မေးလာတယ်

"ဒီနေ့က company 4 ခုပေါင်းပြီး ၀န်ထမ်းအချို့
အတွက်လုပ်ပေးတဲ့ party ဖြစ်သလို ပွဲတစ်ခုတက်မယ်ဆို လေးယောက်လုံးတူတူတက်နေကြဖြစ်တဲ့အ
တွက် ဒီနေ့နှစ်ယောက်ဘဲတက်တာဆိုတော့ ထူးဆန်းနေလို့ပါ အဲ့ကြောင့် Khun singto နဲ့ Khun Bright ခုဘယ်မှာရှိနေလဲ သိလို့ရမလား Khun Tay နဲ့ Khun Off ရှင့်"

ကျွန်တော်တို့နှစ်ယောက် အခက်တွေ့နေချိန် Off က
ပဲ သတင်းထောက်တွေရဲ့အမေးအတွက် စကားစလိုက်တယ်

"အဟမ်း အဟမ်း ခင်များတို့သိတဲ့အတိုင်းပဲ singto
နဲ့ bright က ပွဲတက်ဖို့ဆို မနည်းမရရအောင်ခေါ်နေရတာ ဖြစ်ချင်တော့ မနေ့က singto ဒီလာပြီး
ခင်များတို့ကို နေ့လည်စာကျွေးသွားတယ်တဲ့ အဲ့
ကြောင့် ဒီနေ့လုပ်တဲ့ party ကလည်း ဒီနေရာပဲ ဆိုတော့ singto ကမသွားချင်ဘူးလုပ်နေတာကို
bright ကတွေ့ပြီးသူပါမလိုက်တော့ဘူးဖြစ်သွားတာ"

Off ကဖြစ်နိုင်ချေရှိတဲ့ အကြောင်းကို စဥ်းစားပြီး
ပြောလိုက်တာကို သတင်းထောက်တွေကလက်ခံ သွားလို့ တော်သေးတယ်

------------------------------------------------------

Krist ကိုဖက်ထားသည်မှာ အချိန်မည်မျှထိကြပြီ
မသိ Singto လည်းသည်းမခံနိုင်တော့တဲ့ အဆုံးစိတ်ပေါက်ပေါက်နဲ့ပြောလိုက်သည်။

"မင်းတို့ဘယ်အချိန်ထိ ဒီလိုဖက်နေမှာလဲ Krist အသက်ရှုကျပ်သွားဦးမယ်"

"ဟုတ်ပါပြီ ဖယ်ပါ့မယ် တကတည်း"New လည်း Singto ကိုရွဲ့ပြီး ပြောလိုက်တယ် New တို့ Krist ကိုဖက်ထားတဲ့လက်တွေ ဖယ်လိုက်တော့ Krist က
ချက်ချင်း singto ကိုပြေးဖက်လိုက်တယ်

"ကျေးဇူးတင်ပါတယ် P'sing"Singto လည်း သူ့ကို
လာဖက်တဲ့ ကောင်လေးကို ပြန်ဖက်လိုက်ပြီး  ကောင်လေးရဲ့ ဆံပင်တွေကို ထိုးဖွကာနေလိုက်တယ်

"P' သူတို့ကို kit ပြောတာအကုန် ပြန်ပြောထားပြီး
ပြီအခု kit စေ့စေ့စပ်စပ်ပြောပြဖို့ပဲ လိုတော့တယ်"
အဲ့ကြမှ Krist လည်းဖက်ထားတဲ့နေရာမှခွာလိုက်
ပြီး သူတို့အားလုံးကိုဆိုဖာမှာ အရင်ထိုင်ခိုင်းစေတယ်

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now