F4 Thai version (ep 26)

571 67 1
                                    

Unicode♥

👇👇👇

"Kit မနက်ဖြန်ကစပြီး ကိုယ်အကြိုအပို့လုပ်ပေးမယ် ပြီးတော့ အချိန်ရတိုင်း kit တို့အတန်းထဲရော
Club ထဲရောလာမှာမို့ ကြိုသတိပေးထားတာ"စကား
အရင်စလာသော singto

"ဘာဖြစ်လို့လဲ P'sing"Krist လည်းနားမလည်တဲ့
အမူအရာလေးနဲ့ ကြည့်ပြီး မေးလိုက်တယ်

"မင်းကချစ်ဖို့ကောင်းလွန်းလို့ တခြားသူစီပါသွားမှာ
စိုးလို့ပေါ့ မင်းအဲ့လိုတွေ ချစ်ဖို့ကောင်းအောင်လုပ်
နေမယ်ဆိုရင် ငါလည်းအဲ့လိုတွေ
လိုက်လုပ်နေရမှာပဲ မင်းကအမြဲတမ်း ငါ့ကိုစိတ်ပူအောင်လုပ်တယ်" Singto လည်းမျက်နှာမတည်ပေါက်နဲ့ပြောလာပြီး
Krist ခေါင်းလေးကို ပုတ်လိုက်တယ်

အဟွတ် အဟွတ်

"ဒီထဲမှာ ချစ်ဖို့ကောင်းတဲ့လူတွေရှိသေးတယ်လေ မင်းအဲ့လူတွေပါ လိုက်ဂရုစိုက်ပေးပါလား"Off ကချောင်းဟန့်ပြီးမှ singtoကိုပြောလိုက်တယ် တခြားလူတွေကလည်း သူတို့ကိုကြည့်ပြီး ပြုံးပြုံးကြီးတွေနဲ့ စိုက်ကြည့်နေကြတယ်

"ငါတော့မထင်ပါဘူး လာပါ သောက်ကြရ
အောင်" Singto ဖြေလိုက်ပြီး Off ရဲ့အမေးကနေစကားလွှဲလိုက်တယ် သူတို့လည်း ဘာမှဆက်မပြောကြတော့ပဲအစားအသောက်တွေအပေါ် အာရုံစိုက်လိုက်ကြတော့တယ်

Ring Ring

ဖုန်းမြည်သံကြောင့် singto လည်း ငါဖုန်းသွားပြောလိုက်ဦးမယ်ပြောပြီး သူတို့တွေမကြားနိုင်တဲ့ မီးဖိုချောင်ထဲသို့သာ ၀င်ပြီးမှ ဖုန်းကိုင်လိုက်တယ်

"Hello.."

"Hello N'singto"

"အော် P'Nicky ပြော"

"Comment တွေနဲ့ပက်သက်ပြီးပြောမလို့ပါ N' ပြောသလို သတိပေးစာပို့လိုက်တယ် အားလုံးသူ့ကို ခုပြန်တောင်းပန်နေကြပါပြီ ဒါပေမဲ့ တစ်ယောက် ကတော့ မကြောက်ဘူး"

"သူကဘယ်သူလဲ"

"Fake acc နဲ့၀င်ပြောတဲ့သူပါ"

"သူက ဘယ်သူလဲဆိုတာ စုံစမ်းပေးပါ ပြီးတော့ Jon ဆိုတဲ့တစ်ယောက်ကို လူများတွေမဖမ်းမိခင် ဖမ်း
လိုက်ပါ သူ့ကိုမေးစရာတွေ ရှိတယ်"

F4 Thai version(Uni+ZG)(Complete)Where stories live. Discover now