_Zawgyi_
'အဆင်ပြေရဲ့လား'
ရင်းနှီးနေတဲ့ အသံကြောင့် မော့ကြည့်လိုက်မိတော့ ထင်တဲ့အတိုင်းပင်
*Oh My Goddddddd!!!!!!!!!
ငါဘဲအမြင်မှားတာလား အမြင်မှားစရာအကြောင်းလဲမရှိပါဘူး ဒါဆိုအိပ်မက် မက်နေတာလား အခုငါ့ရှေ့မှာ ရောက်နေတဲ့သူက ငါသိပ်မြတ်နိုးရတဲ့ ငါ့လူကြီးမလား*ဘယ်လောက်တောင် အတွေးယဉ်ကြောထဲ နှစ်မြောပြီး ငေးကြည့်နေမိသည်မသိ လူကြီးကအတင်းလှုပ်မေးတော့မှ
'မိန်းကလေး!မိန်းကလေး!အဆင်ပြေရဲ့လား'
'ဟင်! ဟုတ်--ဟုတ်ကဲ့'
အခုမှ အသိပြန်ဝင်လာသောလူလို အယောင်ယောင် အနန ဖြင့်ပြန်ဖြေသော ကိုယ့်ကိုကြည့်ကာ လူကြီးက နှုတ်ခမ်းလှုပ်ရုံပြုံးရင်း
'ဘယ်လိုဖြစ်တာလဲ'
'စက်ဘီး slip ဖြစ်ပြီးခြေခေါက်သွားတာ'
'ရရဲ့လား အကိုကူထူပေးမယ်'
ဟုဆိုကာ လက်ကမ်းပေးလာတာကြောင့် လူကြီးရဲ့လက်ကိုကိုင်ရင်း အားယူကာထလိုက်ပေမဲ့ ခြေထောက်က မခံနိုင်အောင် နာလာတာကြောင့်
'အာ့!'
ယိုင်မလိုဖြစ်သွားသော ကိုယ့်ကို လူကြီးက ကူထိန်းပေးပြီး အနီးနားရှိ ခုံတန်းပေါ်တွင်ထိုင်စေသည်
'ခြေထောက်က တော်တော်ထိသွားပုံဘဲ တစ်ယောက်ယောက်ကို လာခေါ်ခိုင်းလိုက်ပါလား'
လူကြီးရဲ့အပြောကြောင့် ငေးနေရင်းမှ အသိပြန်ဝင်လာကာ ခေါင်းကိုအသာငုံ့ရင်း
'မရှိဘူး'
'ဟင်'
နားမလည်သလို ပြန်မေးလာတဲ့လူကြီးကြောင့်
'လာခေါ်ပေးမဲ့သူမရှိဘူး ညီမကဒီကို တစ်ယောက်တည်းအလည်လာတာမို့ သိတဲ့သူမရှိဘူး'
ကိုယ့်အဖြေကြောင့် လူကြီးလဲ ဘာလုပ်ရမလဲဆိုတာ စဉ်းစားရကျပ်သွားပုံရသည်
ခဏလောက်ကြာမှ'ဒါဆိုအကို လုံခြုံရေးသွားခေါ်ပေးမယ် ဒီမှာခနစောင့်နေနော်'
စကားဆုံးသည်နှင့် စက်ဘီးစီးကာ ထွက်သွားသော
လူကြီး၏ ကျောပြင်ကိုငေးကြည့်ရင်း