_Zawgyi_
နောက်ဆုံးတော့ ကိုအရမ်းမျော်လင့်ခဲ့ရတဲ့ နေ့လေးရောက်လာခဲ့ပြီ
လူကြီးနဲ့နောက်တစ်ခါ ထပ်တွေ့ခွင့်ရမဲ့အပြင် ကောင်လေး ၇ ယောက်လုံးနဲ့ ဆုံတွေ့ရတော့မှာမို့ အရမ်းကိုစိတ်လှုပ်ရှားနေမိတယ်*ကို့ကောင်လေးတွေ အပြင်မှာဘယ်လောက် တောင်များကြည့်ကောင်းလိုက်မလဲ*
အချိန်တွေကုန်ဆုံးလာသည်နှင့်အမျှ ရင်ခုန်မှုတွေလဲ မြင့်တတ်လာသည်
ဟော~နောက်ဆုံးတော့ရောက်လာပါပြီ ကိုအချစ်ရဆုံးလူသား ၇ ယောက်
ကောင်လေးတွေရောက်လာတာနဲ့ ဆူညံမှုတွေလဲ မြင့်တတ်လာသည်
အော်ဟစ်အားပေးဖို့ စိတ်ကူးခဲ့ပေမဲ့ တကယ်တန်းမှာတော့ အသံပင်ထွက်မလာခဲ့ ကျောက်ရုပ်တစ်ရုပ်လိုသာ ငေးကြည့်နေမိသည်အမြဲတမ်း ဒီလူသား ၇ ယောက်ကို တွေ့ချင်နေခဲ့တာ နောက်ဆုံးတော့ကိုယ်ကံကောင်းခဲ့ပြီ
ဒီလူသား ၇ ယောက်ကို တွေ့ခွင့်ရခဲ့ပြီလေချစ်ရပါသော လူသား ၇ ယောက်ကိုငေးကြည့်ရင်း
ရင်ထဲမွန်းကျပ်ကာ မျက်ရည်များကျဆင်းလာသည်*ပထမဆုံး fan sign သွားရတဲ့ခံစားချက်က ဒီလိုမျိုးလား*
အရှေ့ကလူတွေ တစ်ယောက်ပြီးတစ်ယောက် လျော့လာတာနဲ့အမျှ ရင်ဘတ်ထဲက စစ်ပွဲသည်လဲ ပြင်းထန်လာသည်
ကောင်လေးတွေနဲ့တွေ့ရင် စကားတွေအများကြီး ပြောဖို့စဉ်းစားထားပေမဲ့ တကယ်တမ်းကြ တစ်လုံးမှထွက်မလာခဲ့
လူကြီးနဲ့နီးလာလေ ရင်ခုန်နှုန်းက မြင့်တတ်လာလေ
စိတ်ထဲမှာလဲ ကိုယ့်ကိုမှတ်မိနေဖို့ ဆုတောင်းမိသည်နောက်ဆုံးတော့ လူကြီးရဲ့ရှေ့မှောက်သို့ ရောက်လာခဲ့လေပြီ ရင်ခုန်နှုန်းတွေက အတိုင်းဆမဲ့စွာ
'နာမည်က'
'Moonchild ပါ'
စိတ်လှုပ်ရှားမှုကြောင့် အသံတွေက ကတုန်ကယင် ဖြစ်နေတာမို့ မနည်းထိန်းပြောရသည်
'ချစ်စရာကောင်းတဲ့ နာမည်လေးဘဲ'
Sign ထိုးရင်းပြုံးပြီး ပြောနေသောလူကြီးကိုကြည့်ကာ အလိုလိုလိုက်ပြုံးမိသည်