E

425 60 12
                                    

_Zawgyi_

ဒီနေ့က Seoul မှာနောက်ဆုံးနေရမည့် ရက်ဖြစ်တာကြောင့် မပြန်ခင် The National Museum of Modern and Contemporary Art သို့သွားရန်ပြင်ဆင်လိုက်သည်

ဒီလိုနေရာမျိုးဆို လူကြီးကသိပ်သဘောကျတာ မဟုတ်လား

Museum ကိုရောက်တော့ လူကမရှိသလောက်ပင် အေးဆေးတိတ်ဆိတ်လှသည်
လက်ရာများကို ကိုယ်ဥာဏ်မှီသလောက် ခံစားပုံဖော်ရင်း ဟိုငေးသည်ငေးဖြင့်

တစ်နေရာအရောက်တွင်တော့ အငေးလွန်ကာ လူတစ်ယောက်အားဝင်တိုက်မိလေးသည်

*အော် ငါ့နှယ့်နော် ကန်းချက်က လမ်းအကျယ်ကြီးရှိတာတောင် သူများကိုဝင်တိုက်ရတယ်လို့*

စိတ်ထဲတွင် ကိုယ့်ကိုကိုယ်ကျိန်ဆဲရင်း

'တောင်းပန်ပါတယ်နော်'

ကို့အရပ်က သူ့ချိုင်းလောက်သာရှိသာမို့ မျက်နှာကိုတော့သေချာမမြင်ရပေ

'ထပ်တွေ့ကြပြန်ပြီနော်'

ကြားလိုက်ရတဲ့အသံကြောင့် မော့ကြည့်လိုက်မိတော့ ကိုယ့်ကိုပြုံးပြနေတဲ့လူကြီး

'ပန်းချီတွေကို သဘောကျတာလား'

'အဲ့လောက်လဲမဟုတ်ပါဘူး'

'ဒါတောင်ပြခန်းထိ လာတယ်ရော
တော်ရုံသဘောကျတဲ့သူတွေက ဒီလောက်ထိအလုပ်ရှုပ်မခံကြပါဘူး'

'တကယ်တော့ လူတစ်ယောက်ကြောင့်လာခဲ့တာ
သူကဒီလိုနေရာမျိုးတွေဆို သဘောကျတယ်လေ အဲ့တာကြောင့်တွေ့လိုတွေ့ညား လာခဲ့တာ'

'တွေ့ပြီလားသူ့ကို'

'အင်း'

'ကြည့်ရတာသူက မင်းအတွက်အရေးပါတဲ့ပုံဘဲ'

'ဒါပေါ့ သူကညီမအတွက်အရမ်းအရေးပါတယ်
ညီမအတွက်တင်မဟုတ်ဘူး လူအများစုအတွက်ကို သူကအရေးပါတယ် လမ်းပျောက်နေတဲ့သူကို သူကလမ်းပြပေးခဲ့တယ် ကိုယ့်ကိုကိုယ်ချစ်တတ်ပြီး တန်ဖိုးထားတတ်အောင်လဲသင်ပေးခဲ့တယ် အဓိပ္ပါယ်မဲ့ရှင်သန်နေတဲ့ ဘဝမှာ ကိုယ့်ကိုကိုယ်ရှာတွေ့ဖို့ ကူညီပေးခဲ့တယ် ညီမရှင်သန်နေတာဟာ သူကြောင့်ဘဲ ညီမအမြတ်နိုးရဆုံးလူသား ဆိုလဲမမှားဘူး'

🄱🄻🅄🄴Where stories live. Discover now