My Prince

3.4K 302 7
                                    

Zawgyi

𝐌𝐲 𝓟𝓻𝓲𝓷𝓬𝓮
                     

ဟာရန်ပြည်နယ်လေးတွင် စိုးစံနေသော အိမ်ရှေ့စံ မင်းသားဝမ်ကို မသိသူမရှိ၊၊ ဒါပေမဲ့ သူ၏ ရုပ်ရည်ကိုတော့ ဘယ်သူမှ မမြင်ဖူးကြပေ၊၊ အိမ်ရှေ့စံ ဝမ်က နန်းပြင်ကို တစ်ခါမှ ထွက်မလာဘူးသောကြောင့် ပြည်သူတွေက အမည်နာမလေးပဲ ကြားရပြီး ရုပ်လုံးကို မမြင်ဖူးကြပေ၊၊

ကောလာဟလ သတင်းအရ အိမ်ရှေ့စံ၏ ရုပ်ရည်က နတ်ဘုရား တစ်ပါး အရှုံးပေးရလောက်အောင်ထိ ကိုယ်ရောင်ကိုယ်ဝါ တောက်ပြောင်နေသည့် ဂုဏ်သတင်း ပင် ဖြစ်သည်၊၊

အချိန်တွေကြာလာတော့ မင်းသားက ဒါတွေ ဂရုမစိုက်တော့ဘူး၊၊ ရိပေါ် က အမည်ခံသက်သက်ပဲ ဂုဏ်ရာထူးတွေ ခံစားနေရတာ၊၊ နန်းတွင်းမှာ အရေးပါတယ်လို့ မခံစားရဘူး၊၊

" မင်းသား...စစ်ဘုရင် ရှောင်းကျန့် ရောက်လာပါတယ်"

" ဝင်လာခိုင်းလိုက်ပါ "

" အမိန့်အတိုင်းပါ "

အထိန်းတော်ကြီး ထွက်သွားပြီး မကြာမီ စစ်ဘုရင် ရှောင်းကျန့် က သူ့အဆေူင်တော်ထဲကို အနီရောင် ချယ်ရီပွင့်ခတ် ပုံဖော်ထားတဲ့ ဝတ်ရုံလွှာနှင့် သူ့ဆီ လျှောက်လာသည်၊၊

" အင့် "

ရိပေါ် တစ်ကိုယ်လုံး ရှောင်းကျန့် လက်တွေနဲ့ ကြမ်းတမ်းစွာ အဖက်ခံဘိုက်ရသည်၊၊  ဒါမျိုးက ဖြစ်နေကျမို့ ရုန်းကန်နေလဲ သူ့အတွက် အပိုပါပဲ၊၊

" ကိုယ့် ကို မလွမ်းဘူးလား၊၊ ကိုယ့်က အရှင့်သားကို အရမ်း လွမ်းနေတာ "

ရိပေါ် ၏ နာရွက်ဖျားလေးက ယုန်သွားတွေ၏ ကိုက်ခဲမှု ခံလိုက်ရသည်၊၊ ဘယ်လို အရှက်မရှိလိုက်တဲ့ စစ်ဘုရင်လဲ ၊၊

" မင်း... ငါ့ကို  လွှတ်ဦး "

ရိပေါ်က အနည်းငယ် ရုန်းထွက်မှ သူက လွှတ်ပေးရင်း မျက်နှာချင်းဆိုင်ကြည့်တယ်၊၊ အမည်ဖော်ရခက်တဲ့ အကြည့်စူးစူးတွေက ခန့်မှန်းရခက်လိုက်တာ၊၊

" မကြာခင် ကိုယ် ရိပေါ် ကို ဒီနေရာက ခွာထုတ်မှာမို့ နည်းနည်း လေး သည်းခံပေးပါ ၊၊ "

Zsww One Shot Collection Donde viven las historias. Descúbrelo ahora