December Snow

2.2K 193 22
                                    

Zawgyi

December Snow

" Oh My darling i love you "

ဝမ်ရိပေါ် ၏ နားမလည်ပဲ ပရမ်းပတာ ကွီကွ ဆိုနေတဲ့ သီချင်းကြောင့် ထမင်းချက်နေတဲ့ ရှောင်းကျန့် နားတွေလည်း ညည်းလှပါပြီ၊၊

ဇာတ်ကားပေါင်းစုံ ကြည့်ပြီး ပေါက်ကရတွေပြောကာ တစ်ခါတစ်ခါ ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ဆိုတတ်သည်၊၊

" Darling ရေ... ယောဘို "

လာပါပြီ၊၊ ဘိုစကားတွေနဲ့ ...၊၊ကိုရီးယားကား အသဲစွဲ ကြိုက်တဲ့ ရိပေါ် က ကိုရီယား စကားလဲ မခေါက်တခေါက် ပြောတတ်သည်၊၊

" ဒီမှာပါ ခင်ဗျာ "

" ဟူး ယောဘို အိုင်လပ်ယူ "

ပြီတီတီမျက်နှာထားနဲ့ အသဲပုံက လုပ်ပြပေးသည်၊၊ ဒီ မနိုင်စိန် အိမ်က အရှုပ်ထုပ်လေးကတော့ ဘာလို့ အများကြီး ချစ်စရာကောင်းနေတာလဲကွာ၊၊

" ဘာလိုချင်လို့ပါလဲ ခင်ဗျာ "

" အာဘွား လိုချင်လို့ "

နှုတ်ခမ်းကြီး ရှေ့ထော်ပေးတော့ ရှောင်းကျန့် က သဘောတကျ ရယ်မောလျက် ပြွတ်ကနဲ အနမ်းပေးလိုက်သည်၊၊

" ကိုကို ထမင်းချက်ရဦးမှာမို့ လိမ်လိမ်မာမာ သွားထိုင်နေ "

" ရက်စ်ဆာ... အိုက်နီ လောင်ကုန်း "

အဆိုးအဆာလေး ထွက်သွားမှ ထမင်းချက်ဖို့ ပြင်သည်၊၊ကိုယ့်ထက် ငယ်တဲ့ ယောကျ်ား  ယူထားတော့ အိမ်အလုပ် အကုန် သူခေါင်းပေါ်ပဲ တင်နေသည်၊၊

ထမင်းပန်းကန်တွေ ရှောင်းကျန့် ဆေးရသည်၊၊ ဝမ်ရိပေါ် ကတော့ TVရှေ့မှာ Series ကြည့်၍ ရယ်မောနေတာ ကလေး အတိုင်းပဲ၊၊

ဝမ်ရိပေါ် ရယ်သံတွေက ရှောင်းကျန့် ရှိရာ မီးဖိုချောင် ထဲထိ တိုးဝင်လာတော့ တဟက်ဟက်ရယ်ရင်း သူပါ ကြည်နူးရတဲ့ အဖြစ်၊၊

ဆောင်းတွင်းမို့ ဝမ်ရိပေါ် က ရှောင်းကျန့် ရင်ခွင်ထဲက ဇာတ်ကားကြည့်ရင်း အားရပါးရ ရယ်နေသည်၊၊ ဝမ်ရိပေါ် ပါးဖောင်းကြီးတွေက ရယ်တိုင်း မို့တက်သွားသည်၊၊ အသဲယားလွန်း၍ ကိုက်ဆွဲလိုက်တော့ လေဆာတွေ အပစ်ခံရပြန်သည်၊၊

Zsww One Shot Collection Tempat cerita menjadi hidup. Temukan sekarang