Zawgyi
My Doctor is My Husband
One Shortဝမ်ရိပေါ်.... တောင်ပေါ်ကျေးလက်ဒေသ၏ အထက်တန်းကျောင်းသားလေး....ရုပ်ရည်ကလား ရွာ၏ ကွမ်းတောင်ပန်းကိုင် မိန်းမလှလေးတို့တောင် အရှုံးပေးရလောက်အောင် ချစ်ဖို့ကောင်းသူကြီး...ဖြူဝင်းတဲ့ အသားအရေကလည်း မထိရက်စရာ,... ရွာဆယ်အိမ်ခေါင်း၏ တစ်ဦးတည်းသော သားတော်မောင်.... စာဆို ယောင်လို့တောင် မကြည့်ဘူး.... သူသိတာ တစ်နေ့တစ်နေ့ ရွာထဲက ပစ္စည်း မှန်သမျှ လိုက်ဖျက်ဆီးနေတဲ့ ကြွက်စုတ်ကလေး.... ဆယ်အိမ်ခေါင်းရဲ့ သူကြီးမြေးမို့ ဘယ်သူမှ အတွန့်မတက်ရဲပေမဲ့ ကွယ်ရာကျ အတင်းတုပ်ကြလေသည်
လူ့သဘာဝအရ အတင်းပြောဖို့ကတော့ လူတွေ ပါးစပ်ဖျားက နာတယ်ကို မရှိ....."အကိုဝမ် ဘယ်လဲဗျ..."
"ဘယ်ကမလဲ စာဥတို့နဲ့ ကစားမလို့လေ..."
"မကြာခင် စာမေးပွဲ ရောက်တော့မယ်လေဗျာ အကို စာကျက်ဘူးလား..."
"တော်စမ်းပါကွာ... ငါက စာနဲ့ ဓာတ်မတည့်တဲ့ အလာဂျစ် ရှိတယ်...."
အကိုဝမ် စကားကြောင့် ထိုကောင်လေးမှာ အံ့သြ ပြူးပြဲနေလေသည်... ဝမ်ရိပေါ်တို့ကတော့ ဂရုမစိုက်... ဂျင်းဘောင်းဘီတိုနှင့် ဂိုက်အပြည့်နှင့် ရွာထဲ ဝင်လေသည်... စာဥဆိုတာ တခြားသူ မဟုတ်
ယန်လီမမပေ...."ဝေ့ မမ စာဥ.."
"တိတ်စမ်း... ကြွက်စုတ်,., ငါကို အဲ့လို မခေါ်နဲ့ဆို..."
"ဟီး ကျဲကလည်း,.. နှုတ်ကျိုးနေလို့ပါ
ကျတော်တို့ သွား ကစားရအောင်လေ""ငါမလိုက်တော့ဘူး.., နင်သိပါတယ်
ငါဆယ်တန်းကျတာ လေးနှစ်ရှိပြီ
ဒီနှစ် မအောင်ရင် အဘက ငါ့ကို ခြေကျိုးအောင် ရိုက်မှာတဲ့....""ကျဲကလည်းဗျာ.... ဘကြီးကို ကြောက်မနေနဲ့ ကျတော် တစ်ယောက်လုံး ရှိနေတာကို..."
"အမလေးဟယ် လူစကားပြောနော်
နင်က ပြောလိုက်ရင် ငါ့ကို ကာကွယ်ပေးမလိုနဲ့.... နောက်တော့ ဒုက္ခ ရောက်ရင် ရှေ့တန်းထွက်ရမဲ့ စစ်သားကြီးက မိန်းမနောက် ဝင်ပုန်းနေတာ ဘယ်သူလဲ
သွား... ဒီတစ်ခါ လာမဖားနဲ့
မကစားဘူး...."