[ Zawgyi ]
" စီးကရက်တွေ သောက်တတ်နေပြီလား " တဲ့။
အဲဒီလူကမေးလာတယ်။ မမျှော်လင့်ထားတဲ့
မေးခွန်းတစ်ခုအတွက် ရိပေါ်က
အဖြေပြန်မပေးမိဘူး။ ဖြေဖို့လိုတယ်လို့လည်း
မထင်ဘူး။ ဒီတော့..
ခပ်ထေ့ထေ့ရယ်မောခြင်းတစ်ခုနဲ့သာ
ပြန်တုံ့ပြန်လိုက်ရင်း ဒီစကားစကို
ရပ်တန့်စေလိုက်တယ်။အခုသူ့ကိုစိုးရိမ်ရိပ်မကင်းတဲ့
မျက်လုံးကြည်ကြည်တွေနဲ့
စိတ်ပူသလိုမျိုး မေးနေတာက
ဟိုးအရင်တစ်ချိန်က သူတရင်းတနှီး
သိကျွမ်းခဲ့ဖူးတဲ့ ရှောင်းကျန့်အနေနဲ့လား။
ဒါမှမဟုတ်..နှစ်တွေအများကြီးကြာခဲ့ပြီးကာမှ
ရုတ်တရက်ဆန်ဆန် ပြန်တွေ့လိုက်ရတဲ့
Xiao လုပ်ငန်းစုရဲ့ဥက္ကဋ္ဌတစ်ယောက်ဖြစ်တဲ့
Sean ရှောင်း အနေနဲ့ပဲလားဆိုတာကို
ရိပေါ်ကစဉ်းစားနေမိတယ်။အချိန်တွေကြာခဲ့ပြီ။
အရာရာကလည်းပြောင်းလဲကုန်ပြီ။
သူရော... အဲဒီလူရောအပါအဝင်
အကုန်လုံးကပြောင်းလဲသွားခဲ့ပြီးပြီ။
အဲဒီလိုပြောင်းလဲသွားတဲ့အရာတွေထဲ
ဒီလူနဲ့ပတ်သက်တဲ့ ခံစားချက်တွေရော
ပါနေသလားဆိုတာကတော့...အင်း..
သေချာတာကတော့ သူအဲဒီအထိဆက်ပြီး
မစဉ်းစားချင်ဘူး။ ဒါကလည်း ရိပေါ်က
ဒီလူ့အကြောင်းကို ပြီးတော့
ဒီလူနဲ့ပတ်သက်သမျှကို နည်းနည်လေးတောင်မှ
ခေါင်းထဲထည့်မတွေးချင်တော့လို့ပဲ။
ကန်ရေပြင်တစ်ခုလို ငြိမ်သက်နေပြီဖြစ်တဲ့
သူ့ဘဝကို ရိပေါ်ကဒီလူ့ကြောင့်
နောက်တစ်ကြိမ်ထပ်ပြီးတော့
မလှုပ်ရှားချင်တော့ဘူး။ဝမ်ရိပေါ် ရဲ့ ဘဝမှာနာမည်ဂုဏ်ဒြပ်တွေအများကြီးရှိတယ်။
တရားဝင်တာရော
တရားမဝင်လုပ်ငန်းတွေရောပါ
လုပ်ကိုင်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့
ထိပ်တန်းလုပ်ငန်းတွေထဲ တစ်ခုအပါအဝင်ဖြစ်တဲ့
Wang လုပ်ငန်းစုရဲ့ တစ်ဦးတည်းသော
အမွေဆက်ခံသူ။ ဒါကလက်ရှိအချိန်အထိ
ပါးကိုယ်တိုင်ဦးစီးနေပြီး ရိပေါ်ပါဝင်ပတ်သက်ခြင်းမရှိတဲ့ ဝမ်မိသားစုရဲ့လုပ်ငန်းတစ်ခုပဲ။