[ Zawgyi ]
ငြှိမ်းသတ်ခံလိုက်ရတဲ့ စီးကရက်မီးတွေထဲမှာ
အချစ်တချို့က ကပ်ငြိလိုက်ပါနေတယ်။
တကယ်လို့ယုံကြည်မှုသာ ကျိုးပဲ့ပျက်ပြားသွားခဲ့ပြီဆိုရင် 'Sorry means nothing' ပဲမဟုတ်လား။ ဒါပေမဲ့.. ရိပေါ်ကမသေချာဘူး။
ရှောင်းကျန့် ၊ အဲဒီလူကတကယ်ပဲ
သူ့ကိုတောင်းပန်ဖို့အတွက် ဆန္ဒရှိနေရဲ့လား။ရှောင်းကျန့်ကို စတွေ့ချိန်က
ရိပေါ့်အသက် ဆယ့်ခြောက်နှစ်။" သခင်လေး ဒီနေ့ဂိုက်ဆရာလာမှာမလို့
သူဌေးကလျှောက်မဆော့ဖို့ကိုမှာ... "ဝေ့ဝိုက်စွာနော့နေတဲ့ နွေလေရူးတွေကြောင့်
ဂုတ်ထောက်လုနီးနီး ရွှေရောင်ဆံပင်လေးတွေက တလွင့်လွင့်။ နှာခေါင်းလုံးလုံးလေးကို
တစ်ချက်ရှုံ့ရင်း ခေါင်းမှာဆောင်းထားတဲ့ လျှာထိုးဦးထုပ်လေးကို နောက်ပြန်အနေအထားဖြစ်အောင် ပြင်ဆောင်းလိုက်တယ်။ အဲဒီနောက်..
ဘယ်ဘက်ပါးစောင်ဆီက ကိုလာအရသာ
တုတ်ထိုးချိုချဉ်လေးကို ညာဘက်ပါးစောင်ဆီ ပြောင်းငုံလိုက်ရင်း လက်ထဲမှာကိုင်ထားတဲ့
စကိတ်ဘုတ်ကို ခြံဝန်းထဲကခပ်ဝေးဝေး
တစ်နေရာကို ဦးတည်ချစီးလိုက်မိတာပဲ။အဲဒီအချိန်က ဝမ်ရိပေါ်ဆိုတာ
ဝမ်အိမ်တော်ရဲ့အသည်းညှာကလေး။
မိတဆိုးလေးပီပီ ဆိုးသွမ်းချင်နေတဲ့
ဝမ်ကောင်လေးက အခြားတစ်ဖက်က
လှည့်ကြည့်ပြန်တော့ အရွယ်ရောက်စ
ချောမောကြည့်ကောင်းလွန်းလို့
ပျိုတိုင်းကြိုက်ရတဲ့ နှင်းဆီခိုင်လေး။" ဟင့်! "
တကယ်တော့တစ်ယောက်ယောက်က
ကိုယ့်ဆီကိုမိုးပေါ်ကနေ ယုံတမ်းပုံပြင်
ဆန်ဆန်ပြုတ်ကျလာတယ်ဆိုတဲ့
အကြောင်းအရာတွေကို
ရိပေါ်က ဘယ်တုန်းကမှမယုံခဲ့ဖူးဘူး။ဒါပေမဲ့..
ဖြစ်ပျက်သွားခဲ့သမျှ အခြေအနေတွေ
အားလုံးဟာ ရုပ်ရှင်ဆန်ဆန်ပါပဲ။
စီးနေတဲ့စကိတ်ဘုတ်ကို အရှိန်မထိန်းနိုင်ဘဲနဲ့
ချော်ထွက်သလိုဖြစ်သွားတာကြောင့်
ရိပေါ်က လူတစ်ယောက်ရဲ့ရင်ခွင်ထဲကို
အတိုင်းသားပစ်ဝင်မိသွားတယ်။ အင်း..
အဲဒီအချိန်ခဏလေးပါပဲ။ ကိုယ်နဲ့သက်ဆိုင်သလိုရှိတဲ့
အနွေးဓာတ်တစ်ခုကို ခံစားမိလိုက်တယ်။