Remember

1.3K 250 48
                                    

[ Zawgyi ]

စာ​မေးပွဲနီး​နေပြီဖြစ်​တဲ့ ​​ရှောင်းကျန့်​က
ဒီရက်​​တွေအတွင်း စာကြည့်​တိုက်
သွားပြီး​တော့ စာလုပ်​ရတယ်​။
အဲဒီလိုအချိန်​တိုင်း ရိ​ပေါ်က​တော့ 
အတူတူလိုက်​လာရင်း​ ဘေးနားမှာ
ငြိမ်​ငြိမ်​​လေး​ ထိုင်​​နေတတ်​တာပဲ။

" အချစ်​ "

စားပွဲ​ပေါ်မှာတင်​ထားတဲ့ လက်​နှစ်​ဖက်
ပေါ်ကို ​မေး​လေးထပ်​တင်​ထားတဲ့
ရိ​ပေါ်က ကိုကို့ဆီကို..
မျက်​လုံး​လေး​စွေကြည့်​လိုက်​တယ်​။

" ပျင်း​နေပြီလား "

ခေါင်းလုံးလုံး​လေးကို ဖြည်းဖြည်းချင်း
ခါပြလိုက်​​တော့ ကိုကိုကနှစ်​ခြိုက်​စွာပြုံးရင်း
ရိ​ပေါ်ဆံပင်​ကို လက်​နဲ့ဖွတယ်​။ အဲဒီ​နောက်​..
တုတ်​ထိုးချိုချဉ်​​​လေးကို ဖောက်​ပြီး
ရိ​ပေါ့်ကိုအလိုက်​တသိ ခွံ့​ပေးတယ်​။

" စာ​တွေကခက်​လို့လားဟင်​.. "

တွန့်​ချိုး​နေတဲ့ ယုန်​မျက်​သွယ်​​လေး​တွေကို
ခပ်​​ဖွဖွ​နှိပ်​​ပေးရင်း​မေးမိ​တော့ ကိုကိုက 
ခေါင်းအသာရမ်းရင်း ရိ​ပေါ့်ကို
သူ့ရင်​ခွင်​ထဲဆွဲသွင်းတယ်​။ စာကြည့်​တိုက်​ရဲ့ 
ထောင့်​​နေရာဖြစ်​လို့ ဘယ်​သူကမှ
မမြင်​နိုင်​​ပေမယ့်​လည်း ရိ​ပေါ်က​တော့
မျက်​နှာရဲရဲ​လေးနဲ့ ရှက်​​နေရတာပဲ။

" ကိုကိုဘာလို့ ဆရာဝန်​ဖြစ်​ချင်​တာလဲ "

ကိုကို့ရှပ်​အင်္ကျီ ကြယ်​သီး​တွေကို
လက်​​လေး​တွေနဲ့​ ဆော့ကစားရင်း
မေးမိ​တော့ ကိုကို့ဆီကသက်​ပြင်းချသံ
ခပ်​မျှင်းမျှင်း​လေး တစ်​ချက်​ကိုကြားရတယ်​။

" ကိုယ့်​ရဲ့ပါးကလည်း
ဆရာဝန်​တစ်​​ယောက်​ပဲ​လေ။
အခု​တော့ မရှိ​တော့ဘူးဆို​ပေမယ့်​.. "

ပါးကတစ်​ဆင့်​ ရိ​ပေါ်သိချင်​သမျှ
ကိုကို့အ​ကြောင်း​အကုန်​လုံးကို
စုံစမ်းထားတာ​ကြောင့်​၊ အသက်​ရှစ်​နှစ်
သားကတည်းက ကိုကို့မိဘ​တွေ
ကားအက်​ဆီးဒင့်​ဖြစ်​လို့ ဆုံးသွားတာကို
သိရဲ့သားနဲ့ ရိ​ပေါ်အမှားလုပ်​မိပြီပဲ။

MARLBOROWhere stories live. Discover now