အပိုင်း (၅)

1.1K 133 0
                                    


အစ်မက အနောက်ပြန်လှည့်မယ်ဆိုရင်
နွေးထွေးစွာ ကြိုလင့်နေမဲ့ ရင်ခွင်ဆိုတာရှိပြီး…
ကျွန်မသာ အနောက်ပြန်လှည့် မယ်ဆိုရင်
မှောင်မည်းနေတဲ့ လမ်းဆုံးတစ်ခုပဲရှိနေမှာပါ…။

*******

"အစ်မ ကျွန်မ ညနေ အစ်မကို ရုံးလာကြိုမယ်နော်"

ဝင်လာတဲ့ Message ကိုကြည့်ပြီး ရှင်းက မျက်မှောင်ကျုံ့ကာ သက်ပြင်းချသည်။ ခရီးကပြန်လာထဲက ရှင်း သူ့ကို အဆက်အသွယ်မလုပ်ဖြစ်…သူကသာ ရှင်းကို ဖုန်းတွေဆက် တွေ့ဖို့ချိန်း ရှင်းဘက်က အလုပ်မအားဖူးဆိုသည့် အကြောင်းပြချက်တစ်ခုဖြင့် ငြင်းနေတာ ၂ပတ်ကျော်ပြီ။

အဓိကက ရှင်းစိတ်ထဲမှာ ကာဆိုတာ ရှိမနေဘဲ နိုင်ငံခြားကို မကြာခင်ပြန်တော့မည့် မာန့်ဘေးနားမှာပဲ ရှိနေချင်ခဲ့တာပါ။ ဒါ့ကြောင့်လည်း ရှင်း ကာ့ကို မဆက်သွယ်ခဲ့ခြင်းပါ။ ကာ့ကို လှည့်စားဖို့ မရည်ရွယ်ခဲ့တာ မှန်ပေမဲ့ ရှင်းရဲ့ နှလုံးသားကိုတော့ ရှင်း မညာချင်ပေ။

အဲ့တော့ ရှင်းက ဖုန်းကိုကိုင်ကာ ရှင်းလက်သွယ်သွယ်လေးတွေဖြင့် ဖုန်းမျက်နှာပြင်အား တို့ထိလိုက်သည်။

"ညနေ တို့ မအားဘူ ကာ…တို့ meeting ရှိတယ်"

ကာ့ဆီကို စာပို့လိုက်တာမှ ဘယ်လောက်မှကို မကြာသေး ရှင်းဆီကို ချက်ချင်းဖုန်းဝင်လာသည်။

"ဟယ်လို အစ်မ...ခဏဆို ရပါပြီ အစ်မရယ်…အစ်မ meetingပြီးတဲ့ အချိန်မှဆိုလည်းရပါတယ်…ကျွန်မ အဲ့အချိန်ထိ စောင့်နေပါ့မယ်"

ရှင်းက ကာ့ရဲ့ စာကိုဖတ်ပြီး ငြင်းလို့ရမှာ မဟုတ်ဘူးဆိုတာ သိလိုက်တာကြောင့် ကာ့ဆန္ဒကို အလိုလိုက်ကာ…

"အင်း အဲ့တာဆိုလည်း meeting မစခင် ခဏပဲရမယ်နော်။ တို့ မအားလို့ ကာ"

တီခနဲ ပြောပြီးချသွားတဲ့ ဖုန်းလေးကို လင်္ကာကငူငူလေး ကြည့်နေဆဲ…။ အစ်မ ခရီးမသွားခင်ပြောသွားတုန်းကတော့ ခရီးကပြန်ရောက်တာနဲ့ လင်္ကာ့ဆီကိုတန်းလာမယ်တဲ့…တကယ်တန်း လက်တွေ့မှာကျတော့ အစ်မရဲ့ အလုပ်တွေ ရှုပ်နေလို့၊ meetingတွေကြောင့်၊ new product ထုတ်ရတော့မှာကြောင့် စတဲ့ အမျိုးမျိုးသော အကြောင်းပြချက်တွေနဲ့ လင်္ကာ့ဆီ မလာခဲ့တာ ၂ပတ်ကျော်ကျော်ပါ။

အနောက်တောင်အရပ်က လွမ်းတဲ့အလွမ်းOù les histoires vivent. Découvrez maintenant