Chapter 14🖤[U]

801 38 4
                                    

ဒီနေ့ မနက်ခင်းလေးက အရင်နေ့တွေထက်ပိုပြီး သာယာနေတယ်။ အိပ်ရေးဝလို့ ကြည်လင်နေတဲ့ စိတ်ရယ်ကြောင့် ပိုသာယာသလိုပဲ။

တစုံတခုရဲ့ အနွေးဓာတ်ကြောင့် တညလုံး ကောင်းကောင်း အိပ်ပျော်တယ်ထင်ပါရဲ့။
တစုံတယောက်ရဲ့ စိုက်ကြည့်နေသလိုခံစားချက်ကြောင့် မျက်လုံးလေးကို ဖွင့်ကမော့ကြည့်လိုက်သည်။

မနက်ခင်းလေးမှာ မိမိကိုရင်ခွင်ထဲ ထည့်ကာ အကြင်နာမျက်ဝန်းတွေနဲ့စိုက်ကြည့်နေတဲ့ ကျန့်ကော

"ကျန့်...ကျန့်ကော"

"နိုးပြီလား .."

"ဖယ်...ဖယ်အုံး"

"ဘာလို့လဲ တညလုံး ဟောဒီရင်ခွင်ကြီးထဲမှာ နှစ်နှစ် ခြိုက်ခြိုက်အိပ်နေပြီးတော့"

ရှက်သွေးဖျာနေတဲ့ ပါးလေးနဲ့ ရဲတွက်နေတဲ့နားရွတ်လေးက လုံးဝကို အသဲယာစရာကောင်းလွန်းတယ်။

"ရိပေါ်..မင်းရှက်နေတာလား?"

"မဟုတ်ပါဘူး.ဖယ် ထတော့မယ်"
‌ပြောပြီး ရိပေါ်က ရှုန်ထွက်တယ်။ ရှောင်ကျန့်က ပြန်ဆွဲဖက်ပြီး နားနားကပ်ခါပြောလိုင်သည်။

"မင်းသိလား..မင်းရှက်နေရင်အရမ်းလှတာပဲ"

ရှောင်ကျန့်ပြောလိုက်မှ ရိပေါ်မျက်နှာ တခုလုံး  အရင်ထက် နီရဲလာသည်။ ရှောက်ကျန့်က ရိပေါ်ကို ကြည့်ပြီး သဘောကျစွားပြုံးလိုက်သည်။

ရှောင်ကျန့် အပြုံးကြောင့် ရိပေါ်တယောက် ရုတ်တရတ် ဝိညာဉ်လွင့်သလိုခံစားလိုက်ရသည်။

"မင်းသိလား ရိပေါ် ငါရဲ့ အချစ်ဦးကလဲမင်းပဲ"

.......

ငါရဲ့ အချစ်ဦးကလဲမင်းပဲ

ငါရဲ့ အချစ်ဦးကလဲမင်းပဲ

ငါရဲ့ အချစ်ဦးကလဲမင်းပဲ

ကျန့်ကော အဲ့လူကြီးနောက်နေတာတော့ မဟုတ်ပါဘူးနော်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ
ငါ .. ငါက ရှောင်းရှောင်ကျန့်ရဲ့ အချစ်ဦး
ကျောင်းတုန်းကဆို ဟိုလူနဲ့ သတင်းထွက် ဒီလူနဲ့ သတင်းထွက်နဲ့
အဲ့လိုလူရဲ့ အချစ်ဦး

တကယ်ကြီးလား
ဘယ်ကထဲကလဲ ???

ဒေါက်ဒေါက်

Kamu telah mencapai bab terakhir yang dipublikasikan.

⏰ Terakhir diperbarui: Oct 27, 2020 ⏰

Tambahkan cerita ini ke Perpustakaan untuk mendapatkan notifikasi saat ada bab baru!

Russian Roulette(ရပ္နား)Tempat cerita menjadi hidup. Temukan sekarang