( 1 )

5.3K 449 89
                                    

unicode

ရှောင်းကျန့် ငယ်စဥ်ကတည်းက အဖေဆုံးမတတ်တဲ့ စကားတစ်ခွန်းရှိသည်။

လောကမှာ တန်ဖိုးရှိတဲ့အရာတွေဟာ လွယ်လွယ်နဲ့မရတတ်ဘူးတဲ့။ ရခဲ့ရင်လည်း နောက်ကွယ်မှာ ပေးဆပ်ရမယ့်အရာက ရှိနေပြီးသားတဲ့။

ထိုစကားက သူဖြတ်သန်းလာခဲ့တဲ့ ဘဝတစ်လျှောက် အရာမရောက်ခဲ့တာကြောင့် မေ့သွားခဲ့ဟန်ရှိသည်။ လွယ်လွယ်နဲ့ရတဲ့ လစာများအလုပ်တစ်ခုကို သူလက်ခံမိခဲ့သည်လေ။ အဲဒီအလုပ်ဟာ အလုပ်ခန့်စည်းမျဥ်းစည်းကမ်း တွေနဲ့နည်းနည်း သွေဖယ်နေမှန်း သိရဲ့သားနဲ့ သူတဒင်္ဂအရဲစွန့်မိခဲ့သည်။

ထိုအတွက် သူ ပေးဆပ်ရမည့်အရာက ဒီဟာဖြစ်နေခဲ့တာလား။

ယမကာကြောင့် ရီဝေဝေဖြစ်နေတဲ့ မျက်လုံးတစ်စုံရယ်။ ဘာနှုတ်ခမ်းဆီမှ မပါဘဲ သဘာဝကြက်သွေးရောင် လွှမ်းတဲ့ နှုတ်ခမ်းတစ်စုံရယ်။

အဲဒီမြင်ကွင်းကိုကြည့်ပြီး မင်းကိုသဘောကျတယ် လိုချင်တယ်လို့ အကြိမ်ကြိမ် အခါခါ သနားစရာကောင်းအောင် ပူဆာနေတဲ့ သူ့နှလုံးသားရယ်။

အရိပ်အခြေအနေမသိဘဲ ပိုခုန်ချင်တာပဲသိတဲ့ သူ့နှလုံးသားဟာ ထုရိုက်ချင်စရာကောင်းသည်။ ပြေးကိုက်ချင်စရာကောင်းသည်။ ဖနောင့်နဲ့ထပေါက်ချင်စရာကောင်းသည်။

တော်ပါတော့ မခုန်ပါနဲ့တော့ဟု အော်ဟစ်တောင်းပန်ပြီး လည်ပင်းထညှစ်ချင်စရာ ကောင်းသည်။ ထပ်ခုန်ဦးမလားလို့ အော်ဟစ်မေးပြီး မျက်ခွက်ကို ပိတ်ထိုးချင်စရာကောင်းသည်။

ဒါပေမယ့် အဲဒါတွေအကုန်လုံး လုပ်ခဲ့ပြီးရင်တောင် အလိုက်မသိတဲ့ သူ့နှလုံးသားက yay yay ဆိုပြီး ပျော်ပျော်ကြီး ဆက်ခုန်နေလိမ့်မည်။ ဘာလို့ဆို သူ့ရှေ့က ဆောင်းဦးရာသီနဲ့ လိုက်ဖက်စွာ ဆံပင်ခပ်တိုတို ညှပ်ထားသည့် ကောင်လေးက အလွန်အမင်း ကြည့်ကောင်းနေတာကို။

နောက်ဆုံးတော့လည်း သူဘာမှမတတ်နိုင်ဘဲ စိတ်ထဲ ကျယ်လောင်စွာ အော်ပြောမိသည်။

အချိန်တွေကို နောက်ပြန်ဆုတ်ချင်တယ်။

××××××××××

See my insideWhere stories live. Discover now