( 5 )

2.9K 384 50
                                    

unicode

သုတ်လိုက်ရင်တောင် ထပ်စီးကျလာသော ခေါင်းမှ လိမ္မော်ရည်များက စိတ်ညစ်စရာ အတိ။ ရှောင်းကျန့်စိတ်ထဲ လုံးဝအခဲမကျေပေမယ့် ရိပေါ်က မတော်တဆ အမှားဟုဆိုထားသဖြင့် ပေါက်ကွဲလို့လည်း မရပြန်။

" ရေချိုးခန်း "

အရှေ့က လျှောက်သော သူဌေးလေးကတော့ အခန်းတံခါးတစ်ခုကို ဖွင့်ရင်း ရေချိုးခန်းကို ညွှန်ပြသည်။

အိပ်ခန်းနှင့် တွဲလျက်ရှိနေသည့် ရေချိုးခန်းတစ်ခန်းပါပဲ။

အိပ်ခန်းကတော့ လူနေသည့် အခန်းဟုတ်ပုံမရ။ အခန်းတွင်း လူ့အသုံးဆောင်ပစ္စည်းများက ဘာဆိုဘာမှ ရှိမနေချေ။ နံရံပေါ်မှာတော့ honeysuckle ပန်းများဆွဲထားသည့် ပန်းချီတစ်ချပ်ရှိသည်။

ဒီ Hope ရဲ့ တဇွတ်ထိုး perfumer လေးဟာ honeysuckle ပန်းများကို တော်တော်ကြိုက်သည့်ဟန်။ တစ်ခြံလုံး honeysuckle အပင်များ စိုက်ထားရုံမက အခန်းထဲမှာလည်း ပန်းချီဆွဲပြီး ကပ်ထားသေး။

သူ ရေချိုးခန်းထဲဝင်လျှင် ရိပေါ်က အပြင်မှာပဲ စောင့်ကျန်ခဲ့လိမ့်မည်ဟု ထင်ထားပေမယ့် ရိပေါ်ကလည်း လိုက်၍သာ ဝင်လာသည်။

" ဘာဖြစ်လို့ အတူလိုက်ဝင်လာတာလဲ "

သူ ခေါင်းလျှော်နေသည်ကိုတော့ သူဌေးလေးက ရပ်ပြီး စောင့်မကြည့်လောက်ဘူးမလား။ ဒါကြောင့်လည်း ပွင့်လင်းစွာ မေးလိုက်မိခြင်းပင်။

" ဒါ ကျွန်တော့်အိမ် ဆိုတာလည်း အမှတ်ရဦး "

ပြောပုံက သူ့အိမ်ထဲမှာဖြစ်လို့ သူစိတ်တိုင်းကျ လုပ်နိုင်ကြောင်း အားတင်ပြောတာပဲ။

" အာ ဒါဆို ငါအိမ်သာတက်ရင်ရော မင်းလိုက်ကြည့်နေမှာပဲလား မင်းအိမ်ထဲက အိမ်သာကို တက်တာဆိုပြီးတော့ "

" အင်း လိုက်ကြည့်သင့် ကြည့်ရမှာပဲ "

ရိပေါ်အဖြေကို ကြားရတော့ သူ ကတ်သီးကတ်သတ် မေးမိသည်ကိုပင် နောင်တရချင်သွားသည်။ ဒီ တဇွတ်ထိုး သူဌေးဆိုးလေးဟာ စကားနှင့်ပတ်သက်လျှင် ဘယ်တော့မှအလျှော့ပေးရိုး ထုံးစံမရှိ။

You've reached the end of published parts.

⏰ Last updated: Nov 11, 2020 ⏰

Add this story to your Library to get notified about new parts!

See my insideWhere stories live. Discover now