unicode
အလုပ်များစွာ လျှောက်ခဲ့တုန်းက ပယ်ချခံခဲ့ရသည့်သူက အလုပ်ရလာတော့လည်း ဆိုက်ဆိုက်မြိုက်မြိုက်။ မိုးပေါ်က ကျရောက်လာသလား အောက်မေ့ရအောင် ဗြုန်းခနဲပေါ်လာသည့် ကောင်လေးတစ်ယောက်က Hope မှာ လစာများများနဲ့ အလုပ်ကို ကမ်းလှမ်းခဲ့သည်။
လုပ်ရမှာကလည်း ရေမွှေးပုလင်းများရဲ့ illustration ပုံကို ရေးဆွဲပေးရမှာတဲ့။ အဲဒါဟာ သူတစ်ခါမှ မလုပ်ခဲ့ဖူးတဲ့အလုပ်။
Hope ဟာ ရေမွှေးမှ အစပြုပြီး စီးပွားရေးနယ်ပယ်ကို ဝင်လာခဲ့ပေမယ့် fashion လောကကိုပါ ခြေဆန့်ဖို့ ကြိုးစားခဲ့တဲ့ ကုမ္ပဏီ။ ရည်ရွယ်ချက်ကတော့ အနောက်တိုင်း fashion တွေဟာ နာမည်ကြီးပေမယ့် အရှေ့တိုင်းလူမျိုးတွေနဲ့ဟာ သိပ်သဟဇာတမဖြစ်တာကြောင့် အဲဒီကြားက ကွယ်လပ်လေးမှာ ဝင်ဖြည့်ချင်လို့ပါတဲ့။
အဲဒီစကားဟာ လွန်ခဲ့တဲ့သုံးနှစ်က Hope ရဲ့ CEO ဝမ်ချန်လီပြောခဲ့သည့်စကား။ ဝမ်ချန်လီက ရှောင်းကျန့်နှစ်သက်သည့် လူထဲကတစ်ဉီးဆိုလျှင်လည်း မမှားချေ။ အသက် ၄၂ အရွယ်ပေမယ့် ဝမ်ချန်လီက လူငယ်တစ်ဉီးလိုလည်း တက်ကြွတတ်သည်။ လူကြီးတစ်ဉီးလိုလည်း ရင့်ကျက်တတ်သည်။ စကားပြောလျှင်လည်း အမှားပါသည့် စကားမရှိ။
ဝမ်ချန်လီက CEO ပေမယ့် Hope ကို တည်ထောင်ခဲ့သူတော့မဟုတ်။ Hope ကိုတည်ထောင်ခဲ့သူက ဝမ်ချန်လီရဲ့ အစ်ကို ဝမ်မင်ကျန်း။ ဝမ်မင်ကျန်းလက်ထက်ကတော့ Hope က ယခုလောက်တိုးတက်မှု မရှိခဲ့ချေ။ နိုင်ငံတကာကို ထိုးဖောက်နိုင်ခြင်းမရှိဘဲ နိုင်ငံတွင်းမှာသာ လည်ပတ်သည့် ကုမ္ပဏီတစ်ခု ဖြစ်ခဲ့သည်။
လွန်ခဲ့သည့် ဆယ့်လေးနှစ်ကတော့ ဝမ်မင်ကျန်းက ကံဆိုးစွာပင် ကားအက်ဆီးဒင့်နဲ့ ဆုံးပါးသွားခဲ့သည်။ ဝမ်မင်ကျန်းမိသားစု စီးလာသောကားက အရက်မူးနေသော ဒရိုင်ဘာမောင်းလာသည့် ထရပ်ကားတစ်စီးနှင့် တိုက်မိခဲ့ခြင်းပင်။ အဲဒီအက်ဆီးဒင့်မှာ ဝမ်မင်ကျန်းတို့ ဇနီးမောင်နှံနှစ်ယောက်လုံး ဆုံးပါးခဲ့ရသည်။
ဝမ်မင်ကျန်းရဲ့ ကိုးနှစ်အရွယ် သားလေးတစ်ယောက်ကတော့ ကံကောင်းထောက်မစွာ အသက်ရှင်ခဲ့ပေမယ့် ထိခိုက်ဒဏ်ရာကတော့ တော်တော်များခဲ့သည်ဟုဆိုသည်။ သားလေး ဘာဖြစ်သွားခဲ့သည့် အကြောင်းကိုတော့ ဝမ်မိသားစုက လူထုကို အတိအကျပြောပြခဲ့ခြင်း မရှိပါ။
YOU ARE READING
See my inside
FanfictionWang Yibo × Xiao Zhan Yizhan fanfiction unicode + zawgyi pic crd#