( 4 )

1.7K 363 34
                                    

unicode

ရိပေါ်ဖွင့်ပေးသော တံခါးက ဝင်လိုက်ပြီးမှ အထဲမှာဝမ်ချန်လီကိုပါ တွေ့လိုက်ရသဖြင့် ရှောင်းကျန့်နည်းနည်းခပ်အမ်းအမ်း ဖြစ်သွားမိသည်။ ဝမ်ချန်လီက သူသဘောကျသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး တစ်ခါမှလည်း အနီးကပ်မတွေ့ဖူးတာကြောင့် ဒီလိုတွေ့လိုက်ရတော့ ဘယ်လိုတုံ့ပြန်လို့ ပြန်ရမှန်းမသိ။

ဝမ်ချန်လီရဲ့ အရောင်ခတ်မှုကြောင့် ထင်သည်။ သူ မယုံတယုံ ဖြစ်နေခဲ့သည့် ဒီအလုပ်ကို ချက်ချင်းပင် ယုံကြည်သွားတော့သည်။ မနေ့က Hope မှာ ရိပေါ်ရဲ့အရေးပါနေရာကို သိပြီးပြီဖြစ်သောကြောင့် ဝမ်ချန်လီ ဒီလိုမျိုးအလည်ရောက်နေသည်ကိုတော့ သိပ်မအံ့သြမိ။

CEO တစ်ယောက်က perfumer တစ်ယောက်ကို အကျိုးအကြောင်း လာမေးသည်က ဖြစ်သင့်သည့် ကိစ္စပဲမလား။

မီဒီယာများတွင် ပြုံးရွှင်စွာတွေ့ခဲ့ရသည့် ဝမ်ချန်လီက အပြင်မှာလည်း ပြောင်းလဲနေခြင်းမရှိ။ သူ့ကိုမြင်သည်နှင့် ချက်ချင်းပင် ပြုံးပြနှုတ်ဆက်သည်။ သူဌေးကြီးတစ်ယောက်ရဲ့ အရှိန်အဝါကြောင့် ထင်သည်။ ဝမ်ချန်လီက ရုပ်ရည်ချောမောသည်ထက် ခန့်ညားမှုအပြည့်။

ဝမ်ချန်လီအား ငေးနေမိသောသူ့နားကို ရိပေါ်က မသိမသာ ကပ်လာပြီး စိတ်ပျက်လက်ပျက် ပုံစံနှင့် ပြောသည်။

" လုပ်ပြီ ဘာအမွှေးမှ မသုံးပါနဲ့ဆို သုံးလာတယ် "

အလုပ်ကမစရသေး။ အမွှေးနံ့သုံးသည့် ကိစ္စနှင့် သူဌေးဆိုးလေးက ပြစ်တင်စကားဆိုပြီ။

" ရေမွှေးမဆွတ်လာဘူး roll on လည်း မသုံးလာဘူး "

" hair gel သုံးလာတယ် ချဥ်စုပ်စုပ်နံ့ကြီး "

သူ သဘောကျသည့် သစ်သီးစုံရနံ့ကို ချဥ်စုပ်စုပ်နံ့ကြီးဟု အပြောခံလိုက်ရရာ ရှောင်းကျန့် နည်းနည်းတော့ စိတ်တိုမိသည်။ ဒါပေမယ့် ဝမ်ချန်လီရှေ့မှာမို့ သူ့ဒေါသကိုတော့ ထုတ်မပြမိ။ အောင့်သက်သက်နဲ့သာ နှုတ်ဆိတ်နေလိုက်ရသည်။

" ရိပေါ်က မင်းကိုရွေးချယ်လိုက်တာ ဝမ်းသာပါတယ် "

ဝမ်ချန်လီရဲ့ ကြိုဆိုစကားသံကို ကြားရတော့ ရိပေါ်စကားကြောင့် ဒေါသထွက်ရမှုက အနည်းငယ် လျော့ကျသွားလေသည်။

See my insideWhere stories live. Discover now