Chapter (2)_ မဂၤလာဦးအခ်ိန္မွာ ေဆးရံုကိုသြားေနသည့္ သူ (Z+U)
ဝမ္ယာက ေဟာ္ယြမ္တုန္းကို မဂၤလာေဆာင္မွာ တတိယအႀကိမ္ေတြ႕ဆံုခဲ့ရသည္။ မဂၤလာပြဲကို အက်ဥ္းရံုးက်င္းပတယ္ ဆိုေပမယ့္ အေတာ္ေလးကို ခမ္းနားလွသည္။
မဂၤလာပြဲက ၂၁၂၁ ခုႏွစ္ေႏြရာသီမွာျဖစ္ျပီး ထိုေခတ္အခါတြင္ လိင္တူခ်င္းလက္ထပ္ထိမ္းျမားမႈဟာတရား ၀ င္ၿပီးသားျဖစ္သည္။ မဂၤလာေဆာင္ပြဲသို႔ တက္ေရာက္လာသူမ်ားသည္ တ႐ုတ္ႏိုင္ငံ၏ လက္ရွိ အာဏာရနုိင္ငံေရးသမားမ်ားႏွင့္လူသိထင္ရွားေသာပုဂၢိဳလ္မ်ားျဖစ္ၾကသည္။
မိသားစုႏွစ္စုသည္ သူတို႔၏ သက္ဆိုင္ရာ နယ္ပယ္တြင္ ႀသဇာအာဏာအျမင့္ဆံုးျဖစ္ေသာေႀကာင့္ မဂၤလာပြဲကို တက္ေရာက္သူမ်ားက နွယ္နွယ္ရရလူမ်ား မဟုတ္ႀကေပ။ ဝမ္ယာ၏ ဖခင္က လက္ရွိ သူတို႕ မိသားစု၏စီးပြားေရးလုပ္ငန္းမ်ားကို တာဝန္ယူေနဆဲျဖစ္သျဖင့္ အထက္တန္းလႊာ အားလံုးနီးပါးက မ်က္နွာလုပ္ဖို႕ တက္ေရာက္ႀကသည္။ ငယ္႐ြယ္ေသာမင္းသားႏွင့္ ေဟာ္မိသားစုတို႔အၾကား လက္ထပ္ထိမ္းျမားမႈ သတင္းကို သာမန္ျပည္သူမ်ားက မသိရွိႏိုင္ေသာ္လည္း အထက္တန္းလႊာႀကားတြင္ေတာ့ အင္မတန္ ထင္ရွားကာ ဘယ္သူမွ မတက္ေရာက္ပဲ မေနရဲႀကေပ။
ဝမ္ယာကို နံနက္ေစာေစာ ကတညး္က ေဟာ္မိသားစုထံသို႔ပို႔ခဲ့သည္။ သူက ယေန႔ေခတ္လူႀကိဳက္အမ်ားဆုံးစတိုင္ ဝတ္စားဆင္ယင္ေပးျခင္း ခံရသည္။ သူ၏ဆံပင္ပုံစံသည္လည္း အလြန္ကိုႀကည့္ေကာင္းေနသည္။
သို႔ေသာ္ သူက မ်က္မွန္ပဲ တပ္ထားဖုိ႕ကို အေႀကာက္အကန္ ေျပာခဲ့ရ သည္။
သူကားထဲမွ ထြက္လာစဥ္ ေဟာ္ယြမ္တုန္းက လွမ္းႀကည့္လိုက္ျပီး သူ႕ဆီကို ခ်ဥ္းကပ္လာခဲ့သည္။ ဧည့္ပရိတ္သတ္အားလံုး၏အႀကည့္ ေအာက္ဝယ္ သူ႕နားကို တိုးကပ္လာသည့္ သတိုးသားကို ဝမ္ယာ ရပ္ေစာင့္ေနလိုက္သည္။
ေဟာ္ယြမ္တုန္းက ေနေရာင္ေအာက္တြင္ ေနနတ္သားကဲ့သို႕ ေတာက္ပလွျပီး သပ္ရပ္ေသာ ဝတ္စံုျဖဴက ရွည္သြယ္ေသာ သူ႕အရပ္ကို ပို ျမင့္မားေစျပီး ေတာင့္တင္းေသာ သူ႕ကိုယ္ဟန္ကို ပိုႀကည့္ေကာင္းေစသည္။ သူ႕မ်က္နွာျပင္ထက္က အျပံုးေႀကာင့္ ႀကည့္မိသူတိုင္း မ်က္စိမလႊဲနုိ္င္ေအာင္ ျပဳစားခံလိုက္ရေတာ့သည္။
သူက ဝမ္ယာ ကိုေသေသခ်ာခ်ာၾကည့္ၿပီး သူ႕မ်က္ဝန္းထဲတြင္ ခ်စ္ျခင္း၏အရိပ္မ်ား ထင္ဟပ္ေနသကဲ့သို႔နက္ရႈိင္းလို႕ေနသည္။
သူ၏ျပံုးရယ္ျခင္းသည္ နူတ္ခမ္းဖ်ားတြင္သာ ျဖစ္ျပီး မ်က္ဝန္းရိပ္က ျ႔့ပံုးရယ္ျခင္း လံုးဝမရွိေပ။ ဒီမဂၤလာေဆာင္က သူလိုခ်င္ေသာသူနွင့္ လက္ထပ္တာ မဟုတ္ဘူးဆိုတာ ဝမ္ယာသိေနသည္။ ဒါေပမယ့္ အျပင္လူက ႀကည့္ရင္ေတာ့ သူက ေပ်ာ္ေနတယ္ ထင္ရသည္။
မိသားစုဝင္ေတြ ေျပာစကားအရ ေဟာ္ယြမ္တုန္းက မစ္ရွင္တစ္ခုေႀကာင့္ တစ္လတိတိ တာဝန္ထမ္းေဆာင္ေနရျပီး လက္ထပ္ပြဲမတို္င္ခင္ေလးကမွ ျပန္ေရာက္လာခဲ့သည္။ ေဟာ္ယြမ္တုန္းအတြက္ သီးသန္႕မစ္ရွင္ကို သူ႕ဖခင္ကိုယ္တုိင္ အမိန္႕ေပးတာျဖစ္ျပီး သက္ဆိုင္ရာဌာနရွိ ေဟာ္ယြမ္တုန္း၏ စိီနီယာမ်ားပင္ ဘာတာဝန္ဆိုတာကိုပင္ မသိႀကေပ။ ဒါေႀကာင့္ ဝမ္ယာလည္း သူ႕ကို ဘယ္ေတာ့မွ ေမးေလ့မရွိေပ။
ေဟာ္ယြမ္တုန္းလည္း သူ႕လိုပဲ ဒီမဂၤလာပြဲကို စိတ္ဝင္စားျခင္းမရွိပဲ ဘာမွ ပါဝင္ျပင္ဆင္ျခင္းမရွိဟု ထင္သည္။ သူတို႕နွစ္ေယာက္က မဂၤလာပြဲတြင ္လက္ျခင္းတြဲကာ ပါဝင္ေပးရံုသက္သက္သာ လိုအပ္ႀကသည္ မဟုတ္လား။
ဒါေႀကာင့္ သရုပ္ျပမႈကို ဆက္လက္လုပ္ဖို႕လု္ိေသာေႀကာင့္ ဝမ္ယာက ေဟာ္ယြမ္တုန္း၏လက္ကို ဆုပ္ကိုင္လိုက္သည္။ ေဟာ္ယြမ္တုန္းလည္း သူ႕လက္ကို ျပန္ဆုပ္ကိုင္ထားျပီး သူ႕လက္ဖမိုးကို လက္ေခ်ာင္းေလးနွင့္ အသာယာပြတ္သပ္ေနသည္။ သူ႕လက္က ပူေနျပီး သူ႕ကိုယ္က ေနမင္းလို အပူရွိန္ေတြထြက္ေနသည္။ ပြဲကို တက္ေရာက္လာသည့္ ဧည့္သည္မ်ား၏ စိတ္အားထက္သန္သည့္ ေကာင္းခ်ီးေပးေသာ လက္ခုပ္က သစ္ပင္ေပၚက ဌက္ကေလးမ်ား၏ ေအာ္ျမည္သံျဖင့္ ေရာေနွာလို႕ေနသည္။ ဝမ္ယာက နည္းနည္းေလးေတာင္ မျပံုးနုိင္ျဖစ္ေနမိသည္။
ေဟာ္ယြန္တံုးက သူ႕ကို စိုက္ႀကည့္ျပီး ေျပာခဲ့သည္။
"ငါနဲ႕လက္ထပ္လိုက္ရတာ ေပ်ာ္လား "
ဝမ္ယာ အံ့အားသင့္သြားေပမယ့္ ေဘးမွာ ဧည့္သည္မ်ားရွိေနျဖင့္ အသာယာ ရယ္ေမာလိုက္သည္။
ႏွစ္ေယာက္သား လက္ျခင္းတြဲကာ မဂၤလာခန္းမထဲဝင္လာႀကသည္။ အႀကီးအကဲမ်ားႏွင့္ ဧည့္သည္မ်ား၏မ်က္ေမွာက္တြင္ ကတိကဝတ္ျပဳကာ ေဟာ္ယြမ္တုန္းက သူ႕လက္ကို လက္ထပ္လက္စြပ္ စြပ္ေပးခဲ့သည္။ လက္စြပ္ေပၚက စိန္ပြင့္က တျဖတ္ျဖတ္လင္းေနသည္။ တကယ္ဆိုရင္ ေဟာ္ယြမ္တုန္းက သာမန္လက္စြပ္ကိုပဲ ေရြးသင့္သည္ဟု ဝမ္ယာက ထင္ေနသည္။
နွစ္ဦးသား အျပန္လွန္ လက္စြပ္စြပ္ေပးျပီးေနာက္ ေနာက္ထပ္ ဝတ္စံုတစ္စံု ထပ္လဲကာ အခမ္းနားကို ဆက္လက္က်င္းပခဲ့သည္။
လက္ထပ္ျပီးျပီဆိုေတာ့ နွစ္ေပါင္းတစ္ရာတုိင္ အတူတူ ခ်စ္ခင္သြားဖုိ႕ပဲ က်န္ေတာ့သည္။
--------------------
ဒီခိုင္မာတဲ့လက္ထပ္ထိမ္းျမားမႈကို လူေတြ ဘယ္ေလာက္ေတာင္ မနာလိိုေနမလဲဆိုတာ ဘယ္သူမွ မသိနုိင္ေပ။
သို႔ေသာ္အခ်ိဳ႕လူမ်ားေတြက တိတ္တိတ္ေလး ကဲ့ရဲ႕ႀကသည္။ ပရိတ္သတ္တခ်ိဳ႕က ေဟာ္ယြမ္တုန္းလို မေကာင္းဆိုးဝါးလူသားတစ္ေယာက္ဆီကို သူ႕သားငယ္ကို ေပးအပ္ဖို႕ ေဟာ္မိသားစုက ဝမ္သူေဌးႀကီးကို ဘာေတြနဲ႕မ်ား ကမ္းလွမ္းခဲ့သလဲလို႕ ေတြးေနႀကသည္။
တခ်ိဳ႕ကေတာ့ ဝမ္မိသားစုက သားအငယ္ကို ဝမ္သူေဌးႀကီးက သိပ္မခ်စ္လို႕ အခုလို မေကာင္းဆိုးဝါး လူသားနွင့္ လက္ထပ္ေပးနုိင္ သည္ဟု မွန္းဆေနႀကသည္။ တကယ္လို႕သားအႀကီး ဝမ္ရွင္းကိုသာ ဆိုလွ်င္ ဝမ္မိသားစုက အလြယ္တကူ သေဘာတူလက္ထပ္ေပးနုိင္မည္ မဟုတ္ဟု ေသခ်ာေပါက္တြက္ထားႀကသည္။
တကယ္ေတာ့ ေဟာ္ယြမ္တုန္း၏ သတင္းဆိုးက အထက္တန္းလႊာ အသိုင္းအဝိုင္းတြင္ နာမည္ႀကီးလြန္းသည္။ ေဟာ္ယြမ္္တုန္းကို အသက္ 14 နွစ္အရြယ္တြင္ ဂိုဏ္းတစ္ခုကျပန္ေပးဆြဲတာ ခံခဲ့ရတယ္လို႔ ဆိုသည္။ သူ႕မိသားစုက တစ္ရက္လုံးလုံး ျမိဳ႕ကို ေမႊေနွာက္ကာ စံုစမ္းႀကစဥ္ သူတို႕ေဟာ္မိသားစု၏ကိုယ္ရံေတာ္မ်ားႏွင့္ရဲအရာရွိမ်ားက သူ႔ကို ေအာင္ျမင္စြာေျခရာခံႏိုင္ခဲ့သည္။ ဒါေပမယ့္ ထိုေနရာကိုေရာက္ေတာ့ ေဟာ္ယြမ္တုန္းက ဓားကိုင္ထားၿပီးေျမျပင္ေပၚရွိဂိုဏ္းေခါင္းေဆာင္ကို ဖိခ်ထားသည္ကိုေတြ႕ျမင္ခဲ့ရသည္။
ျပန္ေပးဂိုဏ္းေခါင္းေဆာင္တြင္အနည္းဆုံးရာႏွင့္ခ်ီေသာ ဓါးျဖင့္ ထိုးသြင္းရာမ်ားရွိျပီး တကိုယ္လံုးကို ေသြးမ်ားဖုံးထားသည္ ကိုေတြ႕လိုက္ရ သျဖင့္ လူအားလံုး မ်က္လံုးျပဴးကုန္ႀကသည္။ ေခါင္းေဆာင္အျပင္ လူတဒါဇင္ေက်ာ္ေလာက္လည္း ေျမႀကီးေပၚမွာ လဲေနႀကသည္။
ဒီႀကီးမားတဲ့တိုက္ပြဲက သူ႔ကိုေက်ာ္ၾကားလာေစခဲ့သည္။ လူတိုင္းက ေဟာ္ယြမ္တုန္းကို ငရဲမင္းႀကီး ဝင္စားျခင္းျဖစ္သည္ဟုေျပာၾကသည္။
ေနာက္ပိုင္းမွာ သူ႕မိသားစုက ဒီအျဖစ္အပ်က္ကို ဖံုးဖိခဲ့ေပမယ့္ လူအေတာ္မ်ားမ်ားက သူသတ္ျဖတ္ခဲ့တာကို ကိုယ္တိုင္ကိုယ္က် မ်က္ျမင္ကိုယ္ေတြ႕ႀကဳံခဲ့ရသည္။ ဒါေႀကာင့္ သူ႕အေႀကာင္းက ျမိဳ႕ေတာ္ထဲမွာ တိတ္တဆိတ္ ပ်ံ႕နွံ႕လာခဲ့သည္။ အားလံုးက ဒီသတင္းေႀကာင့္ ေဟာ္ယြမ္တုန္းကို ေႀကာက္လန္႕ကုန္ႀကသည္။
အခုေတာ့ဝမ္မိသားစုက သူတို႕ သားငယ္ကို ဒီလူဆီပို႔လိုက္သည္။
ဝမ္ယာက တရုတ္ျပည္ကို ျပန္ေရာက္တာ မႀကာေသးေသာေႀကာင္ ့ေဟာ္ယြမ္တုန္းနွင့္ ပတ္သတ္သည့္ ေကာလာဟာလကို လံုးဝမႀကားဖူး သလို သူ႕မိသားစုကလည္း ဒီအေႀကာင္းကို လံုးဝမေျပာျပ ႀကေပ။ ဒါေႀကာင့္ ဝမ္ယာက ဧည့္သည္မ်ားႀကားတိတ္တခို းေျပာဆိုေနသည့္ အေႀကာင္းရာကို မသိပဲ သူ႕စိတ္နွလံုးက ေအးေဆးေနနို္င္ျခင္းျဖစ္သည္။
အခုေတာ့ သူ စိုးရိမ္တာတစ္ခုပဲရွိသည္။ မဂၤလာေဆာင္ၿပီးေနာက္ သူ က ေဟာ္ယြမ္တုန္းနွင့္ နွစ္ေယာက္တည္း ေနရေတာ့မည္။ ေဟာ္ယြမ္တုန္းရဲ႕စိတ္ကို သူနားလည္သေလာက္ဆိုရင္ ေဟာ္ယြမ္တုန္းက သူ႕ကို အလြတ္ေပးမည္ မဟုတ္ေပ။
သူ၏ဝမ္းနည္းပူေဆြးမႈႏွင့္ႏႈိင္းယွဥ္လွ်င္ ေဟာ္ယြမ္တုန္း၏ အမူယာက ေအးေဆးတည္ၿငိမ္ေနခဲ့သည္။ လက္ထပ္ပြဲတစ္ေလွ်ာက္လံုးတြင္ ဝမ္ယာက ေဟာ္ယြမ္တုန္း၏ လက္ကို တြဲကာ မိတ္ဆက္ေပးသမွ် ေဆြမ်ိဳးမ်ား၊ သူငယ္ခ်င္းမ်ားႏွင့္ သူတို႔၏အႀကီးအကဲမ်ားကို နုတ္ဆက္စကားေျပာေနရသည္။
ဝမ္ယာက အရက္ မေသာက္ေသာေၾကာင့္ ေဟာ္ယြမ္တုန္း က အိမ္ေဖာ္ကို ေရတစ္ခြက္ လာေပးခိုင္းလိုက္သည္။ ပံုမွန္အားျဖင့္ ႀကည့္လွ်င္ ္ႀကင္နာျပီး အလိုက္သိတတ္သည့္ပါတနာတစ္ေယာက္ဟု ထင္ရသည္။
ဤပုဂၢိဳလ္သည္ ပင္ကိုယ္အားျဖင့္ႏူးညံ့သိမ္ေမြ႕ေသာသူျဖစ္သည္ကို ဝမ္ယာ သိသည္။ ေဆး႐ုံတြင္ ပထမဆုံးအႀကိမ္ေတြ႕ဆုံသည့္အခါ တဖက္လူက ္အမွန္ပင္ၾကင္နာၿပီးႏူးညံ့သိမ္ေမြ႕ေၾကာင္း ဝမ္ယာ ေကာင္းေကာင္း မွတ္မိေနပါေသးသည္။ ဒါေပမယ့္ ဒီႀကင္နာသိမ္ေမြ႕မူက သူ ေပးအပ္ခ်င္ေသာလူေပၚမူတည္သည္။
ဝမ္ယာသည္ သူ႔အနားရွိေခ်ာေမာခန္႕ညားေသာလူကို မၾကည့္ဘဲ မေနနို္င္ေပ။ အနာဂတ္တြင္ ဒီလူက သူ႔ကိုေလးစားမႈရွိေစရန္ တိတ္တခိုးေလး ဆုေတာင္းေနမိသည္။ အေကာင္းဆုံးက သူ႔ထံ မွႏူးညံ့သိမ္ေမြ႕ျခင္းကိုပဲ ဝမ္ယာ ေမွ်ာ္လင့္ႏိုင္သည္။
မနက္ အိမ္မွမထြက္ခြာမီ အဘိုးက ဝမ္ယာလက္ကိုကိုင္ၿပီး စိတ္ပူစြာ မွာခဲ့သည္။
" ေရွာင္ယာ တကယ္လို႕ ေဟာ္မိသားစုက မင္းအေပၚ မေကာင္းခဲ့ဘူးဆိုရင္ အဖိုး မင္းကို ခ်က္ခ်င္း ျပန္လာေခၚမယ္ "
ဒါကိုေကာင္းတဲ့အရာလို ႔ဘယ္လိုယူဆလို႕ရနိုင္ပါ့မလဲ။
ဝမ္မိသားစုကသူ႔ကို ေဟာ္ဖိုးဖိုး၏ဆႏၵကိုျဖည့္ဆည္းေပးရန္ေစလႊတ္ လိုက္သည္။ သူက မေပ်ာ္ေသာေၾကာင့္ အိမ္ကိုျပန္လာခဲ့လွ်င္ ေဟာ္ဖုိးဖိုးကို မေလးစားရာ မက်ေပဘူးလား။ သူ ဘယ္လိုလုပ္ အိမ္ကိုျပန္နုိင္ပါ့မလဲ။
အဘိုးက သူ၏စိုးရိမ္မႈမ်ားကိုနားလည္ပုံရသည္။ ေနာက္ဆုံးတြင္ အဖိုးက စိတ္ေသာကေရာက္ၿပီးမ်က္ေမွာင္ၾကဳတ္ေနခဲ့သည္။
"မင္းရဲ႕ ေဟာ္ဖိုးဖိုးက မဆင္ မျခင္မလုပ္ပါဘူး။ သူ ဘာလုပ္သင့္သလဲ ဆုိတာ သူ ေကာင္းေကာင္းသိပါတယ္"
ဝမ္ယာကေခါင္းညိတ္လိုက္ေပမဲ့ေမွ်ာ္လင့္ခ်က္သိပ္မရွိေပ။
သူက ဒီလို အဆံုးသတ္မ်ိဳးကို မလိုခ်င္ေပ။ ဒီလိုဟာက လံုးဝကို အဆံုးသတ္လိုက္သည့္အခ်ိန္မွ လုပ္သင့္ေသာ အရာမဟုတ္လား။
ဧည့္သည္မ်ားႀကား ဂုဏ္ျပဳအရက္ လိုက္လံေသာက္ျပီး အခ်ိဳ႕ၾသဇာရွိေသာလူမ်ားႏွင့္ေတြ႕ဆုံ နူတ္ဆက္ခဲ့ရသည္။ အဘိုးႏွစ္ေယာက္က ေနာက္ဆံုး သူတုိ႕ အိပ္ခန္းဆီ သြားနားဖုိ႕ အမိန္႕ေပးလိုက္ေတာ့သည္။
ယေန႔ ေဟာ္ဖိုးဖိုးက အထူးအားရ ေက်နပ္ေနသည္။ ေနာက္ဆုံးတြင္ သူ႕ေျမးက လက္ထပ္ၿပီးသြားျပီျဖစ္လုိ႕ သူ လူ႕ေလာကထဲက ထြက္ခြာသြားခဲ့ရရင္ေတာင္မွ ေအးခ်မ္းစြာ ထြက္သြားနုိင္ေလျပီ။
ထို႔အျပင္ဝမ္မိသားစု၏သားငယ္သည္ ေဟာ္မိသားစုႏွင့္လိုက္ဖက္လွ သည္။ ဒီကေလးက အရမ္းအျပစ္ကင္းသျဖင့္ ဒီထက္ပိုၿပီးျပည့္စုံတဲ့အရာမရွိနိုင္ေတာ့ေပ။
ေဟာ္ယြမ္တုန္း သည္ၿပဳံး႐ႊင္စြာျဖင့္ ဧည့္သည္မ်ားကိုႏႈတ္ဆက္ေနသည္။
------------------------
သူက ဝမ္ယာ၏လက္ကို တခ်ိန္လံုး ဆုပ္ကိုင္ထားျပီး ေနာက္ဆံုး အျပာေရာင္ ေက်ာက္တံုးမ်ား ခင္းထားေသာ လမ္းထက္မွတဆင့္ ဝမ္ယာ၏လက္ကို တြဲကာ သူတို႕အိပ္ခန္းကို ျပန္လာႀကေတာ့သည္။
မၾကာမီ ေဟာ္ယြမ္တုန္း သည္ ဝမ္ယာ၏ လက္ကိုလႊတ္ကာ အခန္းတံခါးကို ပိတ္လိုက္သည္။ ထို႔ေနာက္သူက ဝမ္ယာကိုရယ္ၿပီး စိုက္ၾကည့္လိုက္သည္။
" ဘဲေပါက္ေလး မင္း ငါ့ကို လက္ထပ္လိုက္ျပီ "
ေဟာ္ယြမ္တုန္း က ဝိုင္အခ်ိဳ႕ကိုေသာက္ထားသျဖင့္ မ်က္လုံးမ်ားက ရီေဝေနသည္။ ဒါေပမယ့္ သူ႕အႀကည့္ကာ ဝမ္ယကို ျမိဳခ်ေတာ့မလို စူးရွစြာ ၾကည့္ေနခဲ့သည္။
ဝမ္ယာသည္ ေဟာ္ယြမ္တုန္း ၏ အမူယာကို သတိမထားမိပဲ မ်က္မွန္ကို ေနသားတက် ျပန္ျပင္ေနလိုက္ျပီး သူ႕စကားကို မတုန္႕ျပန္ပဲ ေရွာင္ေနလိုက္သည္။ ဘဲေပါက္ေလးဆိုသည့္အေခၚေဝၚကို သူ တမင္သံုးနႈန္းလိုက္တာကိုသိေပမယ့္ မသိဟန္ေဆာင္ေနလိုက္သည္။ ဒီလူနွင့္ သူ စကားမမ်ားခ်င္ေပ။
သူက ဘာမွ ျပန္မေျပာခဲ့တာကို သိလို႕ ေဟာ္ယြမ္တုန္းက တမင္သက္သက္ ထပ္ေျပာလိုက္သည္။
" ဘဲေပါက္ေလးဆိုတဲ့နာမည္က အရမ္းေကာင္းပုံမေပၚ ဘူး။ င့ါဇနီးက ဘယ္လိုလုပ္ ဘဲေပါက္ေလးျဖစ္နုိင္ပါ့မလဲ။ မင္းကို ဖားကေလးလို႕ ေခၚရင္ ဘယ္လိုလဲ။ "
ဝမ္ယာက ဘယ္လိုျပန္လည္ေခ်ပရမလဲ မသိေတာ့ေပ။ ဖားကေလး ဆိုတာထက္ ဘဲေပါက္ေလးက အမ်ားႀကီးပိုခ်စ္စရာေကာင္းတယ္လို႔ သူ ထင္သည္။
ေဟာ္ယြမ္တုန္း ကၿပဳံးၿပီး သူ႕ကို ေျပာလိုက္သည္။
"ဒါဆို ဒီလုိပဲ သတ္မွတ္လိုက္တာေပါ့"
ဝမ္ယာ၏တုံ႔ျပန္မႈကိုေစာင့္ဆိုင္းျခင္းမျပဳဘဲ ေဟာ္ယြမ္တုန္းသည္ အိပ္ယာအစြန္းသို႔ သြားၿပီး သူ႕ကိုယ္ေပၚက အဝတ္အားလံုးကို အတြင္းခံေလးပဲက်န္သည္အထိ ခြ်တ္ခ်ခဲ့သည္။
ဝမ္ယာက ထိုေနရာမွာ ေတာင့္တင္းသြားေတာ့သည္။ တစ္မိနစ္ေတာင္ မျပည့္ေသးခင္ ေဟာ္ယြမ္တုန္း၏ကိုယ္ေပၚတြင္ အတြင္းခံ ေဘာင္းဘီ တစ္ထည္သာက်န္ခဲ့ေတာ့သည္။ သူသည္ အလြန္ေကာင္းမြန္လွပေသာ ကိုယ္လံုးကိုယ္ေပါက္ရွိျပီး ပခုံးက်ယ္မ်ားႏွင့္ ႀကြက္သားမ်ားျဖင့္ ေတာင့္တင္းေသာ ထိုလူကို ဝမ္ယာ သတိလက္လြတ္ေငးႀကည့္ေနမိသည္။
ဝမ္ယာသည္႐ူပေဗဒကိုအဓိကထားသင္ယူခဲ့ေသာ္လည္း ဇီဝေဗဒႏွင့္ပတ္သက္ေသာ ဗဟုသုတအခ်ိဳ႕ရွိသည္။ သူသိရွိခဲ့သည့္ ပညာမ်ားအရ ေဟာ္ယြမ္တုန္း၏ခႏၶာကိုယ္သည္ၿပီးျပည့္စုံေသာ အခ်ိဳးအစားျဖစ္သည္ကိုေတြ႕ျမင္ႏိုင္သည္။
ေဟာ္ယြမ္တုန္း က ႔အိမ္အဝတ္အစားေတြကို ၀ တ္ၿပီး သူ႔ဘက္ကိုလွည့္ႀကည့္လိုက္သည္။ သူက ဝမ္ယာကို စိုက္ႀကည့္ျပီး တိုးတိုးေမးလိုက္သည္။
"ေက်နပ္လား"
ဝမ္ယာက ဘာမွ ျပန္မေျဖလိုက္ေပ။ ေဟာ္ယြမ္တုန္းဟာ ဝမ္ယာ ဆီျဖည္းျဖည္းခ်င္း ခ်ဥ္းကပ္လာခဲ့ျပီ နူတ္ခမ္းက အေပၚကို ေကာ့ညြတ္ကာ ေမးလိုက္သည္။
" ငါ့ခႏၶာကိုယ္ကို မင္း ေက်နပ္ရဲ႕လား?"
ဝမ္ယာရဲ႕မ်က္ႏွာက တျဖည္းျဖည္းနီလာသည္။
ေဟာ္ယြမ္တုန္းက ဝမ္ယာ၏ေမးေစ့ ပင့္မကာ ခဏေငးၾကည့္လိုက္ျပီး ဝမ္ယာ ၏ႏွာေခါင္းေပၚရွိ မ်က္မွန္ထူထူကိုခြၽတ္ယူကာ ရယ္ရင္းေျပာလိုက္သည္။
" မင္းရဲ႕ မ်က္လုံးထဲမွာ ႀကည့္လို႕ေကာင္းတယ္ မဟုတ္လား"
ဝမ္ယာက အရမ္းကို စိတ္မသက္မသာျဖစ္ၿပီး ထြက္ခြာသြားရန္ႀကိဳးစား ေသာ္လည္း ေဟာ္ယြမ္တုန္း က သူ႔ကို ပို၍ တင္းေအာင္ ဖက္လိုက္ ေတာ့သည္။ ထို႔ေနာက္ေယာက္်ားသည္ ႐ုတ္တရက္ ေခါင္းကိုငုံ႔လိုက္ၿပီး သူ၏ႏႈတ္ခမ္းေတြေပၚကို အနမ္းေျခြခဲ့သည္။
ဝမ္ယာ ၏မ်က္လုံးမ်ား ျပဴးက်ယ္ဝိုင္းစက္ လာသည္။
ေဟာ္ယြမ္တုန္း ကၿပဳံးၿပီး အက္ရွရွေျပာလိုက္သည္။
" မင္းကို ငါ Fuck မယ္"
ဝမ္ယာ : "ဟင့္အင္း ... "
ေဟာ္ယြမ္တုန္းက ဝမ္ယာ၏နူးညံ့ေသာ နူတ္ခမ္းေလးကို သူ၏ရွည္သြယ္ေသာလက္ေခ်ာင္းမ်ားျဖင့္ ပြတ္သပ္ကာ ေမးလိုက္သည္။
"ဘာလို႔လဲဆိုေတာ့ ငါတို႔ဟာ တရားဝင္ လက္ထပ္ထားျပီးသား စုံတြဲေတြျဖစ္ေနျပီ။ မင္း ငါ့ကို လက္ထပ္ထားတာဆိုေတာ့ မင္းက မင္းရဲ႕တာဝန္ေတြကိုထမ္းေဆာင္ ရမယ္"
ဝမ္ယာက သူလက္မထပ္ခင္က ဒီျပသနာကို မစဥ္းစားမိခဲ့ေပ။ ေဟာ္ယြမ္တုန္းက ခ်စ္သူရွိတယ္ဆိုေတာ့ သူ႕ကို ဒီလိုလုပ္မည္မဟုတ္ဟု ထင္ထားခဲ့သည္။
ေဟာ္ယြမ္တုန္းက ေနာက္ဆုံးေတြ႕တဲ့အခ်ိန္မွာ သူ႔ကိုေလွာင္ေျပာင္ျပီး လုပ္ခ်င္တယ္လို႕ ၿခိမ္းေျခာက္ခဲ့ေသးသည္။ ဒါေပမယ့္ ဝမ္ယာ၏ ရင္ထဲမွာ ေဟာ္ယြမ္တုန္း ၏ႏွလုံးသားထဲတြင္ အၿမဲတမ္းရွိေနေသာသူက ေဆး႐ုံတက္ေနတဲ့ သူ႔အစ္ကိုျဖစ္ျပီး ေဟာ္ယြမ္တုန္းက သူ႕အကိုကို ိုႏူးညံ့ေသာအၾကည့္ျဖင့္ၾကည့္ေနသည္ကိုသာ အမွတ္ရေနသည္။ ဒါေပမယ့္ ေဟာ္ယြမ္တုန္းက အခု သူ႕ဘက္ကိုလွည့္လာခ်င္တာလား။
ဝမ္ယာက မထိတ္လန႔္ဘဲမေနႏိုင္ေတာ့ေပ။ ေဟာ္ယြမ္တုန္း၏ နူတ္ခမ္းမ်ားက ရယ္ေမာေနဆဲျဖစ္သည္။
"မင္းကို ငါေနာက္ေနတယ္လုိ႕ ထင္ေနတယ္မဟုတ္လား။ ငါေျပာခဲ့တာေတြ အားလုံးကို ျပည့္စုံေအာင္ ငါ ေသခ်ာေပါက္ လုပ္မွာပါ"
ဝမ္ယာသည္ သူ႔ကိုထိတ္လန႔္တုန္လႈပ္စြာၾကည့္ခဲ့သည္။ မ်က္မွန္ျဖင့္ ဖုံးအုပ္မထားေသာမ်က္လုံးႏွစ္လုံးသည္ ျပူးက်ယ္ ဝိုင္းစက္ကာ မုဆိုး လိုက္တာ ခံရသည့္ ဘဲကေလးနွင့္ပင္ တူလို႕ေနသည္။
ေဟာ္ယြမ္တုန္းက ဝမ္ယာကို ေငးၾကည့္ကာ ကိုယ္ကို ငုံ႕ကိုင္းလာျပန္သည္။ ဝိုင္နံ႕ျပင္းျပင္းရေသာ ေဟာ္ယြမ္တုန္း၏ မ်က္နွာက သူ႕ကို အုပ္မိုးလာျခင္းနွင့္အတူ သူ႕နူတ္ခမ္းမ်ားကို ျပင္းပ်စြာ နမ္းရိႈက္လိုက္တာကို ဝမ္ယာ ခံစားလိုက္ရသည္။ ေဟာ္ယြမ္တုန္း၏ လွ်ာမ်ားက သူ႕ပါးစပ္ထဲ တုိးဝင္လာျပီး သူ႕လွ်ာကို ရစ္ပတ္ယူငင္သြားေတာ့သည္။
၂၄ ႏွစ္တာကာလအတြင္း ဝမ္ယာက ဒီလိုခံစားခ်က္ကို လံုးဝ မခံစားဖူး ေသာေႀကာင့္ ေဟာ္ယြမ္တုန္း၏ လိမၼာပါးနပ္ေသာ လံႈ႕ေဆာ္မႈ ေအာက္တြင္ သူ၏ခႏၶာကိုယ္ေပ်ာ့ေခြသြားသည္ဟု ခံစားလိုက္ ရသည္။ ထို႔ေၾကာင့္ သူက ေဟာ္ယြမ္တုန္း၏လက္ေမာင္းကိုသာ မွီထားရေတာ့ သည္။
လံုေလာက္ေအာင္ အရသာခံျပီးေနာက္ ေဟာ္ယြမ္တုန္းက ဝမ္ယာကို လႊတ္ေပးလိုက္သည္။ ျပီးေတာ့ သူ႕လက္ေခ်ာင္းမ်ားျဖင့္ ဝမ္ယာ၏ နူတ္ခမ္းကို အသာယာပြတ္သပ္လိုက္ျပီး ျပံုးကာ ေျပာလိုက္သည္။
"တကယ္ပဲ ငါ မင္းကို လုပ္ခ်င္ေနတာ"
ဝမ္ယာ အသက္ရႉဖို႔ႀကိဳးစားေနျပီး စိ္တ္ရႈပ္ေထြးေနစဥ္ ေဟာ္ယြမ္တုန္း၏ စကားေႀကာင့္ မ်က္နွာတစ္ခုလံုးရဲသြားကာ မ်က္နွာကို တဖက္သို႕လွည့္သြားေတာ့သည္။
ေဟာ္ယြမ္တုန္းသည္ သူ၏ဝမ္းဗိုက္ေအာက္ပိုင္းကို ခပ္တင္းတင္းႀကည့္ နူတ္ခမ္းကိုအနည္းငယ္ၿပဳံးလိုက္သည္။
"ဒါေပမယ့္ ငါအခု လုပ္စရာေတြက်န္ေနေသးတယ္။ ညေန အထိေစာင့္ရေတာ့မွာေပါ့"
ဝမ္ယာက ႐ုတ္တရက္ လြတ္ေျမာက္သြားေတာ့သည္။ ေဟာ္ယြမ္တုန္းက မ်က္လံုးတဖက္မွိတ္ကာ ေျပာလိုက္သည္။
" ဖားကေလး၊ ငါ လာတဲ့အထိ ေစာင့္ဦး"
သူ အခန္းအျပင္ကို ထြက္သြားခ်ိန္တြင္ ဝမ္ယာက ေငးေမာက်န္ရစ္ခဲ့ သည္။
ကံေကာင္းေထာက္မစြာ, ေမွာင္ သည္အထိ ေဟာ္ယြမ္တုန္း ေပၚမလာေပ။ အိမ္ေတာ္ထိန္းက သခင္ေလးက ေဆးရံုသို႕သြားေနေသာေႀကာင့္ ညစာကို စားထားနွင့္ရန္မွာခဲ့ေႀကာင္းေျပာခဲ့သည္။
ေဆး႐ုံ ..... ေဟာ္ယြမ္တုန္းက သူ႕အစ္ကိုႀကီးဆီ သြားႀကည့္တာလား။ သူ ဘာလုပ္မလို႕လဲ။
ဝမ္ယာသည္ ႀကီးမားသည့္ စားပြဲႀကီးတြင္ တစ္ေယာက္တည္း ညစာကို ျငင္သာစြာ စားေသာက္ေနေပမယ့္ သူ၏ႏွလုံးသားထဲတြင္ စိုးရိမ္စိတ္ တခ်ိဳ႕ရွိေနခဲ့သည္။
=========
Chapter (2)_ မင်္ဂလာဦးအချိန်မှာ ဆေးရုံကိုသွားနေသည့် သူ (Z+U)
ဝမ်ယာက ဟော်ယွမ်တုန်းကို မင်္ဂလာဆောင်မှာ တတိယအကြိမ်တွေ့ဆုံခဲ့ရသည်။ မင်္ဂလာပွဲကို အကျဉ်းရုံးကျင်းပတယ် ဆိုပေမယ့် အတော်လေးကို ခမ်းနားလှသည်။
မင်္ဂလာပွဲက ၂၁၂၁ ခုနှစ်နွေရာသီမှာဖြစ်ပြီး ထိုခေတ်အခါတွင် လိင်တူချင်းလက်ထပ်ထိမ်းမြားမှုဟာတရား ၀ င်ပြီးသားဖြစ်သည်။ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်လာသူများသည် တရုတ်နိုင်ငံ၏ လက်ရှိ အာဏာရနိုင်ငံရေးသမားများနှင့်လူသိထင်ရှားသောပုဂ္ဂိုလ်များဖြစ်ကြသည်။
မိသားစုနှစ်စုသည် သူတို့၏ သက်ဆိုင်ရာ နယ်ပယ်တွင် သြဇာအာဏာအမြင့်ဆုံးဖြစ်သောကြောင့် မင်္ဂလာပွဲကို တက်ရောက်သူများက နှယ်နှယ်ရရလူများ မဟုတ်ကြပေ။ ဝမ်ယာ၏ ဖခင်က လက်ရှိ သူတို့ မိသားစု၏စီးပွားရေးလုပ်ငန်းများကို တာဝန်ယူနေဆဲဖြစ်သဖြင့် အထက်တန်းလွှာ အားလုံးနီးပါးက မျက်နှာလုပ်ဖို့ တက်ရောက်ကြသည်။ ငယ်ရွယ်သောမင်းသားနှင့် ဟော်မိသားစုတို့အကြား လက်ထပ်ထိမ်းမြားမှု သတင်းကို သာမန်ပြည်သူများက မသိရှိနိုင်သော်လည်း အထက်တန်းလွှာကြားတွင်တော့ အင်မတန် ထင်ရှားကာ ဘယ်သူမှ မတက်ရောက်ပဲ မနေရဲကြပေ။
ဝမ်ယာကို နံနက်စောစော ကတည်းက ဟော်မိသားစုထံသို့ပို့ခဲ့သည်။ သူက ယနေ့ခေတ်လူကြိုက်အများဆုံးစတိုင် ဝတ်စားဆင်ယင်ပေးခြင်း ခံရသည်။ သူ၏ဆံပင်ပုံစံသည်လည်း အလွန်ကိုကြည့်ကောင်းနေသည်။
သို့သော် သူက မျက်မှန်ပဲ တပ်ထားဖို့ကို အကြောက်အကန် ပြောခဲ့ရ သည်။
သူကားထဲမှ ထွက်လာစဉ် ဟော်ယွမ်တုန်းက လှမ်းကြည့်လိုက်ပြီး သူ့ဆီကို ချဉ်းကပ်လာခဲ့သည်။ ဧည့်ပရိတ်သတ်အားလုံး၏အကြည့် အောက်ဝယ် သူ့နားကို တိုးကပ်လာသည့် သတိုးသားကို ဝမ်ယာ ရပ်စောင့်နေလိုက်သည်။
ဟော်ယွမ်တုန်းက နေရောင်အောက်တွင် နေနတ်သားကဲ့သို့ တောက်ပလှပြီး သပ်ရပ်သော ဝတ်စုံဖြူက ရှည်သွယ်သော သူ့အရပ်ကို ပို မြင့်မားစေပြီး တောင့်တင်းသော သူ့ကိုယ်ဟန်ကို ပိုကြည့်ကောင်းစေသည်။ သူ့မျက်နှာပြင်ထက်က အပြုံးကြောင့် ကြည့်မိသူတိုင်း မျက်စိမလွှဲနိုင်အောင် ပြုစားခံလိုက်ရတော့သည်။
သူက ဝမ်ယာ ကိုသေသေချာချာကြည့်ပြီး သူ့မျက်ဝန်းထဲတွင် ချစ်ခြင်း၏အရိပ်များ ထင်ဟပ်နေသကဲ့သို့နက်ရှိုင်းလို့နေသည်။
သူ၏ပြုံးရယ်ခြင်းသည် နူတ်ခမ်းဖျားတွင်သာ ဖြစ်ပြီး မျက်ဝန်းရိပ်က ြ့ပုံးရယ်ခြင်း လုံးဝမရှိပေ။ ဒီမင်္ဂလာဆောင်က သူလိုချင်သောသူနှင့် လက်ထပ်တာ မဟုတ်ဘူးဆိုတာ ဝမ်ယာသိနေသည်။ ဒါပေမယ့် အပြင်လူက ကြည့်ရင်တော့ သူက ပျော်နေတယ် ထင်ရသည်။
မိသားစုဝင်တွေ ပြောစကားအရ ဟော်ယွမ်တုန်းက မစ်ရှင်တစ်ခုကြောင့် တစ်လတိတိ တာဝန်ထမ်းဆောင်နေရပြီး လက်ထပ်ပွဲမတိုင်ခင်လေးကမှ ပြန်ရောက်လာခဲ့သည်။ ဟော်ယွမ်တုန်းအတွက် သီးသန့်မစ်ရှင်ကို သူ့ဖခင်ကိုယ်တိုင် အမိန့်ပေးတာဖြစ်ပြီး သက်ဆိုင်ရာဌာနရှိ ဟော်ယွမ်တုန်း၏ စီနီယာများပင် ဘာတာဝန်ဆိုတာကိုပင် မသိကြပေ။ ဒါကြောင့် ဝမ်ယာလည်း သူ့ကို ဘယ်တော့မှ မေးလေ့မရှိပေ။
ဟော်ယွမ်တုန်းလည်း သူ့လိုပဲ ဒီမင်္ဂလာပွဲကို စိတ်ဝင်စားခြင်းမရှိပဲ ဘာမှ ပါဝင်ပြင်ဆင်ခြင်းမရှိဟု ထင်သည်။ သူတို့နှစ်ယောက်က မင်္ဂလာပွဲတွင ်လက်ခြင်းတွဲကာ ပါဝင်ပေးရုံသက်သက်သာ လိုအပ်ကြသည် မဟုတ်လား။
ဒါကြောင့် သရုပ်ပြမှုကို ဆက်လက်လုပ်ဖို့လိုသောကြောင့် ဝမ်ယာက ဟော်ယွမ်တုန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ဟော်ယွမ်တုန်းလည်း သူ့လက်ကို ပြန်ဆုပ်ကိုင်ထားပြီး သူ့လက်ဖမိုးကို လက်ချောင်းလေးနှင့် အသာယာပွတ်သပ်နေသည်။ သူ့လက်က ပူနေပြီး သူ့ကိုယ်က နေမင်းလို အပူရှိန်တွေထွက်နေသည်။ ပွဲကို တက်ရောက်လာသည့် ဧည့်သည်များ၏ စိတ်အားထက်သန်သည့် ကောင်းချီးပေးသော လက်ခုပ်က သစ်ပင်ပေါ်က ဌက်ကလေးများ၏ အော်မြည်သံဖြင့် ရောနှောလို့နေသည်။ ဝမ်ယာက နည်းနည်းလေးတောင် မပြုံးနိုင်ဖြစ်နေမိသည်။
ဟော်ယွန်တုံးက သူ့ကို စိုက်ကြည့်ပြီး ပြောခဲ့သည်။
"ငါနဲ့လက်ထပ်လိုက်ရတာ ပျော်လား "
ဝမ်ယာ အံ့အားသင့်သွားပေမယ့် ဘေးမှာ ဧည့်သည်များရှိနေဖြင့် အသာယာ ရယ်မောလိုက်သည်။
နှစ်ယောက်သား လက်ခြင်းတွဲကာ မင်္ဂလာခန်းမထဲဝင်လာကြသည်။ အကြီးအကဲများနှင့် ဧည့်သည်များ၏မျက်မှောက်တွင် ကတိကဝတ်ပြုကာ ဟော်ယွမ်တုန်းက သူ့လက်ကို လက်ထပ်လက်စွပ် စွပ်ပေးခဲ့သည်။ လက်စွပ်ပေါ်က စိန်ပွင့်က တဖြတ်ဖြတ်လင်းနေသည်။ တကယ်ဆိုရင် ဟော်ယွမ်တုန်းက သာမန်လက်စွပ်ကိုပဲ ရွေးသင့်သည်ဟု ဝမ်ယာက ထင်နေသည်။
နှစ်ဦးသား အပြန်လှန် လက်စွပ်စွပ်ပေးပြီးနောက် နောက်ထပ် ဝတ်စုံတစ်စုံ ထပ်လဲကာ အခမ်းနားကို ဆက်လက်ကျင်းပခဲ့သည်။
လက်ထပ်ပြီးပြီဆိုတော့ နှစ်ပေါင်းတစ်ရာတိုင် အတူတူ ချစ်ခင်သွားဖို့ပဲ ကျန်တော့သည်။
--------------------
ဒီခိုင်မာတဲ့လက်ထပ်ထိမ်းမြားမှုကို လူတွေ ဘယ်လောက်တောင် မနာလိုနေမလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။
သို့သော်အချို့လူများတွေက တိတ်တိတ်လေး ကဲ့ရဲ့ကြသည်။ ပရိတ်သတ်တချို့က ဟော်ယွမ်တုန်းလို မကောင်းဆိုးဝါးလူသားတစ်ယောက်ဆီကို သူ့သားငယ်ကို ပေးအပ်ဖို့ ဟော်မိသားစုက ဝမ်သူဌေးကြီးကို ဘာတွေနဲ့များ ကမ်းလှမ်းခဲ့သလဲလို့ တွေးနေကြသည်။
တချို့ကတော့ ဝမ်မိသားစုက သားအငယ်ကို ဝမ်သူဌေးကြီးက သိပ်မချစ်လို့ အခုလို မကောင်းဆိုးဝါး လူသားနှင့် လက်ထပ်ပေးနိုင် သည်ဟု မှန်းဆနေကြသည်။ တကယ်လို့သားအကြီး ဝမ်ရှင်းကိုသာ ဆိုလျှင် ဝမ်မိသားစုက အလွယ်တကူ သဘောတူလက်ထပ်ပေးနိုင်မည် မဟုတ်ဟု သေချာပေါက်တွက်ထားကြသည်။
တကယ်တော့ ဟော်ယွမ်တုန်း၏ သတင်းဆိုးက အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် နာမည်ကြီးလွန်းသည်။ ဟော်ယွမ်တုန်းကို အသက် 14 နှစ်အရွယ်တွင် ဂိုဏ်းတစ်ခုကပြန်ပေးဆွဲတာ ခံခဲ့ရတယ်လို့ ဆိုသည်။ သူ့မိသားစုက တစ်ရက်လုံးလုံး မြို့ကို မွှေနှောက်ကာ စုံစမ်းကြစဉ် သူတို့ဟော်မိသားစု၏ကိုယ်ရံတော်များနှင့်ရဲအရာရှိများက သူ့ကို အောင်မြင်စွာခြေရာခံနိုင်ခဲ့သည်။ ဒါပေမယ့် ထိုနေရာကိုရောက်တော့ ဟော်ယွမ်တုန်းက ဓားကိုင်ထားပြီးမြေပြင်ပေါ်ရှိဂိုဏ်းခေါင်းဆောင်ကို ဖိချထားသည်ကိုတွေ့မြင်ခဲ့ရသည်။
ပြန်ပေးဂိုဏ်းခေါင်းဆောင်တွင်အနည်းဆုံးရာနှင့်ချီသော ဓါးဖြင့် ထိုးသွင်းရာများရှိပြီး တကိုယ်လုံးကို သွေးများဖုံးထားသည် ကိုတွေ့လိုက်ရ သဖြင့် လူအားလုံး မျက်လုံးပြူးကုန်ကြသည်။ ခေါင်းဆောင်အပြင် လူတဒါဇင်ကျော်လောက်လည်း မြေကြီးပေါ်မှာ လဲနေကြသည်။
ဒီကြီးမားတဲ့တိုက်ပွဲက သူ့ကိုကျော်ကြားလာစေခဲ့သည်။ လူတိုင်းက ဟော်ယွမ်တုန်းကို ငရဲမင်းကြီး ဝင်စားခြင်းဖြစ်သည်ဟုပြောကြသည်။
နောက်ပိုင်းမှာ သူ့မိသားစုက ဒီအဖြစ်အပျက်ကို ဖုံးဖိခဲ့ပေမယ့် လူအတော်များများက သူသတ်ဖြတ်ခဲ့တာကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်ကိုယ်တွေ့ကြုံခဲ့ရသည်။ ဒါကြောင့် သူ့အကြောင်းက မြို့တော်ထဲမှာ တိတ်တဆိတ် ပျံ့နှံ့လာခဲ့သည်။ အားလုံးက ဒီသတင်းကြောင့် ဟော်ယွမ်တုန်းကို ကြောက်လန့်ကုန်ကြသည်။
အခုတော့ဝမ်မိသားစုက သူတို့ သားငယ်ကို ဒီလူဆီပို့လိုက်သည်။
ဝမ်ယာက တရုတ်ပြည်ကို ပြန်ရောက်တာ မကြာသေးသောကြောင့်ဟော်ယွမ်တုန်းနှင့် ပတ်သတ်သည့် ကောလာဟာလကို လုံးဝမကြားဖူး သလို သူ့မိသားစုကလည်း ဒီအကြောင်းကို လုံးဝမပြောပြ ကြပေ။ ဒါကြောင့် ဝမ်ယာက ဧည့်သည်များကြားတိတ်တခို းပြောဆိုနေသည့် အကြောင်းရာကို မသိပဲ သူ့စိတ်နှလုံးက အေးဆေးနေနိုင်ခြင်းဖြစ်သည်။
အခုတော့ သူ စိုးရိမ်တာတစ်ခုပဲရှိသည်။ မင်္ဂလာဆောင်ပြီးနောက် သူ က ဟော်ယွမ်တုန်းနှင့် နှစ်ယောက်တည်း နေရတော့မည်။ ဟော်ယွမ်တုန်းရဲ့စိတ်ကို သူနားလည်သလောက်ဆိုရင် ဟော်ယွမ်တုန်းက သူ့ကို အလွတ်ပေးမည် မဟုတ်ပေ။
သူ၏ဝမ်းနည်းပူဆွေးမှုနှင့်နှိုင်းယှဉ်လျှင် ဟော်ယွမ်တုန်း၏ အမူယာက အေးဆေးတည်ငြိမ်နေခဲ့သည်။ လက်ထပ်ပွဲတစ်လျှောက်လုံးတွင် ဝမ်ယာက ဟော်ယွမ်တုန်း၏ လက်ကို တွဲကာ မိတ်ဆက်ပေးသမျှ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် သူတို့၏အကြီးအကဲများကို နုတ်ဆက်စကားပြောနေရသည်။
ဝမ်ယာက အရက် မသောက်သောကြောင့် ဟော်ယွမ်တုန်း က အိမ်ဖော်ကို ရေတစ်ခွက် လာပေးခိုင်းလိုက်သည်။ ပုံမှန်အားဖြင့် ကြည့်လျှင် ်ကြင်နာပြီး အလိုက်သိတတ်သည့်ပါတနာတစ်ယောက်ဟု ထင်ရသည်။
ဤပုဂ္ဂိုလ်သည် ပင်ကိုယ်အားဖြင့်နူးညံ့သိမ်မွေ့သောသူဖြစ်သည်ကို ဝမ်ယာ သိသည်။ ဆေးရုံတွင် ပထမဆုံးအကြိမ်တွေ့ဆုံသည့်အခါ တဖက်လူက ်အမှန်ပင်ကြင်နာပြီးနူးညံ့သိမ်မွေ့ကြောင်း ဝမ်ယာ ကောင်းကောင်း မှတ်မိနေပါသေးသည်။ ဒါပေမယ့် ဒီကြင်နာသိမ်မွေ့မူက သူ ပေးအပ်ချင်သောလူပေါ်မူတည်သည်။
ဝမ်ယာသည် သူ့အနားရှိချောမောခန့်ညားသောလူကို မကြည့်ဘဲ မနေနိုင်ပေ။ အနာဂတ်တွင် ဒီလူက သူ့ကိုလေးစားမှုရှိစေရန် တိတ်တခိုးလေး ဆုတောင်းနေမိသည်။ အကောင်းဆုံးက သူ့ထံ မှနူးညံ့သိမ်မွေ့ခြင်းကိုပဲ ဝမ်ယာ မျှော်လင့်နိုင်သည်။
မနက် အိမ်မှမထွက်ခွာမီ အဘိုးက ဝမ်ယာလက်ကိုကိုင်ပြီး စိတ်ပူစွာ မှာခဲ့သည်။
" ရှောင်ယာ တကယ်လို့ ဟော်မိသားစုက မင်းအပေါ် မကောင်းခဲ့ဘူးဆိုရင် အဖိုး မင်းကို ချက်ချင်း ပြန်လာခေါ်မယ် "
ဒါကိုကောင်းတဲ့အရာလို့ဘယ်လိုယူဆလို့ရနိုင်ပါ့မလဲ။
ဝမ်မိသားစုကသူ့ကို ဟော်ဖိုးဖိုး၏ဆန္ဒကိုဖြည့်ဆည်းပေးရန်စေလွှတ် လိုက်သည်။ သူက မပျော်သောကြောင့် အိမ်ကိုပြန်လာခဲ့လျှင် ဟော်ဖိုးဖိုးကို မလေးစားရာ မကျပေဘူးလား။ သူ ဘယ်လိုလုပ် အိမ်ကိုပြန်နိုင်ပါ့မလဲ။
အဘိုးက သူ၏စိုးရိမ်မှုများကိုနားလည်ပုံရသည်။ နောက်ဆုံးတွင် အဖိုးက စိတ်သောကရောက်ပြီးမျက်မှောင်ကြုတ်နေခဲ့သည်။
"မင်းရဲ့ ဟော်ဖိုးဖိုးက မဆင် မခြင်မလုပ်ပါဘူး။ သူ ဘာလုပ်သင့်သလဲ ဆိုတာ သူ ကောင်းကောင်းသိပါတယ်"
ဝမ်ယာကခေါင်းညိတ်လိုက်ပေမဲ့မျှော်လင့်ချက်သိပ်မရှိပေ။
သူက ဒီလို အဆုံးသတ်မျိုးကို မလိုချင်ပေ။ ဒီလိုဟာက လုံးဝကို အဆုံးသတ်လိုက်သည့်အချိန်မှ လုပ်သင့်သော အရာမဟုတ်လား။
ဧည့်သည်များကြား ဂုဏ်ပြုအရက် လိုက်လံသောက်ပြီး အချို့သြဇာရှိသောလူများနှင့်တွေ့ဆုံ နူတ်ဆက်ခဲ့ရသည်။ အဘိုးနှစ်ယောက်က နောက်ဆုံး သူတို့ အိပ်ခန်းဆီ သွားနားဖို့ အမိန့်ပေးလိုက်တော့သည်။
ယနေ့ ဟော်ဖိုးဖိုးက အထူးအားရ ကျေနပ်နေသည်။ နောက်ဆုံးတွင် သူ့မြေးက လက်ထပ်ပြီးသွားပြီဖြစ်လို့ သူ လူ့လောကထဲက ထွက်ခွာသွားခဲ့ရရင်တောင်မှ အေးချမ်းစွာ ထွက်သွားနိုင်လေပြီ။
ထို့အပြင်ဝမ်မိသားစု၏သားငယ်သည် ဟော်မိသားစုနှင့်လိုက်ဖက်လှ သည်။ ဒီကလေးက အရမ်းအပြစ်ကင်းသဖြင့် ဒီထက်ပိုပြီးပြည့်စုံတဲ့အရာမရှိနိုင်တော့ပေ။
ဟော်ယွမ်တုန်း သည်ပြုံးရွှင်စွာဖြင့် ဧည့်သည်များကိုနှုတ်ဆက်နေသည်။
------------------------
သူက ဝမ်ယာ၏လက်ကို တချိန်လုံး ဆုပ်ကိုင်ထားပြီး နောက်ဆုံး အပြာရောင် ကျောက်တုံးများ ခင်းထားသော လမ်းထက်မှတဆင့် ဝမ်ယာ၏လက်ကို တွဲကာ သူတို့အိပ်ခန်းကို ပြန်လာကြတော့သည်။
မကြာမီ ဟော်ယွမ်တုန်း သည် ဝမ်ယာ၏ လက်ကိုလွှတ်ကာ အခန်းတံခါးကို ပိတ်လိုက်သည်။ ထို့နောက်သူက ဝမ်ယာကိုရယ်ပြီး စိုက်ကြည့်လိုက်သည်။
" ဘဲပေါက်လေး မင်း ငါ့ကို လက်ထပ်လိုက်ပြီ "
ဟော်ယွမ်တုန်း က ဝိုင်အချို့ကိုသောက်ထားသဖြင့် မျက်လုံးများက ရီဝေနေသည်။ ဒါပေမယ့် သူ့အကြည့်ကာ ဝမ်ယကို မြိုချတော့မလို စူးရှစွာ ကြည့်နေခဲ့သည်။
ဝမ်ယာသည် ဟော်ယွမ်တုန်း ၏ အမူယာကို သတိမထားမိပဲ မျက်မှန်ကို နေသားတကျ ပြန်ပြင်နေလိုက်ပြီး သူ့စကားကို မတုန့်ပြန်ပဲ ရှောင်နေလိုက်သည်။ ဘဲပေါက်လေးဆိုသည့်အခေါ်ဝေါ်ကို သူ တမင်သုံးနှုန်းလိုက်တာကိုသိပေမယ့် မသိဟန်ဆောင်နေလိုက်သည်။ ဒီလူနှင့် သူ စကားမများချင်ပေ။
သူက ဘာမှ ပြန်မပြောခဲ့တာကို သိလို့ ဟော်ယွမ်တုန်းက တမင်သက်သက် ထပ်ပြောလိုက်သည်။
" ဘဲပေါက်လေးဆိုတဲ့နာမည်က အရမ်းကောင်းပုံမပေါ် ဘူး။ င့ါဇနီးက ဘယ်လိုလုပ် ဘဲပေါက်လေးဖြစ်နိုင်ပါ့မလဲ။ မင်းကို ဖားကလေးလို့ ခေါ်ရင် ဘယ်လိုလဲ။ "
ဝမ်ယာက ဘယ်လိုပြန်လည်ချေပရမလဲ မသိတော့ပေ။ ဖားကလေး ဆိုတာထက် ဘဲပေါက်လေးက အများကြီးပိုချစ်စရာကောင်းတယ်လို့ သူ ထင်သည်။
ဟော်ယွမ်တုန်း ကပြုံးပြီး သူ့ကို ပြောလိုက်သည်။
"ဒါဆို ဒီလိုပဲ သတ်မှတ်လိုက်တာပေါ့"
ဝမ်ယာ၏တုံ့ပြန်မှုကိုစောင့်ဆိုင်းခြင်းမပြုဘဲ ဟော်ယွမ်တုန်းသည် အိပ်ယာအစွန်းသို့ သွားပြီး သူ့ကိုယ်ပေါ်က အဝတ်အားလုံးကို အတွင်းခံလေးပဲကျန်သည်အထိ ချွတ်ချခဲ့သည်။
ဝမ်ယာက ထိုနေရာမှာ တောင့်တင်းသွားတော့သည်။ တစ်မိနစ်တောင် မပြည့်သေးခင် ဟော်ယွမ်တုန်း၏ကိုယ်ပေါ်တွင် အတွင်းခံ ဘောင်းဘီ တစ်ထည်သာကျန်ခဲ့တော့သည်။ သူသည် အလွန်ကောင်းမွန်လှပသော ကိုယ်လုံးကိုယ်ပေါက်ရှိပြီး ပခုံးကျယ်များနှင့် ကြွက်သားများဖြင့် တောင့်တင်းသော ထိုလူကို ဝမ်ယာ သတိလက်လွတ်ငေးကြည့်နေမိသည်။
ဝမ်ယာသည်ရူပဗေဒကိုအဓိကထားသင်ယူခဲ့သော်လည်း ဇီဝဗေဒနှင့်ပတ်သက်သော ဗဟုသုတအချို့ရှိသည်။ သူသိရှိခဲ့သည့် ပညာများအရ ဟော်ယွမ်တုန်း၏ခန္ဓာကိုယ်သည်ပြီးပြည့်စုံသော အချိုးအစားဖြစ်သည်ကိုတွေ့မြင်နိုင်သည်။
ဟော်ယွမ်တုန်း က ့အိမ်အဝတ်အစားတွေကို ၀ တ်ပြီး သူ့ဘက်ကိုလှည့်ကြည့်လိုက်သည်။ သူက ဝမ်ယာကို စိုက်ကြည့်ပြီး တိုးတိုးမေးလိုက်သည်။
"ကျေနပ်လား"
ဝမ်ယာက ဘာမှ ပြန်မဖြေလိုက်ပေ။ ဟော်ယွမ်တုန်းဟာ ဝမ်ယာ ဆီဖြည်းဖြည်းချင်း ချဉ်းကပ်လာခဲ့ပြီ နူတ်ခမ်းက အပေါ်ကို ကော့ညွတ်ကာ မေးလိုက်သည်။
" ငါ့ခန္ဓာကိုယ်ကို မင်း ကျေနပ်ရဲ့လား?"
ဝမ်ယာရဲ့မျက်နှာက တဖြည်းဖြည်းနီလာသည်။
ဟော်ယွမ်တုန်းက ဝမ်ယာ၏မေးစေ့ ပင့်မကာ ခဏငေးကြည့်လိုက်ပြီး ဝမ်ယာ ၏နှာခေါင်းပေါ်ရှိ မျက်မှန်ထူထူကိုချွတ်ယူကာ ရယ်ရင်းပြောလိုက်သည်။
" မင်းရဲ့ မျက်လုံးထဲမှာ ကြည့်လို့ကောင်းတယ် မဟုတ်လား"
ဝမ်ယာက အရမ်းကို စိတ်မသက်မသာဖြစ်ပြီး ထွက်ခွာသွားရန်ကြိုးစား သော်လည်း ဟော်ယွမ်တုန်း က သူ့ကို ပို၍ တင်းအောင် ဖက်လိုက် တော့သည်။ ထို့နောက်ယောက်ျားသည် ရုတ်တရက် ခေါင်းကိုငုံ့လိုက်ပြီး သူ၏နှုတ်ခမ်းတွေပေါ်ကို အနမ်းခြွေခဲ့သည်။
ဝမ်ယာ ၏မျက်လုံးများ ပြူးကျယ်ဝိုင်းစက် လာသည်။
ဟော်ယွမ်တုန်း ကပြုံးပြီး အက်ရှရှပြောလိုက်သည်။
" မင်းကို ငါ Fuck မယ်"
ဝမ်ယာ : "ဟင့်အင်း ... "
ဟော်ယွမ်တုန်းက ဝမ်ယာ၏နူးညံ့သော နူတ်ခမ်းလေးကို သူ၏ရှည်သွယ်သောလက်ချောင်းများဖြင့် ပွတ်သပ်ကာ မေးလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါတို့ဟာ တရားဝင် လက်ထပ်ထားပြီးသား စုံတွဲတွေဖြစ်နေပြီ။ မင်း ငါ့ကို လက်ထပ်ထားတာဆိုတော့ မင်းက မင်းရဲ့တာဝန်တွေကိုထမ်းဆောင် ရမယ်"
ဝမ်ယာက သူလက်မထပ်ခင်က ဒီပြသနာကို မစဉ်းစားမိခဲ့ပေ။ ဟော်ယွမ်တုန်းက ချစ်သူရှိတယ်ဆိုတော့ သူ့ကို ဒီလိုလုပ်မည်မဟုတ်ဟု ထင်ထားခဲ့သည်။
ဟော်ယွမ်တုန်းက နောက်ဆုံးတွေ့တဲ့အချိန်မှာ သူ့ကိုလှောင်ပြောင်ပြီး လုပ်ချင်တယ်လို့ ခြိမ်းခြောက်ခဲ့သေးသည်။ ဒါပေမယ့် ဝမ်ယာ၏ ရင်ထဲမှာ ဟော်ယွမ်တုန်း ၏နှလုံးသားထဲတွင် အမြဲတမ်းရှိနေသောသူက ဆေးရုံတက်နေတဲ့ သူ့အစ်ကိုဖြစ်ပြီး ဟော်ယွမ်တုန်းက သူ့အကိုကို ိုနူးညံ့သောအကြည့်ဖြင့်ကြည့်နေသည်ကိုသာ အမှတ်ရနေသည်။ ဒါပေမယ့် ဟော်ယွမ်တုန်းက အခု သူ့ဘက်ကိုလှည့်လာချင်တာလား။
ဝမ်ယာက မထိတ်လန့်ဘဲမနေနိုင်တော့ပေ။ ဟော်ယွမ်တုန်း၏ နူတ်ခမ်းများက ရယ်မောနေဆဲဖြစ်သည်။
"မင်းကို ငါနောက်နေတယ်လို့ ထင်နေတယ်မဟုတ်လား။ ငါပြောခဲ့တာတွေ အားလုံးကို ပြည့်စုံအောင် ငါ သေချာပေါက် လုပ်မှာပါ"
ဝမ်ယာသည် သူ့ကိုထိတ်လန့်တုန်လှုပ်စွာကြည့်ခဲ့သည်။ မျက်မှန်ဖြင့် ဖုံးအုပ်မထားသောမျက်လုံးနှစ်လုံးသည် ပြူးကျယ် ဝိုင်းစက်ကာ မုဆိုး လိုက်တာ ခံရသည့် ဘဲကလေးနှင့်ပင် တူလို့နေသည်။
ဟော်ယွမ်တုန်းက ဝမ်ယာကို ငေးကြည့်ကာ ကိုယ်ကို ငုံ့ကိုင်းလာပြန်သည်။ ဝိုင်နံ့ပြင်းပြင်းရသော ဟော်ယွမ်တုန်း၏ မျက်နှာက သူ့ကို အုပ်မိုးလာခြင်းနှင့်အတူ သူ့နူတ်ခမ်းများကို ပြင်းပျစွာ နမ်းရှိုက်လိုက်တာကို ဝမ်ယာ ခံစားလိုက်ရသည်။ ဟော်ယွမ်တုန်း၏ လျှာများက သူ့ပါးစပ်ထဲ တိုးဝင်လာပြီး သူ့လျှာကို ရစ်ပတ်ယူငင်သွားတော့သည်။
၂၄ နှစ်တာကာလအတွင်း ဝမ်ယာက ဒီလိုခံစားချက်ကို လုံးဝ မခံစားဖူး သောကြောင့် ဟော်ယွမ်တုန်း၏ လိမ္မာပါးနပ်သော လှုံ့ဆော်မှု အောက်တွင် သူ၏ခန္ဓာကိုယ်ပျော့ခွေသွားသည်ဟု ခံစားလိုက် ရသည်။ ထို့ကြောင့် သူက ဟော်ယွမ်တုန်း၏လက်မောင်းကိုသာ မှီထားရတော့ သည်။
လုံလောက်အောင် အရသာခံပြီးနောက် ဟော်ယွမ်တုန်းက ဝမ်ယာကို လွှတ်ပေးလိုက်သည်။ ပြီးတော့ သူ့လက်ချောင်းများဖြင့် ဝမ်ယာ၏ နူတ်ခမ်းကို အသာယာပွတ်သပ်လိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"တကယ်ပဲ ငါ မင်းကို လုပ်ချင်နေတာ"
ဝမ်ယာ အသက်ရှူဖို့ကြိုးစားနေပြီး စိတ်ရှုပ်ထွေးနေစဉ် ဟော်ယွမ်တုန်း၏ စကားကြောင့် မျက်နှာတစ်ခုလုံးရဲသွားကာ မျက်နှာကို တဖက်သို့လှည့်သွားတော့သည်။
ဟော်ယွမ်တုန်းသည် သူ၏ဝမ်းဗိုက်အောက်ပိုင်းကို ခပ်တင်းတင်းကြည့် နူတ်ခမ်းကိုအနည်းငယ်ပြုံးလိုက်သည်။
"ဒါပေမယ့် ငါအခု လုပ်စရာတွေကျန်နေသေးတယ်။ ညနေ အထိစောင့်ရတော့မှာပေါ့"
ဝမ်ယာက ရုတ်တရက် လွတ်မြောက်သွားတော့သည်။ ဟော်ယွမ်တုန်းက မျက်လုံးတဖက်မှိတ်ကာ ပြောလိုက်သည်။
" ဖားကလေး၊ ငါ လာတဲ့အထိ စောင့်ဦး"
သူ အခန်းအပြင်ကို ထွက်သွားချိန်တွင် ဝမ်ယာက ငေးမောကျန်ရစ်ခဲ့ သည်။
ကံကောင်းထောက်မစွာ, မှောင် သည်အထိ ဟော်ယွမ်တုန်း ပေါ်မလာပေ။ အိမ်တော်ထိန်းက သခင်လေးက ဆေးရုံသို့သွားနေသောကြောင့် ညစာကို စားထားနှင့်ရန်မှာခဲ့ကြောင်းပြောခဲ့သည်။
ဆေးရုံ ..... ဟော်ယွမ်တုန်းက သူ့အစ်ကိုကြီးဆီ သွားကြည့်တာလား။ သူ ဘာလုပ်မလို့လဲ။
ဝမ်ယာသည် ကြီးမားသည့် စားပွဲကြီးတွင် တစ်ယောက်တည်း ညစာကို ငြင်သာစွာ စားသောက်နေပေမယ့် သူ၏နှလုံးသားထဲတွင် စိုးရိမ်စိတ် တချို့ရှိနေခဲ့သည်။
=========
BẠN ĐANG ĐỌC
ဖော်ကွာဝေးသည့် ချစ်သူ /ေဖာ္ကြာေဝးသည့္ ခ်စ္သူ
Lãng mạnMyanmar Translator _ May King (Completed) ပထမ အႀကိမ္ ေဆးရံုထက္ လဲေလ်ာင္းေနတဲ့ အကိုႀကီးရဲ႕ ခုတင္ေဘးမွာ သူ႕ကို စေတြ႕ခဲ့တယ္။ ဒုတိယအႀကိမ္ အိမ္မွာ လက္ထပ္ဖုိ႕ လာေျပာခ်ိန္မွာ သူ႕ကို ထပ္ေတြ႕ခဲ့တယ္။ အကိုႀကီးကို တိတ္တခိုးခ်စ္ေနသည့္ သူ႕ကို ဝမ္ယာ လက္ထပ္ဖုိ႕ ျ...