Chapter (7-1) +(7-2)_ အကိုႀကီးခ်ဴးေရာက္ေနတာ ေဟာ္ယြမ္တုန္း သိရဲ႕လား (z+u)

4.1K 941 6
                                    

Chapter (7) _ အကိုႀကီးခ်ဴးေရာက္ေနတာ ေဟာ္ယြမ္တုန္း သိရဲ႕လား (z+u)

အဲဒီအခ်ိန္မွာ အင္စတီက်ဴးရွင္း သုေတသနဌာန တစ္ခုလုံး အံ့အားသင့္ သြားခဲ့ၾကသည္။ အားတဲ့အခ်ိန္ေတြဆိုလွ်င္ လူတိုင္း ဝမ္ယာကို စူးစိုက္ ၾကည့္ေနခဲ့ၾကသည္။ သူတို႔က HW က  ဘယ္လိုလူလဲဆိုတာ သိခ်င္ ေနၾကသည္။ ဝမ္ယာက အလြန္ငယ္႐ြယ္ေၾကာင္း ေတြ႕လိုက္ရေသာအခါ သူတို႔ ပို၍  အံ့ၾသသြားၾကသည္။

လြန္ခဲ့ေသာ ၁၀ ႏွစ္ကဆိုလွ်င္ ဝမ္ယာက အသက္ ၁၄ ႏွစ္သာ ရွိေနေသးေသာ္လည္း သူက စီမံကိန္းေခါင္းေဆာင္ျဖစ္ေနခဲ့သည္။ သူတို႔ ဘယ္လိုလုပ္ မအံ့ၾသပဲေနမလား။

ကံမေကာင္းစြာပဲ ဝမ္ယာက ျပင္ပကမာၻကို ဘယ္ေတာ့မွ အာ႐ုံမစိုက္ခဲ့ေပ။ ဒါေၾကာင့္ သူဟာ အခ်ိန္တြင္းမွာပဲ ဝမ္ယာက  Institute ထဲမွာ ပုံျပင္တစ္ခုျဖစ္လာတယ္ဆိုတာ သူ လုံးဝ မသိခဲ့ေပ။

အဆိုပါ အင္စတီက်ဳသည္ တ႐ုတ္ထိပ္တန္းေခါင္းေဆာင္မ်ားကို တိုက္႐ိုက္ အစီရင္ခံရၿပီး ထိုဌာနတြင္  တကယ္ေတာ့ ပါရမီရွိသူ မရွားပါးေပမယ့္ ၁၄ ႏွစ္အ႐ြယ္မွာ ဝမ္ယာလိုေအာင္ျမင္မႈရသူ မ်ိဳးကို ေတြ႕ဖို႔ခဲယဥ္းလွသည္။

HW ၏ လုပ္ေဆာင္ခ်က္က အရမ္းမ်ားၿပီး သူ႔ရဲ႕   အေရးပါမႈကို လူအေတာ္မ်ားမ်ားက သိေနၾကသည္။

ထို႔ေၾကာင့္ ဝမ္ယာသည္ ဝမ္မိသားစု၏မင္းသားေလးျဖစ္သည္ကို သူတို႔မသိခဲ့ေသာ္လည္း HW ျဖစ္ေနျခင္းကပင္ လူတိုင္း၏ ေလးစားမႈကိုရရွိေစရန္ လုံေလာက္ေနေလသည္။

ဝမ္ယာ လက္ထပ္ၿပီးေၾကာင္း တမနက္ခင္းလုံး လူတိုင္းေဆြးေႏြးေနၾကၿပီး သူ႔အမ်ိဳးသမီးက ဘယ္သူမ်ားျဖစ္မလဲဆိုတာ သိခ်င္ေနၾကသည္။   

ဝမ္ယာက သူတို႔ေျပာဆိုေနၾကစဥ္ တိတ္ဆိတ္ေနၿပီး ၿပဳံး႐ုံၿပဳံးကာ စကား  အမ်ားႀကီးမေျပာခဲ့ေပ။ မြန္းတည့္အခ်ိန္ေလာက္မွာ ေဟာ္ယြမ္တုန္းဆီမွ  ႐ုတ္တရက္ ဖုန္းေခၚတာခံလိုက္ရၿပီး အျပင္ကိုထြက္လာခိုင္းသည္။

သူတို႔၏သုေတသနဌာနသည္ အလုပ္မဝင္ခင္ အခ်က္လက္ကို လွ်ိဳ႕ဝွက္ထားပါမည္ဆိုသည့္ အလုပ္ သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့သည္။ လုပ္ငန္းခြင္အေၾကာင္းအရာမ်ားကို အျပင္သို႔ထုတ္ေျပာလို႔မရေပမယ့္ အျခား သုေတသန ဌာန လုပ္ငန္းခြင္နဲ႔ မတူပဲ ဝန္ထမ္းမ်ား နားခ်ိန္မွာ အျပင္ကို ထြက္ခြင့္ေတာ့ရွိသည္။  

ဝမ္ယာ တံခါးအျပင္ဘက္ကို ထြက္လာစဥ္ ေဟာ္အိမ္မွ အိမ္ေတာ္ထိန္းက သူ႔ကို ေန႔လည္စာ လာပို႔ေပးခဲ့သျဖင့္ ဝမ္ယာ တိတ္တိတ္ေလး အံ့ၾသသြားခဲ့သည္။

 အိမ္ေတာ္ထိန္းက ရယ္ေမာက ေဟ္ာယြမ္တုန္း ေျပာခဲ့သည္ကို ျပန္ေျပာလိုက္သည္။

"သခင္ေလးက အကိုေလး အလုပ္မွာ ေန႔လည္စာ မေကြၽးဘူးလို႔ေျပာခဲ့တယ္ "
 

သူက လြန္ခဲ့ေသာ တစ္လလုံးလုံး ေကာ္ဖီဆိုင္မွာပဲ ေန႔လည္စာကို ျဖစ္သလို စားခဲ့ေသာေၾကာင့္ သူ႔အတြက္ တကူးတက လုပ္ေပးသည္ကို မျငင္းဆန္ႏိုင္ေတာ့ေပ။   

ဝမ္ယာက အစားအစာေသတၱာဘူးေလးကို ယူၿပီးခဏစဥ္းစားလိုက္ၿပီး ေျပာလိုက္သည္။

"အိမ္ေတာ္ထိန္းႀကီးကို နည္းနည္း အေႏွာက္ယွက္ေပးပါရေစ"

မိနစ္အနည္းငယ္အၾကာတြင္ အိမ္ေတာ္ထိန္းႀကီးက ေနာက္တစ္ဖန္ေပၚ လာၿပီး ခ်ိဳခ်ဥ္ထည့္ထားေသာ အိတ္ႏွစ္လုံးကို သူ႔လက္ထဲ လာထည့္ေပး ခဲ့သည္။

ဝမ္ယာ ႐ုံးသို႔ျပန္လာၿပီးေနာက္ ႐ုံးက ဝန္ထမ္းတိုင္းကို သၾကားလုံးမ်ား အားလုံး လူတိုင္းကို ေဝေပးလိုက္သည္။

လက္ေထာက္ ေရွာင္ယာ့ ကၿပဳံးၿပီးေျပာလိုက္သည္။

"ကြၽန္မ ေန႔လည္ စားဖို႔ သြားေတာ့ ဆရာရဲ႕အိမ္က ကားကိုေတြ႕လိုက္ရ တယ္။ အရမ္းစတိုင္က်တာပဲ။ "

ဝမ္ယာက ဘာကားအမ်ိဳးစားလဲ ဆိုတာကို ဂ႐ုမစိုက္ေပမယ့္ ေဟာ္မိသားစု ရဲ႕အေျခအေနအရ ကားက ေသခ်ာေပါက္ အေျခေန ိုဆိုးမွာမဟုတ္ေပ။ သူက ရယ္ၿပီးျငင္းလိုက္သည္။

ေရွာင္ယာ့ က ႏူတ္ခမ္းေလးစူကာ ဆက္ေျပာလိုက္သည္။

" ဆရာဝမ္ရဲ႕မိသားစုက တကယ္ခ်မ္းသာႂကြယ္ဝတာပဲ"  

ဝမ္ယာက စကားစျဖတ္လိုက္သည္။

 "သြားၿပီး သၾကားလုံးစားလိုက္ဦး"  

အလုပ္ၿပီးေနာက္ ဝမ္ယာသည္ သူ၏ပစၥည္းမ်ားကိုထုပ္ပိုးၿပီး လုပ္ေဖာ္ ကိုင္ဖက္မ်ားႏွင့္ အတူထြက္သြားသည္။

တံခါးဝသို႔ေရာက္ေသာအခါတစ္စုံတစ္ေယာက္က သူ႔ကို " ေရွာင္ယာ!" ဟုေခၚလိုက္သည္ကို သူၾကားလိုက္ရသည္။

ဝမ္ယာက အံ့အားသင့္သြားသည္။ ေဟာ္ယြမ္တုန္းက သူ႔ကို လွမ္းေခၚလိုက္သံဆိုတာ ေသခ်ာသည္။  

ေသခ်ာတာေပါ့၊ အသံလာရာကို လိုက္ၾကည့္လိုက္ေတာ့  ေဟာ္ယြမ္တုန္း ဟာ အျဖဴေရာင္ၿပိဳင္ကားတစ္စီးေရွ႕မွာ ရပ္ေနသည္ကို သူျမင္လိုက္ ရသည္။ သူက ေပါ့ေပါ့ပါးပါး အ ၀ တ္အစားကို ဝတ္ထားၿပီး ရွည္သြယ္ေသာ အရပ္ျမင့္ႀကီးကထင္းေနၿပီး ဆည္းဆာေနျခည္ ေအာက္တြင္  ေဟာ္ယြမ္တုန္းက ဘယ္ေလာက္ေတာင္ ေခ်ာေမာခန႔္ညား လိုက္သလဲဆိုတာ ဝမ္ယာ မေျပာတတ္ေတာ့ေပ။

 သူ႔ကိုေတြ႕လိုက္ရစဥ္ ဝမ္ယာ၏ အေနာက္ပိုင္းက နာက်င္လာသလို ခံစားလိုက္ရသည္။ ညက  ေဟာ္ယြမ္တုန္း သူ႔ကို ဘယ္ေလာက္ၾကာ ေအာင္ ခ်စ္တင္းေႏွာခဲ့တယ္ဆိုတာကို သူ မေမ့ႏိုင္ေပ။

 ေရွာင္ယာ့က သူ႔ကိုတီးတိုးေမးလိုက္သည္။

  "ဆရာ.....အဲ့လူက ဆရာဝမ္ရဲ႕အစ္ကိုလား"  

ဝမ္ယာ ျပန္ေျဖမလို႔လုပ္စဥ္  ေဟာ္ယြမ္တုန္းက သူ႔ဆီကို ေလွ်ာက္လာၿပီး သူ႔လက္ကို ဆုပ္ကိုင္ကာ ေမးလိုက္သည္။

 "မင္း အလုပ္ၿပီးၿပီလား"

 ေဟာ္ယြမ္တုန္း၏လက္၌ တူညီေသာ လက္စြပ္ကို ဝတ္ဆင္ထားတာကို ျမင္လိုက္ရစဥ္ လူတိုင္း သေဘာေပါက္သြားၿပီး အံ့အားသင့္သြားၾကသည္။

 ေရွာင္ယာ့က  ခ်က္ခ်င္းႏူတ္ဆက္လိုက္သည္။

 "ဆရာရဲ႕ခင္ပြန္းလားမသိဘူး။  မဂၤလာပါဆရာ!"

 ေဟာ္ယြမ္တုန္း က "မဂၤလာပါ" ဟု ျပန္ႏူတ္ဆက္လိုက္သည္။

သူက အရမ္းၾကည့္ေကာင္းၿပီး ေႏြဦး ရာသီမွာပြင့္တဲ့ပန္းေတြနဲ႔တူသည္ဟု ေစာင့္ၾကည့္ေနေသာ ဝန္ထမ္းအားလုံးက ေတြးေနၾကသည္။

 ေဟာ္ယြမ္တုန္းက  သူ၏ႏႈတ္ခမ္းေထာင့္က အနည္းငယ္ ကာ့တက္သြား ေအာင္ၿပဳံးၿပီး ေျပာလိုက္သည္။

" ကိုယ္တို႔က ခပ္ေလာေလာ မဂၤလာေဆာင္လိုက္ရေတာ့ မင္းတို႔ကို မဖိတ္လိုက္ရဘူး။ ေနာက္တေခါက္က်ရင္ အလုပ္က လူေတြကို ဖိတ္ၿပီး ညစာေကြၽးရဦးမယ္ "

ေရွာင္ယာ့ကၿပဳံးၿပီး ယဥ္ေက်းစြာေျပာလိုက္သည္။

"ေက်းဇူးတင္ပါတယ္ .... ဆရာ၊"

 ေဟာ္ယြမ္တုန္းက ခပ္ျမဴးျမဴးၿပဳံးကာ ေျပာလိုက္သည္။

 "ေနာက္ပိုင္း ေရွာင္ယာကိုၾကည့္ရႈေစာင့္ေရွာက္ဖို႔ မင္းကိုပဲ ဒုကၡေပး ရေတာ့ မယ္"

သူက ဝမ္ယာကို လူ႔အဖြဲ႕အစည္းထဲကို အခုမွ စ၀ င္လာတဲ့ ကေလး တစ္ေယာက္ လို ဆက္ဆံေနသည္။ သူက ဝမ္ယာကို အျခားလူမ်ား ဝိုင္း အႏိုင္က်င့္လိမ့္မည္ကို  ေၾကာက္ေနသည္။

ဝမ္ယာက ထူးဆန္းတဲ့ခံစားခ်က္ကို ခံစားခဲ့ရသည္။ သူက သူ႔ကိုေန႔လည္စာ လာပို႔ေပးေစခဲ့ၿပီး ညေန အလုပ္ကို လာႀကိဳေပးခဲ့သည္။ ၿပီးေတာ့ အလုပ္က လူေတြကို ညစာဖိတ္ေကြၽးဦးမည္။

 ေဟာ္ယြမ္တုန္းက ဘာကို စိုးရိမ္ေၾကာင့္ၾကေနတာလဲ။

 ေဟာ္ယြမ္တုန္းက သူ႔ကိုစိုးရိမ္ တာလား။
===============
သူတို႕ႏွစ္ေယာက္က ဖိုးဖိုးေဟာ္ႏွင့္အတူ ညစာစားရန္ေဆး႐ုံသို႔ ကားျဖင့္ လာခဲ့ႀကသည္။ ျပီးေတာ့ အိမ္ကို မျပန္ခင္ ဝမ္ယာက သူ႔အစ္ကိုဆီ သြားလည္ခဲ့သည္။ ျပီးေနာက္ သူတို႔ႏွစ္ ဦး အတူတူ အိမ္ျပန္ခဲ့ၾကသည္။

အိမ္အျပန္ လမ္းတစ္ေလွ်ာက္လံုး ဝမ္ယာသည္  ေဟာ္ယြမ္တုန္း၏ ယေန႔လႈပ္ရွားမႈကို စဥ္းစားေနသည္။ ဝမ္ယာက  ေဟာ္ယြမ္တုန္း နွင့္ပတ္သတ္ျပီး  ထူးဆန္းတဲ့ခံစားခ်က္ကိုအၿမဲခံစားေနခဲ့ရသည္။

ဘာေၾကာင့္လဲဆိုတာ သူ မသိေပ။ ဒါေပမယ့္  ဒီလူက သူ႕ကို ခုလို ဂ႐ုစိုက္လိမ့္မယ္လို ႔ သူ မယုံံႀကည္နုိင္ျဖစ္ေနသည္။

သို႔ေသာ္မၾကာမီ ဝမ္ယာ စဥ္းစားေနတာကို လက္ေလွ်ာ့လိုက္သည္။  ေဟာ္ယြမ္တုန္းရဲ႕စိတ္က ခန႔္မွန္းရ ခက္ခဲသည္။  ေဟာ္ယြမ္တုန္း  သူ႔ကို ထိခိုက္ေအာင္ မလုပ္ဘူးဆိုရင္ သူ႕အတြက္ လုံေလာက္ပါျပီေလ။

ညေနခင္းတြင္  ေဟာ္ယြမ္တုန္းသည္ၿပီးခဲ့သည့္ညက ကဲ့သို႔ သူ႕အေပၚ ဆိုးဝါးစြာ ဆက္ဆံျခင္း မျပဳပဲ အေနာက္ပိုင္းက ဒဏ္ရာကို ေဆးလိမ္းေပးကာ လက္ကိုကိုင္ျပီး ဒီအတုိင္း ေအးခ်မ္းစြာ အိပ္ေပ်ာ္သြားခဲ့သည္။

 ဝမ္ယာ အလုပ္တက္ျပီးလို႕ ဒုတိယေန႔တြင္  ေရွာင္ယာ့က သူ႕ကို တိတ္တိတ္ေလး လာေျပာခဲ့သည္ -

" ဆရာ့ရဲ႕ခင္ပြန္းက အရမ္းေခ်ာတယ္လို႔ လူတိုင္း  ထင္ေနႀကတယ္။  ဆရာက သူ႔ကို သေဘာက်မွာ ေသခ်ာတယ္။"

ဝမ္ယာက ရယ္ေမာရံုသာ ရယ္ေမာေနခဲ့သည္။

 ေဟာ္ယြမ္တုန္းနဲ႕သတ္ပတ္ျပီး ဝမ္ယာ ဘာမွမခံစားရေပ။ ဒါက မိသားစု နွစ္စု၏ အႀကီးကဲေတြ စီစဥ္ေပးေသာ အိ္မ္ေထာင္ေရးသက္သက္  

ထို႔အျပင္  ေဟာ္ယြမ္တုန္း၏ အျပင္ပိုင္း ရုပ္ဆင္းသြင္ျပင္နွင့္ သူ႕ရဲ႕ တကယ့္ ပံုစံက တကယ့္ကို ကြာျခားလွသည္။ အျပင္လူမ်ားအတြက္ သူ႕ရဲ႕ အဆင့္တန္းျမင့္ကာ ေတာင့္တင္းလွေသာ ေနာက္ခံ အသိုင္းအဝိုင္း၊ ခန္႕ညားေသာရုပ္သြင္ေႀကာင့္ ဘယ္သူမဆို သူ႕ကို လက္ထပ္ခ်င္ႀကမွာ ေသခ်ာသည္။  

တခါတရံ ဝမ္ယာ အိပ္ယာထဲ နွီးေနွာသည့္ ကိစၥႏွင့္ ပတ္သက္၍  သူ႕ကို အတတ္နုိ္င္ဆံုး ေရွာင္ရွားခ်င္သည္။

ေသခ်ာတာေပါ့။ ဒါက သူနဲ႕  ေဟာ္ယြမ္တုန္း ရဲ႕ အတြင္းေရးေတြျဖစ္လို႕ အျခားလူေတြက ဒီအေႀကာင္းကို သိဖို႕မလိုအပ္ေပ။ ဒါေႀကာင့္ သူမ်ားေတြ  ေဟာ္ယြမ္တုန္း အေႀကာင္းကို လာေျပာရင္ သူက ျပံုးျပီးနားေထာင္ေပးေနလိုက္သည္။

ရက္အနည္းငယ္အၾကာတြင္  ေန႔လည္ခင္း၌ ေဟာ္အိမ္ေတာ္ထိန္းသည္ သူ၏ေန႔လယ္စာကို လာပို႕ရင္း ညေန  ေဟာ္ယြမ္တုန္းက သူ႕ကို အခ်ိန္မွီ လာႀကိဳမည္ကို ေျပာခဲ့သည္။
 
လူတိုင္းက ဝမ္ယာဆီမွာ ဒီလိုခင္ပြန္းေကာင္းတစ္ေယာက္ရွိတာကို အရမ္းသေဘာက်ေနႀကသည္။ ဝမ္ယာျပံုးေနျပီး အမ်ားႀကီး ျပန္မေျပာလိုက္ေပ။

 မၾကာခင္ အဖိုးေဟာ္၏ ခြဲစိတ္ခန္းဝင္မည့္ေန႕ကိုေရာက္လာခဲ့သည္။  

ဝမ္ယာက ခြင့္ယူျပီး ေဆးရံုခြဲခန္းအျပင္ဘက္တြင္  ေဟာ္ယြမ္တုန္း နွင့္ အတူတူေစာင့္ေနခဲ့သည္။   ဖိုးဖိုးေဟာ္ပင္ အသက္ႀကီးေနတာကို လ်စ္လ်ဴရႈကာ အတူလာေစာင့္ေပးေနခဲ့သည္။

ေနာက္ဆုံးေတာ့ အဘိုးေဟာ္ ခြဲခန္းထဲက ထြက္လာတဲ့အခ်ိန္ထိ သူတို႔အားလံုးက  ခြဲစိတ္ခန္းအျပင္ဘက္မွာ ၁၀ နာရီေက်ာ္ ႀကာေအာင္ ေစာင့္ေနခဲ့သည္။ ဆရာဝန္က ။ ခြဲစိတ္ကုသမႈေအာင္ျမင္သည္ဟု ေျပာလိုက္ေသာအခါ လူတိုင္းစိတ္သက္သာရာရသြားခဲ့ႀကသည္။

ဆိုလိုတဲ့သေဘာက ဖိုးဖိုးေဟာ္က နွစ္အနည္းငယ္ ထပ္ျပီး အသက္ရွင္ႏိုင္သည္ဟု ဆိုလိုျခင္းျဖစ္သည္။

ဖိုးဖိုးေဟာ္ကိုေစာင့္ေရွာက္ရန္ ဝမ္ယာက ရက္ရွည္ ခြင့္ယူရန္ ေလွ်ာက္လႊာတင္ခဲ့သည္။  အထက္လူႀကီးမ်ားလည္း ေရွာေရွာရႈရႈ  သေဘာတူညီခဲ့သည္။ တကယ္ေတာ့ ဝမ္ယာရဲ႕ေအာင္ျမင္မႈေတြနဲ႔ လုပ္နုိင္စြမ္းအရ သူက အိမ္ကေနျပီး အလုပ္လုပ္ရတာေတာင္မွ သုေတသနဌာနအတြက္ အဆင္ေျပပါသည္။ ဟိုးအရင္ သူ နုိင္ငံျခားမွာ ရွိေနတဲ့ အဲဒီႏွစ္ေတြမွာဆိုလွ်င္ သုေတသနကို  အီးေမးလ္ေတြပို႕ျပီးသာ အလုပ္လုပ္ကိုင္ခဲ့တာျဖစ္သည္။  အိမ္ျပန္ၿပီးမွသာ ဝမ္ယာက ပုံမွန္အလုပ္လုပ္ရန္ ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

ဝမ္ယာသည္ျပန္လည္က်န္းမာလာဖို႕အတြက္ ဖိုးဖိုးေဟာ္ႏွင့္အတူ လိုက္ပါ လုပ္ေဆာင္ေပးခဲ့သည္။  ေဟာ္ယြမ္တုန္း ၏အလုပ္မွာ အလြန္မ်ားၿပီး လွ်ိဳ႕ဝွက္ဆန္းၾကယ္လွသည္။ ပုံမွန္အလုပ္မ်ားေနစဥ္အတြင္း သူ႕ကို လေပါင္းမ်ားစြာ မေတြ႕ရေၾကာင္းကို ဝမ္ယာၾကားခဲ့ရသည္။ ဒါေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့  ေဟာ္ယြမ္တုန္းက ေဆးရံုကို ပံုမွန္ေရာက္လာေလ့ ရွိသည္။

 တစ္လခန႔္အၾကာတြင္  အဘိုးေဟာ္၏ကိုယ္ခႏၶာျဖည္းျဖည္းခ်င္း ျပန္လည္ က်န္းမာလာၿပီးေနာက္ အိမ္တြင္အနားယူလာနိုင္ခဲ့သည္။

အဘိုးေဟာ္ ေဆးရံုမွဆင္းလာသည့္ေန႕တြင္ ဝမ္ယာသည္  သူ၏အစ္ကိုႀကီးကို ခ်စ္ေသာ ခ်ဴးဝမ့္ခ်ံဳ ႏွင့္ေတြ႕ဆုံခဲ့သည္။

ခ်ဴးဝမ့္ခ်ံုသည္ ပံုထဲကထက္ က်န္းမာေရးဆိုးဝါးေနပံုရကာ မ်က္နွာက ေဖ်ာ့ေတာ့ေနျပီး မႀကာခဏ ေခ်ာင္းဆိုးေနေသးသည္။ သူက အကိုႀကီး၏လက္ကိုဆုပ္ကိုင္ကာ ျငိမ္သက္စြာ ထိုင္ေနခဲ့သည္။
 

ဘာေၾကာင့္မွန္းမသိေပမယ့္ ဒီလူက ခြန္အားရွိျပီး တဖက္သားကို   တည္ၿငိမ္ေအးခ်မ္းေအာင္ လုပ္ႏိုင္တယ္လို႔ ဝမ္ယာ ခံစားခဲ့ရသည္။

ၿပီးေတာ့ သူ႔အစ္ကိုႀကီးက သတိလစ္ေနေသာ္လည္း သူတုိ႕နွစ္ေယာက္က အတူတူရွိေနသည္ဟု ထိုလူက ထင္ေနပံုရသည္။

 ဝမ္ယာက ခ်ဴးဝမ့္ခ်ံဳနွင့္ အကိုႀကီးတုိ႕ကို အေနွာက္ယွက္ မေပးဝံ့ သျဖင့္ အခန္းဝနားတြင္ ရပ္ေနေသာ ဦးေလးဝမ္နွင့္သာ တီးတိုးစကားေျပာေန လိုက္သည္။

 ဤတစ္ႀကိမ္တြင္ ဦး ေလးဝမ္လည္း သူ  အရာအားလံုးကို ဂ႐ုစိုက္ လုပ္ေဆာင္ျပီးေႀကာင္း၊  ဝမ္မိသားစုအႀကီးအကဲေတြနဲ႔ ေတြ႕ဆုံခဲ့ ျပီးေႀကာင္း ေျပာျပခဲ့သည္။ ျပီးေတာ့ ခ်ဴးဝမ့္ခ်ံဳက တရုတ္ျပည္မွာ အႀကာႀကီးေနျဖစ္မယ္ဆိုတာ ေျပာျပခဲ့သည္။

 ဝမ္ယာက သူ႔အစ္ကိုႀကီးအတြက္ ဝမ္းသာေနခဲ့ေပမယ့္  ေဟာ္ယြမ္တုန္း အေၾကာင္း သတိရလိုက္ေသာအခါ အကိုႀကီးခ်ဴး ဒီေနရာကုိေရာက္ေနတာ သူ သိရဲ႕လားလို႕ ေတြးလိုက္မိသည္။

====================

Chapter (7) _ အကိုကြီးချူးရောက်နေတာ ဟော်ယွမ်တုန်း သိရဲ့လား (z+u)

အဲဒီအချိန်မှာ အင်စတီကျူးရှင်း သုတေသနဌာန တစ်ခုလုံး အံ့အားသင့် သွားခဲ့ကြသည်။ အားတဲ့အချိန်တွေဆိုလျှင် လူတိုင်း ဝမ်ယာကို စူးစိုက် ကြည့်နေခဲ့ကြသည်။ သူတို့က HW က  ဘယ်လိုလူလဲဆိုတာ သိချင် နေကြသည်။ ဝမ်ယာက အလွန်ငယ်ရွယ်ကြောင်း တွေ့လိုက်ရသောအခါ သူတို့ ပို၍  အံ့သြသွားကြသည်။

လွန်ခဲ့သော ၁၀ နှစ်ကဆိုလျှင် ဝမ်ယာက အသက် ၁၄ နှစ်သာ ရှိနေသေးသော်လည်း သူက စီမံကိန်းခေါင်းဆောင်ဖြစ်နေခဲ့သည်။ သူတို့ ဘယ်လိုလုပ် မအံ့သြပဲနေမလား။

ကံမကောင်းစွာပဲ ဝမ်ယာက ပြင်ပကမ္ဘာကို ဘယ်တော့မှ အာရုံမစိုက်ခဲ့ပေ။ ဒါကြောင့် သူဟာ အချိန်တွင်းမှာပဲ ဝမ်ယာက  Institute ထဲမှာ ပုံပြင်တစ်ခုဖြစ်လာတယ်ဆိုတာ သူ လုံးဝ မသိခဲ့ပေ။

အဆိုပါ အင်စတီကျုသည် တရုတ်ထိပ်တန်းခေါင်းဆောင်များကို တိုက်ရိုက် အစီရင်ခံရပြီး ထိုဌာနတွင်  တကယ်တော့ ပါရမီရှိသူ မရှားပါးပေမယ့် ၁၄ နှစ်အရွယ်မှာ ဝမ်ယာလိုအောင်မြင်မှုရသူ မျိုးကို တွေ့ဖို့ခဲယဉ်းလှသည်။

HW ၏ လုပ်ဆောင်ချက်က အရမ်းများပြီး သူ့ရဲ့   အရေးပါမှုကို လူအတော်များများက သိနေကြသည်။

ထို့ကြောင့် ဝမ်ယာသည် ဝမ်မိသားစု၏မင်းသားလေးဖြစ်သည်ကို သူတို့မသိခဲ့သော်လည်း HW ဖြစ်နေခြင်းကပင် လူတိုင်း၏ လေးစားမှုကိုရရှိစေရန် လုံလောက်နေလေသည်။

ဝမ်ယာ လက်ထပ်ပြီးကြောင်း တမနက်ခင်းလုံး လူတိုင်းဆွေးနွေးနေကြပြီး သူ့အမျိုးသမီးက ဘယ်သူများဖြစ်မလဲဆိုတာ သိချင်နေကြသည်။   

ဝမ်ယာက သူတို့ပြောဆိုနေကြစဉ် တိတ်ဆိတ်နေပြီး ပြုံးရုံပြုံးကာ စကား  အများကြီးမပြောခဲ့ပေ။ မွန်းတည့်အချိန်လောက်မှာ ဟော်ယွမ်တုန်းဆီမှ  ရုတ်တရက် ဖုန်းခေါ်တာခံလိုက်ရပြီး အပြင်ကိုထွက်လာခိုင်းသည်။

သူတို့၏သုတေသနဌာနသည် အလုပ်မဝင်ခင် အချက်လက်ကို လျှို့ဝှက်ထားပါမည်ဆိုသည့် အလုပ် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ လုပ်ငန်းခွင်အကြောင်းအရာများကို အပြင်သို့ထုတ်ပြောလို့မရပေမယ့် အခြား သုတေသန ဌာန လုပ်ငန်းခွင်နဲ့ မတူပဲ ဝန်ထမ်းများ နားချိန်မှာ အပြင်ကို ထွက်ခွင့်တော့ရှိသည်။  

ဝမ်ယာ တံခါးအပြင်ဘက်ကို ထွက်လာစဉ် ဟော်အိမ်မှ အိမ်တော်ထိန်းက သူ့ကို နေ့လည်စာ လာပို့ပေးခဲ့သဖြင့် ဝမ်ယာ တိတ်တိတ်လေး အံ့သြသွားခဲ့သည်။

 အိမ်တော်ထိန်းက ရယ်မောက ဟေ်ာယွမ်တုန်း ပြောခဲ့သည်ကို ပြန်ပြောလိုက်သည်။

"သခင်လေးက အကိုလေး အလုပ်မှာ နေ့လည်စာ မကျွေးဘူးလို့ပြောခဲ့တယ် "
 

သူက လွန်ခဲ့သော တစ်လလုံးလုံး ကော်ဖီဆိုင်မှာပဲ နေ့လည်စာကို ဖြစ်သလို စားခဲ့သောကြောင့် သူ့အတွက် တကူးတက လုပ်ပေးသည်ကို မငြင်းဆန်နိုင်တော့ပေ။   

ဝမ်ယာက အစားအစာသေတ္တာဘူးလေးကို ယူပြီးခဏစဉ်းစားလိုက်ပြီး ပြောလိုက်သည်။

"အိမ်တော်ထိန်းကြီးကို နည်းနည်း အနှောက်ယှက်ပေးပါရစေ"

မိနစ်အနည်းငယ်အကြာတွင် အိမ်တော်ထိန်းကြီးက နောက်တစ်ဖန်ပေါ် လာပြီး ချိုချဉ်ထည့်ထားသော အိတ်နှစ်လုံးကို သူ့လက်ထဲ လာထည့်ပေး ခဲ့သည်။

ဝမ်ယာ ရုံးသို့ပြန်လာပြီးနောက် ရုံးက ဝန်ထမ်းတိုင်းကို သကြားလုံးများ အားလုံး လူတိုင်းကို ဝေပေးလိုက်သည်။

လက်ထောက် ရှောင်ယာ့ ကပြုံးပြီးပြောလိုက်သည်။

"ကျွန်မ နေ့လည် စားဖို့ သွားတော့ ဆရာရဲ့အိမ်က ကားကိုတွေ့လိုက်ရ တယ်။ အရမ်းစတိုင်ကျတာပဲ။ "

ဝမ်ယာက ဘာကားအမျိုးစားလဲ ဆိုတာကို ဂရုမစိုက်ပေမယ့် ဟော်မိသားစု ရဲ့အခြေအနေအရ ကားက သေချာပေါက် အခြေနေ ိုဆိုးမှာမဟုတ်ပေ။ သူက ရယ်ပြီးငြင်းလိုက်သည်။

ရှောင်ယာ့ က နူတ်ခမ်းလေးစူကာ ဆက်ပြောလိုက်သည်။

" ဆရာဝမ်ရဲ့မိသားစုက တကယ်ချမ်းသာကြွယ်ဝတာပဲ"  

ဝမ်ယာက စကားစဖြတ်လိုက်သည်။

 "သွားပြီး သကြားလုံးစားလိုက်ဦး"  

အလုပ်ပြီးနောက် ဝမ်ယာသည် သူ၏ပစ္စည်းများကိုထုပ်ပိုးပြီး လုပ်ဖော် ကိုင်ဖက်များနှင့် အတူထွက်သွားသည်။

တံခါးဝသို့ရောက်သောအခါတစ်စုံတစ်ယောက်က သူ့ကို " ရှောင်ယာ!" ဟုခေါ်လိုက်သည်ကို သူကြားလိုက်ရသည်။

ဝမ်ယာက အံ့အားသင့်သွားသည်။ ဟော်ယွမ်တုန်းက သူ့ကို လှမ်းခေါ်လိုက်သံဆိုတာ သေချာသည်။  

သေချာတာပေါ့၊ အသံလာရာကို လိုက်ကြည့်လိုက်တော့  ဟော်ယွမ်တုန်း ဟာ အဖြူရောင်ပြိုင်ကားတစ်စီးရှေ့မှာ ရပ်နေသည်ကို သူမြင်လိုက် ရသည်။ သူက ပေါ့ပေါ့ပါးပါး အ ၀ တ်အစားကို ဝတ်ထားပြီး ရှည်သွယ်သော အရပ်မြင့်ကြီးကထင်းနေပြီး ဆည်းဆာနေခြည် အောက်တွင်  ဟော်ယွမ်တုန်းက ဘယ်လောက်တောင် ချောမောခန့်ညား လိုက်သလဲဆိုတာ ဝမ်ယာ မပြောတတ်တော့ပေ။

 သူ့ကိုတွေ့လိုက်ရစဉ် ဝမ်ယာ၏ အနောက်ပိုင်းက နာကျင်လာသလို ခံစားလိုက်ရသည်။ ညက  ဟော်ယွမ်တုန်း သူ့ကို ဘယ်လောက်ကြာ အောင် ချစ်တင်းနှောခဲ့တယ်ဆိုတာကို သူ မမေ့နိုင်ပေ။

 ရှောင်ယာ့က သူ့ကိုတီးတိုးမေးလိုက်သည်။

  "ဆရာ.....အဲ့လူက ဆရာဝမ်ရဲ့အစ်ကိုလား"  

ဝမ်ယာ ပြန်ဖြေမလို့လုပ်စဉ်  ဟော်ယွမ်တုန်းက သူ့ဆီကို လျှောက်လာပြီး သူ့လက်ကို ဆုပ်ကိုင်ကာ မေးလိုက်သည်။

 "မင်း အလုပ်ပြီးပြီလား"

 ဟော်ယွမ်တုန်း၏လက်၌ တူညီသော လက်စွပ်ကို ဝတ်ဆင်ထားတာကို မြင်လိုက်ရစဉ် လူတိုင်း သဘောပေါက်သွားပြီး အံ့အားသင့်သွားကြသည်။

 ရှောင်ယာ့က  ချက်ချင်းနူတ်ဆက်လိုက်သည်။

 "ဆရာရဲ့ခင်ပွန်းလားမသိဘူး။  မင်္ဂလာပါဆရာ!"

 ဟော်ယွမ်တုန်း က "မင်္ဂလာပါ" ဟု ပြန်နူတ်ဆက်လိုက်သည်။

သူက အရမ်းကြည့်ကောင်းပြီး နွေဦး ရာသီမှာပွင့်တဲ့ပန်းတွေနဲ့တူသည်ဟု စောင့်ကြည့်နေသော ဝန်ထမ်းအားလုံးက တွေးနေကြသည်။

 ဟော်ယွမ်တုန်းက  သူ၏နှုတ်ခမ်းထောင့်က အနည်းငယ် ကာ့တက်သွား အောင်ပြုံးပြီး ပြောလိုက်သည်။

" ကိုယ်တို့က ခပ်လောလော မင်္ဂလာဆောင်လိုက်ရတော့ မင်းတို့ကို မဖိတ်လိုက်ရဘူး။ နောက်တခေါက်ကျရင် အလုပ်က လူတွေကို ဖိတ်ပြီး ညစာကျွေးရဦးမယ် "

ရှောင်ယာ့ကပြုံးပြီး ယဉ်ကျေးစွာပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ် .... ဆရာ၊"

 ဟော်ယွမ်တုန်းက ခပ်မြူးမြူးပြုံးကာ ပြောလိုက်သည်။

 "နောက်ပိုင်း ရှောင်ယာကိုကြည့်ရှုစောင့်ရှောက်ဖို့ မင်းကိုပဲ ဒုက္ခပေး ရတော့ မယ်"

သူက ဝမ်ယာကို လူ့အဖွဲ့အစည်းထဲကို အခုမှ စ၀ င်လာတဲ့ ကလေး တစ်ယောက် လို ဆက်ဆံနေသည်။ သူက ဝမ်ယာကို အခြားလူများ ဝိုင်း အနိုင်ကျင့်လိမ့်မည်ကို  ကြောက်နေသည်။

ဝမ်ယာက ထူးဆန်းတဲ့ခံစားချက်ကို ခံစားခဲ့ရသည်။ သူက သူ့ကိုနေ့လည်စာ လာပို့ပေးစေခဲ့ပြီး ညနေ အလုပ်ကို လာကြိုပေးခဲ့သည်။ ပြီးတော့ အလုပ်က လူတွေကို ညစာဖိတ်ကျွေးဦးမည်။

 ဟော်ယွမ်တုန်းက ဘာကို စိုးရိမ်ကြောင့်ကြနေတာလဲ။

 ဟော်ယွမ်တုန်းက သူ့ကိုစိုးရိမ် တာလား။
===============
သူတို့နှစ်ယောက်က ဖိုးဖိုးဟော်နှင့်အတူ ညစာစားရန်ဆေးရုံသို့ ကားဖြင့် လာခဲ့ကြသည်။ ပြီးတော့ အိမ်ကို မပြန်ခင် ဝမ်ယာက သူ့အစ်ကိုဆီ သွားလည်ခဲ့သည်။ ပြီးနောက် သူတို့နှစ် ဦး အတူတူ အိမ်ပြန်ခဲ့ကြသည်။

အိမ်အပြန် လမ်းတစ်လျှောက်လုံး ဝမ်ယာသည်  ဟော်ယွမ်တုန်း၏ ယနေ့လှုပ်ရှားမှုကို စဉ်းစားနေသည်။ ဝမ်ယာက  ဟော်ယွမ်တုန်း နှင့်ပတ်သတ်ပြီး  ထူးဆန်းတဲ့ခံစားချက်ကိုအမြဲခံစားနေခဲ့ရသည်။

ဘာကြောင့်လဲဆိုတာ သူ မသိပေ။ ဒါပေမယ့်  ဒီလူက သူ့ကို ခုလို ဂရုစိုက်လိမ့်မယ်လို့ သူ မယုံံကြည်နိုင်ဖြစ်နေသည်။

သို့သော်မကြာမီ ဝမ်ယာ စဉ်းစားနေတာကို လက်လျှော့လိုက်သည်။  ဟော်ယွမ်တုန်းရဲ့စိတ်က ခန့်မှန်းရ ခက်ခဲသည်။  ဟော်ယွမ်တုန်း  သူ့ကို ထိခိုက်အောင် မလုပ်ဘူးဆိုရင် သူ့အတွက် လုံလောက်ပါပြီလေ။

ညနေခင်းတွင်  ဟော်ယွမ်တုန်းသည်ပြီးခဲ့သည့်ညက ကဲ့သို့ သူ့အပေါ် ဆိုးဝါးစွာ ဆက်ဆံခြင်း မပြုပဲ အနောက်ပိုင်းက ဒဏ်ရာကို ဆေးလိမ်းပေးကာ လက်ကိုကိုင်ပြီး ဒီအတိုင်း အေးချမ်းစွာ အိပ်ပျော်သွားခဲ့သည်။

 ဝမ်ယာ အလုပ်တက်ပြီးလို့ ဒုတိယနေ့တွင်  ရှောင်ယာ့က သူ့ကို တိတ်တိတ်လေး လာပြောခဲ့သည် -

" ဆရာ့ရဲ့ခင်ပွန်းက အရမ်းချောတယ်လို့ လူတိုင်း  ထင်နေကြတယ်။  ဆရာက သူ့ကို သဘောကျမှာ သေချာတယ်။"

ဝမ်ယာက ရယ်မောရုံသာ ရယ်မောနေခဲ့သည်။

 ဟော်ယွမ်တုန်းနဲ့သတ်ပတ်ပြီး ဝမ်ယာ ဘာမှမခံစားရပေ။ ဒါက မိသားစု နှစ်စု၏ အကြီးကဲတွေ စီစဉ်ပေးသော အိမ်ထောင်ရေးသက်သက်  

ထို့အပြင်  ဟော်ယွမ်တုန်း၏ အပြင်ပိုင်း ရုပ်ဆင်းသွင်ပြင်နှင့် သူ့ရဲ့ တကယ့် ပုံစံက တကယ့်ကို ကွာခြားလှသည်။ အပြင်လူများအတွက် သူ့ရဲ့ အဆင့်တန်းမြင့်ကာ တောင့်တင်းလှသော နောက်ခံ အသိုင်းအဝိုင်း၊ ခန့်ညားသောရုပ်သွင်ကြောင့် ဘယ်သူမဆို သူ့ကို လက်ထပ်ချင်ကြမှာ သေချာသည်။  

တခါတရံ ဝမ်ယာ အိပ်ယာထဲ နှီးနှောသည့် ကိစ္စနှင့် ပတ်သက်၍  သူ့ကို အတတ်နိုင်ဆုံး ရှောင်ရှားချင်သည်။

သေချာတာပေါ့။ ဒါက သူနဲ့  ဟော်ယွမ်တုန်း ရဲ့ အတွင်းရေးတွေဖြစ်လို့ အခြားလူတွေက ဒီအကြောင်းကို သိဖို့မလိုအပ်ပေ။ ဒါကြောင့် သူများတွေ  ဟော်ယွမ်တုန်း အကြောင်းကို လာပြောရင် သူက ပြုံးပြီးနားထောင်ပေးနေလိုက်သည်။

ရက်အနည်းငယ်အကြာတွင်  နေ့လည်ခင်း၌ ဟော်အိမ်တော်ထိန်းသည် သူ၏နေ့လယ်စာကို လာပို့ရင်း ညနေ  ဟော်ယွမ်တုန်းက သူ့ကို အချိန်မှီ လာကြိုမည်ကို ပြောခဲ့သည်။
 
လူတိုင်းက ဝမ်ယာဆီမှာ ဒီလိုခင်ပွန်းကောင်းတစ်ယောက်ရှိတာကို အရမ်းသဘောကျနေကြသည်။ ဝမ်ယာပြုံးနေပြီး အများကြီး ပြန်မပြောလိုက်ပေ။

 မကြာခင် အဖိုးဟော်၏ ခွဲစိတ်ခန်းဝင်မည့်နေ့ကိုရောက်လာခဲ့သည်။  

ဝမ်ယာက ခွင့်ယူပြီး ဆေးရုံခွဲခန်းအပြင်ဘက်တွင်  ဟော်ယွမ်တုန်း နှင့် အတူတူစောင့်နေခဲ့သည်။   ဖိုးဖိုးဟော်ပင် အသက်ကြီးနေတာကို လျစ်လျူရှုကာ အတူလာစောင့်ပေးနေခဲ့သည်။

နောက်ဆုံးတော့ အဘိုးဟော် ခွဲခန်းထဲက ထွက်လာတဲ့အချိန်ထိ သူတို့အားလုံးက  ခွဲစိတ်ခန်းအပြင်ဘက်မှာ ၁၀ နာရီကျော် ကြာအောင် စောင့်နေခဲ့သည်။ ဆရာဝန်က ။ ခွဲစိတ်ကုသမှုအောင်မြင်သည်ဟု ပြောလိုက်သောအခါ လူတိုင်းစိတ်သက်သာရာရသွားခဲ့ကြသည်။

ဆိုလိုတဲ့သဘောက ဖိုးဖိုးဟော်က နှစ်အနည်းငယ် ထပ်ပြီး အသက်ရှင်နိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဖိုးဖိုးဟော်ကိုစောင့်ရှောက်ရန် ဝမ်ယာက ရက်ရှည် ခွင့်ယူရန် လျှောက်လွှာတင်ခဲ့သည်။  အထက်လူကြီးများလည်း ရှောရှောရှုရှု  သဘောတူညီခဲ့သည်။ တကယ်တော့ ဝမ်ယာရဲ့အောင်မြင်မှုတွေနဲ့ လုပ်နိုင်စွမ်းအရ သူက အိမ်ကနေပြီး အလုပ်လုပ်ရတာတောင်မှ သုတေသနဌာနအတွက် အဆင်ပြေပါသည်။ ဟိုးအရင် သူ နိုင်ငံခြားမှာ ရှိနေတဲ့ အဲဒီနှစ်တွေမှာဆိုလျှင် သုတေသနကို  အီးမေးလ်တွေပို့ပြီးသာ အလုပ်လုပ်ကိုင်ခဲ့တာဖြစ်သည်။  အိမ်ပြန်ပြီးမှသာ ဝမ်ယာက ပုံမှန်အလုပ်လုပ်ရန် တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဝမ်ယာသည်ပြန်လည်ကျန်းမာလာဖို့အတွက် ဖိုးဖိုးဟော်နှင့်အတူ လိုက်ပါ လုပ်ဆောင်ပေးခဲ့သည်။  ဟော်ယွမ်တုန်း ၏အလုပ်မှာ အလွန်များပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။ ပုံမှန်အလုပ်များနေစဉ်အတွင်း သူ့ကို လပေါင်းများစွာ မတွေ့ရကြောင်းကို ဝမ်ယာကြားခဲ့ရသည်။ ဒါပေမယ့် ဒီတစ်ကြိမ်မှာတော့  ဟော်ယွမ်တုန်းက ဆေးရုံကို ပုံမှန်ရောက်လာလေ့ ရှိသည်။

 တစ်လခန့်အကြာတွင်  အဘိုးဟော်၏ကိုယ်ခန္ဓာဖြည်းဖြည်းချင်း ပြန်လည် ကျန်းမာလာပြီးနောက် အိမ်တွင်အနားယူလာနိုင်ခဲ့သည်။

အဘိုးဟော် ဆေးရုံမှဆင်းလာသည့်နေ့တွင် ဝမ်ယာသည်  သူ၏အစ်ကိုကြီးကို ချစ်သော ချူးဝမ့်ချုံ နှင့်တွေ့ဆုံခဲ့သည်။

ချူးဝမ့်ချုံသည် ပုံထဲကထက် ကျန်းမာရေးဆိုးဝါးနေပုံရကာ မျက်နှာက ဖျော့တော့နေပြီး မကြာခဏ ချောင်းဆိုးနေသေးသည်။ သူက အကိုကြီး၏လက်ကိုဆုပ်ကိုင်ကာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
 

ဘာကြောင့်မှန်းမသိပေမယ့် ဒီလူက ခွန်အားရှိပြီး တဖက်သားကို   တည်ငြိမ်အေးချမ်းအောင် လုပ်နိုင်တယ်လို့ ဝမ်ယာ ခံစားခဲ့ရသည်။

ပြီးတော့ သူ့အစ်ကိုကြီးက သတိလစ်နေသော်လည်း သူတို့နှစ်ယောက်က အတူတူရှိနေသည်ဟု ထိုလူက ထင်နေပုံရသည်။

 ဝမ်ယာက ချူးဝမ့်ချုံနှင့် အကိုကြီးတို့ကို အနှောက်ယှက် မပေးဝံ့ သဖြင့် အခန်းဝနားတွင် ရပ်နေသော ဦးလေးဝမ်နှင့်သာ တီးတိုးစကားပြောနေ လိုက်သည်။

 ဤတစ်ကြိမ်တွင် ဦး လေးဝမ်လည်း သူ  အရာအားလုံးကို ဂရုစိုက် လုပ်ဆောင်ပြီးကြောင်း၊  ဝမ်မိသားစုအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ ပြီးကြောင်း ပြောပြခဲ့သည်။ ပြီးတော့ ချူးဝမ့်ချုံက တရုတ်ပြည်မှာ အကြာကြီးနေဖြစ်မယ်ဆိုတာ ပြောပြခဲ့သည်။

 ဝမ်ယာက သူ့အစ်ကိုကြီးအတွက် ဝမ်းသာနေခဲ့ပေမယ့်  ဟော်ယွမ်တုန်း အကြောင်း သတိရလိုက်သောအခါ အကိုကြီးချူး ဒီနေရာကိုရောက်နေတာ သူ သိရဲ့လားလို့ တွေးလိုက်မိသည်။

====================

ဖော်ကွာဝေးသည့် ချစ်သူ /ေဖာ္ကြာေဝးသည့္ ခ်စ္သူOù les histoires vivent. Découvrez maintenant