Ep-2

5.6K 383 2
                                    

My Love For You ep-2

Baek: Ya oh sehun!

Hun: Wae?

Baek: နင် ဟိုကျောင်းသူသစ်ကိုပြောတဲ့လေသံနဲ့ အခုလေသံနဲ့ ကွာပါ့ ပျားရည်နဲ့ကြက်ဟင်းခါးသီး ကျနေတာပဲ။ ငါ့ကိုကျတော့ hun လို့ခေါ်ခွင့်မပေးဘူး။ အခုချိန်ထိတွဲလာတာ ၁ လပြည့်တော့မယ်။ငါ့လက်တောင် နင်ကိုင်ဖူးလို့လား။Bubble Tea တောင်ဝယ်တိုက်လိုက်သေးတယ်။ ဟိုကျောင်းသူသစ်ကိုကျတော့ စကားတွေအများကြီးပြောပြီးတော့ နင်ဘယ်တုန်းကများ ငါ့ကိုအဲ့လို ဆက်ဆံပေးဖူးလို့လဲ။

Hun: အဲ့ဒီတော့ ဘာဖြစ်လဲ။

Baek: ဘာဖြစ်ချင်လဲဟုတ်လား။ ဒီမှာ Oh Sehun နင်ငါ့ကိုတကယ်ရော ချစ်ခဲ့ရဲ့လား။

Hun: မချစ်ခဲ့ဘူး ပြီးတော့နင်မေးတုန်းတစ်ခါတည်းပဲပြောလိုက်မယ် ငါတို့လမ်းခွဲကြရအောင။်

Baek:ဘာ နင်ဘာပြောလိုက်တယ်

Hun: လမ်းခွဲမယ်လို့

Baek: Wae? ဘာအကြောင်းကြောင့်လဲ။ ဟိုမိန်းမLuhan ဆိုတဲ့ ဟာမကြောင့်လား။

Hun: ဒီမှာ Byun Baekhyun!! မင်း Luhan ကိုဟိုမိန်းမတို့ ဟိုဟာမတို့ခေါ်စရာအကြောင်းမရှိဘူး။ ပြီးတော့ ငါမဟုတ်လည်း မင်းကိုကြိုက်တဲ့သူတွေအများကြီးပဲ။ဥပမာ Park Chanyeol ပေါ့။မင်းသိထားဖို့က ငါ 2nd king ကိုမရှုံးချင်လို့ မင်းနဲ့တွဲခဲ့တာ။ မင်းသိလား Luhan ဆိုတဲ့ကောင်မလေးက ငါ့အချစ်စစ်ကိုနိဒါန်းပြု အစပျိုးခဲ့သူ။ ငါရဲ့ဗလာဖြစ်နေတဲ့နှလုံးသားကိုသူ့အချစ်တွေဖြည့်ပေးမယ့်သူလို့ ငါယုံကြည်တယ်။ ငါသိတာက ငါLuhanကိုချစ်နေပြီ။ မင်းကိုတော့တောင်းပန်ပါတယ်။

Baek: နင်က ဒီနေ့မှတွေ့လိုက်ရတဲ့မိန်းမတစ်ယောက်အတွက်နဲ့ ငါ့ကိုလမ်းခွဲစကားပြောတာလား။ ငါလမ်းခွဲပေးရင်နင်ကျေနပ်မလား။ ပျော်နိုင်မလား။

Hun:: Imm!

Baek: ပြီးရောလေ နင်စိတ်ချမ်းသာရင်ပြီးတာပဲ။ ဒါပေမဲ့ ဟိုမိန်းမတော့သက်သာမယ်မထင်နဲ့။

Hun: မင်းသူ့ကိုထိစရာအကြောင်းမရှိဘူး ထိလို့ကတော့ ငါ့ကိုအဆိုးမဆိုနဲ့။ ငါသွားပြီ

Baek သူ့ကိုကျောခိုင်းပြီးထားသွားတဲ့ sehun ကျောပြင်ကိုကြည့်ုပြီးငိုနေခဲ့တယ်။

My Love For YouWhere stories live. Discover now