အိမ်ရောက်ပြီးနောက် ရေတစ်ခွက်ကိုမော့သောက်လိုက်ရင်း
အခန်းထဲသာဝင်ခဲ့လိုက်သည်..။
ဒီနေရာလေးက သူနဲ့အကို့ရဲ့ ပထမဆုံးတွေ့ခဲ့တဲ့နေရာလေး..
အမှန်ဆို ဒီနေရာက မိဘတွေပိုင်သည့်အိမ်လေးတစ်လုံး..
နွေရာသီနဲ့ဆောင်းဦးရာသီဆို ဂျောင်ဂုအမြဲလာနေတတ်သည်.. အကိုနဲ့တွေ့ရသည်မို့လေ..//Flash Back//
"ဂျောင်ဂု အဝေးကြီးလျှောက်မသွားနဲ့နော် သားငယ်''
"ဟုတ် မေမေ''
ထိုနေ့က အိမ်လေးဆောက်နေတဲ့နေ့..အိမ်ကိုကြည့်နေရတာ ပင်ပန်းသည်မို့ သူတောထဲကိုဝင်လာခဲ့သည်..
တောထဲစစဝင်ချင်းကြောက်စရာကောင်းပြီး ချော်လဲခဲ့သည်..သူမကြောက်ပါ..သူလျှောက်သွားရင်း စမ်းချောင်းငယ်လေးတွေ့တော့ သူ့လက်က အညစ်ကြေးတွေ သန့်စင်ရန် သူသွားခဲ့သည်...
လက်ဆေးနေရင်းနဲ့ ချောင်းရဲ့ တစ်ဖက်တစ်ချက်မှာတွေ့ရတဲ့ အရိပ်လေးတစ်ခု..ပါလေရာ ဂျောင်ကွတ်ကီးဆိုတဲ့ နာမည်ပြောင်လေးအတိုင်း သူချောင်းထဲဆင်းသွားခဲ့သည်..
အနားနီးလာလေ ထင်ရှားလာလေဖြစ်တဲ့ ထိုအရိပ်လေး..
အတောင်ပံလေးနှစ်ဖက်နဲ့ ကျောက်တုံးကိုမှီကာ အိပ်မောကျနေသည်..ပါးဖောင်းလေးအား တို့ထိတော့ မျက်ခွံတွေပွင့်လာပြီး ကောင်းကင်ပေါ်ပျံတက်သွားလေရဲ့..
"ပြန်လာခဲ့ပါ ကျနော်စကားပြောချင်လို့''
အော်ဟစ်လိုက်တဲ့ သူ့အသံကိုကြားကာ ဆင်းလာသည့် နတ်သားလေး..
"ဒီမှာ မင်းငါ့ကိုတွေ့ခဲ့တာကို ဘယ်သူ့ကိုမှပြန်မပြောနဲ့ ''
*ဖျောက်*
သူလက်ဖျောက်တစ်ချက်တီးသည်
"ဟိးဟီး ကျနော်မပြောပါဘူး''
"မဖြစ်နိုင်တာ မင်းငါနဲ့ပတ်သတ်ပြီးမေ့သွားရမှာလေ
ငါ့အကြောင်းမေ့အောင် ငါ့အစွမ်းတွေထုတ်သုံးခဲ့တာပဲဟာကို''နှုတ်ခမ်းကလဲ တထော်ထော်နဲ့ သူ့လက်ဖဝါးလေးနှစ်ဖက်ကိုထောင်ပြကာပြောနေလို့ ထိုကောင်လေးကို ဂျောင်ဂု အသည်းတယားယားပင်..။
YOU ARE READING
Fall In Love With Demon
Kurgu Olmayanwritten with both Zawgyi and Unicode own creation by KV_LOVES