_3_

166 27 9
                                    

##ZAWGYI##

ကျနော်တို့နှစ်ယောက်ရဲ့အတိတ်လေးတွေသိပ်ပြီးလှပခဲ့တယ်လေ..။

"မေမေ သားထမင်းစားမယ်''

"အေး မေမေပြင်ပေးထားမယ်''

ဂျောင်ဂုလဲ ဗိုက်ဆာလာတာမို့ သူ့အမေရဲ့ထမင်းဝိုင်းဆီ သွားပြီး စားလိုက်သည်..။တစ်ဆက်ထဲမှာပင် အကို့ကိုသတိရပြီး အကိုတစ်နေ့လုံးဘာမှမစားရသေးတာကိုပါ တွေးမိပြန်သည်...။

"မေမေ သားအပြင်ခဏထွက်မလို့ ထမင်းများများထည့်ပေးပါ ဟင်းရောပဲ''

"တောထဲဝင်စားဦးမလို့လား ခြင်ကိုက်ပါဘိသနဲ့ကွယ်''

"ရတယ် မေမေ''

ထမင်းပန်းကန်ကိုယူလာခဲ့ပြီး တောထဲဝင်လာခဲ့တယ်..။
စောနလေးတင်တွေ့ပြီးတာကို လွမ်းနေမိတဲ့ ကျနော့်ကို ကျနော် ရီမိသည်..။ မင်းအချစ်နွံထဲလုံးဝနစ်သွားပြီပဲ.

"အကို''

ဂူပေါက်ရှေ့ကနေ အော်ခေါ်တော့ အမြီးလေးတစ်ချောင်းထွက်လာသည်..။ နောက်မှလူရောက်လာသည်..။

"အကို ထမင်းစားရအောင်''

"ဟင် ညဘက်ကြိး မင်းအမေလိုက်ရှာနေမယ်''

"ဒီထဲမှာပဲစားရအောင်လေ''

"ဂျွန်း ငါကလူမဟုတ်တာ သူသိသွားလိမ့်မယ်''

"စားပြီးပြန်မှာပါ''

အကို့ဘေးနားဝင်ထိုင်လိုက်ပြီး ထမင်းတစ်ဇွန်းအား ပါးစပ်ထဲခွံ့တော့ တမြုံ့မြုံ့နဲ့ဝါးနေလေသည်

"အသဲယားအောင်မလုပ်နဲ့နော် ကျနော်စိတ်ခိုင်တာမဟုတ်ဘူး''

"မင်းစိတ်မခိုင်အောင် ငါကလုပ်နေလို့လား အရူးရဲ့''

"အင်း ဟုတ်တာပေါ့ ဒီပါးလေးတွေ ဒီမျက်လုံးလေးတွေ ဒီနှုတ်ခမ်း ဒီနှာခေါင်းပေါ်က မှဲ့နက်လေးကတောင် ကျနော့်ကိုစိတ်မခိုင်အောင်လုပ်နိုင်တယ် အကို''

"ဟာ မင်းပြန်တော့ကွာ ဘာတွေလာပြောနေတာလဲ ငါထမင်းနင်တယ် ရေယူပေး''

ဂျောင်ဂုက အသင့်ပါလာတဲ့ ရေဘူးကိုထုတ်ပေးရင်း တိုက်တော့ ဂလုဂလု မြည်အောင်အထိသောက်သုံးသည်.။
ရေမျိုချတိုင်း လှုပ်ရှားသွားတဲ့လည်စေ့လေးကို မကြည့်ဖို့ လုပ်ပေမဲ့ စိတ်ကမရ..

Fall In Love With DemonWhere stories live. Discover now