"Hello...Taehyung"
"ဘာလဲကွာ...."
"မြန်မြန်လာ.....ရပ်ကွက်ထဲကအစွန်ဆုံးကုန်စုံဆိုင်ကို"
"ဘာဖြစ်တာလဲ"
"ဘာဖြစ်ရမှာလဲ။park shin heeတို့ငါတို့ကိုပြဿနာရှာဖို့စောင့်နေတယ်။သူတို့ကဓားတောင်ယူလာတယ်။"
"အေး...ငါလာပြီ။"
ဘယ်လောက်မှမကြာTaehyungရောက်လာပြီးအမှောင်ရိပ်မှာဆေးလိပ်သောက်နေတဲ့JKဆီသွားပြီး
"ဘယ်မှာလဲ..."
"အေးဆေးနေဦး။ငါဆေးလိပ်ပြီးအောင်သောက်လိုက်ဦးမယ်။ဒါနဲ့မင်းဒီရက်တေအတွင်းငါ့တောင်အဆက်အသွယ်မလုပ်ဘူး။"
"မဟုတ်ပါဘူးကွာ။ငါဒီနေ့တောင်မအားဘူး။Yoonieကိုကျောင်းသွားကြိုတာ။"
"Min yoongiလား။ကလေးကိုတော့မကစားပါနဲ့။သူသာမင်းကိုချစ်မိသွားရင်....သူကိုယ်သူသတ်သေမှာပဲ။"
"ငါတကယ်ကြိုက်တာကွ။မဟုတ်ဘူး.....ချစ်တယ်။အခုဒီပွဲပီးရင်ငါသူ့အိမ်သွားမှာသူ့အိမ်မှာဘယ်သူမှမရှိဘူး။"
"ငါသိတယ်။jinခရီးသွားတာ။"
"ဟုတ်တယ်။ငါသူ့ကိုတယောက်တည်းစိတ်မချဘူး။"
"Taehyung.....ဟိုမှာYoongi"
"ဟုတ်တယ်လေ....သူလဲဒီရပ်ကွက်ထဲနေတာ။"
"မဟုတ်ဘူး...park shin hee တို့နှောင့်ယှက်နေလို့....ဘယ်ရောက်သွားတာလဲ။"
Taeကတော့Park shin heeဆီတည့်တည့်သွားကာ...
"ဟေ့ကောင်.....ပွဲစရအောင်။မင်းစောင့်နေတာကြာပြီမလား။မဆိုင်တဲ့သူကိုဖယ်လိုက်။"
Jkကထွက်လာပီးyoonieကိုသူ့ဆီခေါ်ထားသည်။ပါးစပ်မှလဲ
"Yoonie.....ဒီမှာပဲနေ။ဘယ်မှမသွားနဲ့ကြောက်ရင်မကြည့်နဲ့ဟိုဘက်လှည့်နေ။"
Taehyungရဲ့မြန်ဆန်လှတဲ့ထိုးနှပ်ချက်ကြောင့်တခဏအတွင်း4ယောက်5ယောက်လောအလွယ်တကူမှောက်သွားသည်။Jkကလည်းခေသူမဟုတ်။JKရဲ့ပြင်းထန်တဲ့ကန်ချက်ကြောင့်အလဲလဲအကွဲကွဲ။Taehyungသိလိုက်သည်ကPark shin hee ရဲ့ဓားကသူ့ဗိုက်ကိုရှပ်ထိသွားတယ်ဆိုတာပဲ။park shin heeလည်းပြေးထွက်သွားပြီးတချိုးတည်းလစ်သွားတယ်။JKကTaehyungရဲ့အခြေအနေကိုကြည့်ရန်အကျီကိုလှန်မလိုက်သည်။မြင်ရသည့်မြင်ကွင်းကမယုံနိုင်စရာ။