"ကိုကို......အီးဟီးမြန်မြန်ထလာတော့လေ။"
ဆေးရုံမှာအော်ငိုနေတဲ့Yoongiကြောင့်Namjoonနှစ်သိမ့်ရုံသာတတ်နိုင်သည်။သူလည်းသူ့ညီဖြစ်တာကြောင့်ခံစားရပါသည်။သိပ်ချစ်ရသည့်ညီမဟုတ်လား။
"ဟိုလူနာရှင်တို့...ခဏလောက်"
Jinလည်းဆရာဝန်ခေါ်တာကြောင့်Namjoonကိုပါခေါ်သွားလိုက်သည်။အခန်းပြင်ရောက်မှဆရာဝန်က
"လူနာက...Komaဝင်သွားတယ်။"
"ဗျာ......"
Namjoonတစ်ခွန်းသာပြောနိုင်ပြီးကြမ်းပြင်ပေါ်ဖင်ထိုင်လျက်ထိုင်ချလိုက်ကာ
"Jinရာကိုယ်သူ့ကိုရန်များလို့ရန်မဖြစ်အောင်တားနေလျက်နဲ့ကွာ....ကိုယ်...တာဝန...မကျေ...ဘူးလို့ခံ....စားးးရတယ်။"
ပြောရင်းငိုနေတဲ့Namjoonကြောင့်Jinစိတ်မကောင်းပိုဖြစ်ရပါသည်။Namjoonရဲ့မျက်ရည်အချို့ကိုသုတ်ပေးရင်းး
"Joon....Taeနေပြန်ကောင်းလာမှာပါ။သူကတော်တဲ့သူပါ။"
"ငါ....သူ့ကိုအဆုံးရှုံးမခံနိုင်ဘူးJin။ငါ့ညီကဆိုးပေမယ့်လူကောင်းဆိုတာ....ငါသိတယ်။သူမသေဘူးနော်....နော်သူမသေဘူး။သူမသေဘူး။"
ထပ်တလဲလဲပြောနေတဲ့namjoonကြောင့်Jinဆောင့်ကြောင့်ထိုင်နေရာမှခြေပစ်လက်ပစ်ထိုင်ချနေတဲ့namjoonကိုရင်ခွင်ထဲထည့်ကာNamjoonမမြင်အောင်သူလဲမျက်ရည်ကျနေမိသည်။
"Yoongiသတိလစ်သွားပြီ။လာပါဦး"
Jkအခန်းထဲကပြေးထွက်လာပြီးအော်ပြောလိုက်တဲ့အသံကြောင့်JinကောNamjoonကောဝင်လာလိုက်သည်။Jiminကတော့ဆရာဝန်သွားပြေးခေါ်လိုက်သည်။
"သူ့မှာကိုယ်ဝန်ရှိနေတယ်။စိတ်ဖိစီးတဲ့ဒဏ်နဲ့ကိုယ်ဝန်ကြောင့်သတိလစ်သွားတာ။"
"ဆရာ.....Taeရဲ့အခြေအနေ။"
Jkကြားဖြတ်ဝင်မေးလိုက်တာကြောင့်ဆရာဝန်က
"သေနတ်ကျည်ဆံကခွဲထုတ်ပြီးပြီ။နှလုံးကိုထိုးဖောက်မဝင်သွားတာကံအကောင်းဆုံးပဲ။နှလုံးလေးကိုကပ်လွဲသွားတာ။သွေးကြောအချို့ကြောင့် ကိုယ်တွင်းကအာရုံခံစားမှုအချို့ပျက်စီးသွားတယ်။အဲ့တာကြောင့်သတိပြန်မရနိုင်သေးတာ။Komaပေါ့"